ဆောင်းရာသီမှာ ကျန်းမာစေဖို့ အလွယ်ဆုံးနည်းလမ်းများ
Published on September 22, 2025 Reading time: 4 mins Tags: #Skin Care #Winter #Health Tips
ဆောင်းရာသီမှာ အရေပြားတွေ ခြောက်သွေ့အက်ကွဲလွယ်သလို၊ နှုတ်ခမ်းသားကွဲခြောက်မှုတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါအပြင် လည်ချောင်းနာခြင်းကလည်း အဆစ်ပါလာနိုင်ပါသေးတယ်နော်။ အအေးမိခြင်း၊ ချောင်းဆိုးခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင် ဆောင်းရာသီမှာ ကျန်းမာစေဖို့ အလွယ်ဆုံးလိုက်နာသင့်တဲ့ နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်။ ၁) အရေပြားအစိုဓာတ်ထိန်း ခရမ်တွေလိမ်းပါ။ ၂) ရေများများသောက်ပေးပါ။ တစ်နေ့လျှင် ရေ ၈ - ၁၀ဖန်ခွက်ထိသောက်ပေးနိုင်ပါတယ်။ ၃) နှုတ်ခမ်းသားအစိုဓာတ်ထိန်းခရမ် (သို့) နှုတ်ခမ်းနီအဆီပုံစံမျိုးလိမ်းပေးပါ။ ၄) ရေနွေးနဲ့ရေချိုးခြင်းက အရေပြားခြောက်သွေ့စေနိုင်ပါတယ်။ ၅) အမွှေးနံ့မပါတဲ့ ရေချိုးဆပ်ပြာမျိုးသုံးပေးပါ။ ၆) နေရောင်ကာ ခရမ်လိမ်းပေးပါ။ ၇) ရေဓာတ်ပါဝင်တဲ့ အစားအစာတွေစားသုံးပေးပါ။ ၈) ဟင်းသီးဟင်းရွက်နဲ့အသီးအနှံမျှတအောင်စားပေးပါ။ ၉) ဗီတာမင်ဒီရရှိစေဖို့ နေပူဆာလှုံပေးပါ။ ၁၀) အာဟာရမျှတတဲ့ စွပ်ပြုတ်မျိုး သောက်ပေးပါ။