ဘာကြောင့် ရံဖန်ရံခါ စိတ်လွတ်ကိုယ်လွတ် ကသင့်လဲ။

Published on September 4, 2025 Reading time: 3 mins Tags: #Stress Relief #Health #Relaxation

တစ်ခါတစ်ရံမှာ စိတ်လွတ်ကိုယ်လွတ် ကခြင်းက သင့်အတွက် ကျန်းမာရေးအရ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။

၁) စိတ်ဖိစီးမှုပြေပျောက်စေခြင်း

စိတ်ထဲမှာ အမြဲတင်းကြပ်မှုတွေခံစားရတာများလာပြီဆိုရင်တော့ သေချာပါတယ် သင်စိတ်ဖိစီးနေပါပြီ။ စိတ်ဖိစီးမှုကို ပြေပျောက်စေဖို့ သင်စိတ်လွတ်ကိုယ်လွတ်ကကြည့်သင့်ပါတယ်။ သင့်စိတ်ထဲမှာ တင်းကြပ်သမျှ ပြေပျောက်စေနိုင်တာမို့ သင့်ရဲ့စိတ်ဖိစီးမှုတွေလည်း အဝေးဆုံးပြေးသွားပါလိမ့်မယ်။

၂) ပြန်လည်နုပျိုမှုကို ခံစားနိုင်ခြင်း

ကျွန်တော်တို့ရဲ့အသက်တွေက တစ်နေ့ထက်တစ်နေ့ အိုမင်းလာသလိုခံစားနေရတယ်ဆိုရင် စိတ်လွတ်ကိုယ်လွတ်တစ်ခါလောက်ကကြည့်လိုက်ပါ။ သင့်အသက်ပြန်ငယ်သွားရသလို ခံစားရပါလိမ့်မယ်။

၃) ကျန်းမာစေခြင်း

စိတ်ဖိစီးမှုကင်းသွားပြီဆိုမှတော့ သင်စိတ်ချမ်းသာနိုင်ပါပြီ။ စိတ်ကျန်းမာနေတဲ့နောက်တော့ ကိုယ်ကျန်းမာခြင်းနဲ့တိုက်ရိုက်ပတ်သက်နေတာပါပဲ။

၄) ပျော်ရွှင်စေခြင်း

စိတ်လွတ်ကိုယ်လွတ်ကလိုက်တဲ့နောက်တော့ သင့်အတွက် ရယ်မောပျော်ရွှင်မိမှာ အမှန်ပါပဲနော်။

၅) မှတ်ဉာဏ်မကောင်းခြင်းမှ ကာကွယ်နိုင်ခြင်း

တစ်ပတ်မှာ ၃ခါ (သို့) ၄ခါ ကလေ့ရှိသူဟာ လုံးဝကိုမကသူထက်စာရင် ရူးသွပ်ခြင်းရောဂါဖြစ်ပွားမှုအန္တရာယ်ကနေ ၇၆ရာခိုင်နှုန်းထိတောင် ကာကွယ်ပေးနိုင်ပါတယ်။

၆) ကယ်လိုရီလောင်ကျွမ်းနိုင်ခြင်း၊ ဝိတ်ကျစေနိုင်ခြင်း

စိတ်လွတ်ကိုယ်လွတ်ကလိုက်တဲ့အချိန်မှာ သင့်ရဲ့ ကယ်လိုရီလောင်ကျွမ်းစေနိုင်ပါတယ်။ သင်ကတဲ့အကအမျိုးအစားပေါ်မူတည်ပြီးတော့ ကယ်လိုရီလောင်ကျွမ်းမှုက မတူနိုင်ပါဘူး။ ကယ်လိုရီလောင်ကျွမ်းမှုပမာဏပေါ်မူတည်ပြီး သင့်ခန္ဓာကိုယ်ဝိတ်ကျနိုင်ပါတယ်။

၇) အရိုးပွရောဂါဖြစ်နိုင်ချေလျော့နည်းစေခြင်း

ခန္ဓာကိုယ်ကိုလှုပ်ရမ်းပြီး ကခြင်းက အရိုးသိပ်သည်းမှုကို ကူညီပေးနိုင်တဲ့အတွက် အရိုးပွရောဂါဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ ကျန်းမာရေးအတွက် ထိရောက်မှုရှိတဲ့ အတွက် ကသင့်တယ်ဆိုတာကို သိသွားလောက်ပြိထင်ပါတယ်နော်။

အားလုံးပဲ ကျန်းမာကြပါစေ။

Related content