အသီးအနှံများ ဘာကြောင့်စားသင့်သလဲ

Published on September 7, 2025 Reading time: 3 mins Tags: #Fruits #Vegetables #Healthy Eating #Nutrition Benefits

အသီးအနှံများဟာ အာဟာရပေါင်းစုံရဲ့ အရေးကြီးတဲ့အရင်းအမြစ်ဖြစ်ပါတယ်။ အသီးအနှံများမှာ ပိုတက်ဆီယမ်ဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဖော်လစ်အက်စစ် စတဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။ အသီးအနှံတွေစားသုံးခြင်းဖြင့် ရရှိနိုင်မယ့်ကျန်းမာရေးအတွက် ကောင်းကျိုးတွေက များပြားလွန်းတာကြောင့် အသီးအနှံများများ စားသုံးဖို့တိုက်တွန်းလိုက်ရပါတယ်။

၁)အစိမ်းရောင်အသီးအနှံတွေစားသုံးခြင်းဖြင့်

  • မျက်လုံးကျန်းမာရေးအတွက်ကောင်းခြင်း
  • အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်ပွားခြင်းကိုလျော့ကျစေခြင်း
  • ကြွက်သားများ ယိုယွင်းလာမှုကို နှေးစေခြင်း
  • အသည်းအတွက် အဆိပ်ဖြေပေးသော enzymes များကို ထိန်းညှိပေးခြင်း

၂) အနီရောင်အသီးအနှံတွေစားသုံးခြင်းဖြင့်

  • ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
  • အသားအရေ ဖူးယောင်၊ နီရဲတာမျိုးကို လျော့ကျစေခြင်း
  • နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ခြင်း
  • prostate ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း

၃) အဝါရောင်၊ လိမေ ္မာ်ရောင်ရှိသောအသီးအနှံတွေစားသုံးခြင်းဖြင့်

  • antioxidant ဓာတ်ကို တိုးမြှင့်ပေးခြင်း
  • မျက်လုံးနှင့်အရေပြားကျန်းမာရေးကို ထိန်းညှိပေးခြင်း
  • ကြွက်သားများနာကျင်ခြင်းကို လျော့ကျစေခြင်း

၄) အပြာရောင်၊ ခရမ်းရောင်ရှိသော အသီးအနှံများကိုစားသုံးခြင်းဖြင့်

  • အရေးအကြောင်းတွေနှင့် အရေပြားကျန်းမာရေးကို ကာကွယ်ပေးနိုင်ခြင်း -ရောဂါကာကွယ်နိုင်စွမ်းကို လှုံ့ဆော်ပေးနိုင်ခြင်း
  • ကုန်ဆုံးသွားသော antioxidant ပမာဏကို ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်း
  • နှလုံးသွေးကြောများ ယောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်ခြင်း

၅) အဖြူရောင် (သို့) အရောင်မရှိသော အသီးအနှံများစားသုံးခြင်းဖြင့်

  • နှလုံးသွေးကြောနှင့်ဆိုင်သောရောဂါ၊ ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ခြင်း၊
  • အရိုးပွရောဂါဖြစ်ပွားခြင်းကို လျော့ကျစေခြင်း
  • သွေးထဲက ကိုလက်စထရောကို လျော့ကျစေခြင်း
  • free radical တွေပျက်စီးခြင်းကို လျော့ကျစေခြင်း။

အသီးအနှံများများစားသုံးခြင်းဖြင့် ကျန်းမာအောင်ဂရုစိုက်ကြပါစို့။

Related content