ကမ္ဘာ့အသက်ငယ်ဆုံး ဘီလီယံနာသူဋ္ဌေးလေးများ ၅ယောက်အကြောင်း
Published on September 7, 2025 Reading time: 2 mins Tags: #Billionaires #Young Entrepreneurs #Success Stories
အချို့သောသူများကအင်မတန်ကံကောင်းပြီးအမွေဆက်ခံရရှိခဲ့တဲ့အတွက်ဘီလီယံနာမ ျားဖြစ်ခဲ့ကြသလိုအခ ျို့ ကလည်း တစ်ကယ်ကိုကြိုးစားပြီး အကြံဉာဏ်ကောင်းတွေကို အကောင်အထည်ဖော်နိုင်ခဲ့လို့ဘီလီယံနာဖြစ်ခဲ့ကြပါတယ်။ ဘာအကြောင်းကြောင်းကြောင့်နဲ့ ပဲဖြစ်ဖြစ် အသက်ငယ်ရွယ်သူတွေလည်း ဘီလီယံနာဖြစ်နိုင်တဲ့အကြောင်းကို မိတ်ဆွေတို့အားကျအတုယူစေနိုင်ရန် လူငယ် ဘီလီယံနာလေးများအကြောင်း ဗဟုသုတအနေနဲ့ဝေမျှလိုက်ရပါတယ်။
Alexandra Anderson and Katharina Anderson
နော်ဝေနိုင်ငံသူတွေဖြစ်တဲ့ Alesxandra နဲ့ Anderson တို့ညီအစ်မနှစ်ယောက်ဟာ ကမ္ဘာ့အသက်ငယ်ဆုံး ဘီလီယံနာတွေဖြစ်ကြပါတယ်။ Alesandra က (၂၁) နှစ်နဲ့ Katharina က (၂၂) နှစ်ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ ရင်းနှင်းမြုပ်နှံမှုကုမ္ပဏီ Fred ရဲ့ဝေစု 42% ကိုအမွေရရှိပြီးတဲ့နောက်မှာ သူတို့တစ်ဦးချင်းစီရဲ့ ချမ်းသာမှုက 1.2 billion စီရှိနေကြပါတယ်။
Gustav Magnar Witzoe
ကမ္ဘာ့အကြီးဆုံး ဆော်လမွန်ငါးမွေးမြူထုတ်လုပ်ရေးနဲ့ နော်ဝေနိုင်ငံရဲ့ ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Salmar ASA ရဲ့ဝေစု 47% ကိုပိုင်ဆိုင်ထားတဲ့ Gustav Magnar Witzoe ကတော့ အသက် (၂၃) နှစ်အရွယ်မှာ 1.7 billion ပိုင်ဆိုင်ထားပါတယ်။
John Collison and Patrick Collison
အိုင်းရစ်လူမျိုး စွန့်ဦးတီထွင်သူတွေဖြစ်တဲ့ John နဲ့ Patrick တို့ညီအစ်ကိုကို Stripe တည်ထောင်သူတွေအဖြစ် လူသိများကြပါတယ်။ Stripe ဆိုတာ အွန်လိုင်းပေါ်ကနေငွေပေးချေနိုင်ဖို့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုပါ။ John က (၂၇) နှစ်နဲ့ Patrick က (၂၈) နှစ်ဖြစ်ပြီးတော့ ကမ္ဘာ့အသက်ငယ်ဆုံး Sefl-made billionaires တွေဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ချမ်းသာမှုက တစ်ဦးချင်းစီကို 1.1 billion စီရှိကြပါတယ်။
Evan Spiegel American multinational technology
နဲ့ နာမည်ကျော်လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Snapchat တို့ရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်တဲ့ Evan Spiegel ဟာအသက် (၂၇) နှစ်သာရှိပါသေးတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုကတော့ 3.3 billion ရှိပါတယ်။
Ludwig Theodor Braun
ဒီဘီလီယံနာရဲ့ ထူးခြားတဲ့အချက်ကတော့ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာကြွယ်ဝသူ ဖြစ်သော်လည်း သူ၏ဓါတ်ပုံကို အွန်လိုင်းတွင် ရှာရန်ပင် အလွန်ခက်ခဲလှပါပေတယ်။ ကမ္ဘာ့အကြီးမားဆုံး ဂျာမနီဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ B.Braun Melsungen AG ကိုဦးဆောင်နေသူ Ludwig Theodor Braun ဟာ ကုမ္ပဏီဝေစု 10% ကိုပိုင်ဆိုင်ထားပြီး အသက် (၂၈) နှစ်အရွယ်မှာ 1.2 billion ပိုင်ဆိုင်ထားပါတယ်။
#YoungBillionaires #Inspirations
Source: forbes.com ဓါတ်ပုံမ ျားကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။