လူမှုရေးအရ အရက်သောက်သုံးခြင်းဆိုတာ ဘာလဲ။

Published on September 4, 2025 Reading time: 2 mins Tags: #Social drinking #Alcohol consumption #Health

ဒီနေ့ခေတ်မှာ အရက်သောက်ခြင်းကို လူမှုဆက်ဆံရေးအတွက် လိုအပ်ချက်တစ်ခုအနေနဲ့ အသုံးချတတ်ကြပါတယ်။ အဲဒါကို အလွယ်တကူ Social Drinking လို့ခေါ်ဝေါ်ကြပါတယ်။ ဒါပေမယ့် အရက်ဆိုတာ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်စေတာမို့ ။ နေရာတကာ social drinking လို့ နာမည်တပ်ပြီး အရက်သောက်သုံးဖို့ချည်း တွေးနေရင်တော့ social drinking မဟုတ်တော့ပါဘူး။ အန္တရာယ်ရှိသော သောက်သုံးခြင်းမျိုးဖြစ်လာပါပြီ။ အဲဒါကြောင့် ဒီနေ့ခေတ်လူငယ်တွေ social drinking ဆိုတာဘာလဲ၊ ဘယ်လိုမျိုးကို ခေါ်တာလဲ ဆိုတာသိစေဖို့ ပြောပြပေးချင်ပါတယ်။

၁) တစ်ခါတစ်ရံသာ သောက်သုံးခြင်းဖြစ်ပါတယ်။

နေ့စဉ်လို အရက်သောက်နေမိတာကတော့ အရက်စွဲခြင်းပြ ဿ နာဖြစ်သွားပါပြီနော်။ ခွဲခြားလို့ရပါတယ်။ တစ်ခါတစ်ရံသာ အရက်သောက်ဖြစ်ဖို့ အကြောင်းရှိလို့ သောက်သုံးခြင်းသာဖြစ်ပါတယ်။

၂) ခံစားချက်တစ်ခုအနေနဲ့ အရက်သောက်ချင်စိတ်ဖြစ်ပေါ်လာလို့ သောက်သုံးတာမျိုးမဟုတ်ပါဘူး။

ကိုယ်ရဲ့စိတ်ထဲကနေ အရက်သောက်ချင်စိတ်ဖြစ်ပေါ်လာလို့ သောက်တာမျိုး လုံးဝမဟုတ်ပါဘူးနော်။ နေ့စဉ်လိုအပ်ချက်တစ်ခုလို ရေငတ်လို့ ရေသောက်ချင်စိတ်ဖြစ်ပေါ်လာတာမျိုးပေါ့။ အဲလိုခံစားချက်မျိုးနဲ့ အရက်သောက်တာမဟုတ်ပါဘူး။ အဲလိုခံစားချက်မျိုးနဲ့ အရက်သောက်ချင်စိတ်ဖြစ်ပေါ်နေရင်တော့ ပြ ဿနာရှိနေပါပြီ။

၃) အရက်ကြောင့် ဘာပြ ဿနာမှမဖြစ်ပေါ်နိုင်ပါဘူး။

အရက်ကို အသိစိတ်ကပ်ပြီး သောက်တာဖြစ်တဲ့အတွက်ကြောင့် အရက်နာကျခြင်း၊ အော့အန်ခြင်း၊ စိတ်လွတ်ကိုယ်လွတ်ဖြင့် ပြ ဿနာတက်ခြင်းမျိုး လုံးဝမဖြစ်ပါဘူး။ တကယ်လို့များ အထက်ပါပြ ဿနာတွေတစ်ခုမဟုတ်တစ်ခုဖြစ်နေပြီဆိုရင်တော့ အရက်နဲ့ဆိုင်တဲ့ပြ ဿ နာရပ်တွေ သင့်မှာရှိနေပါပြီ။ ဆင်ခြင်ဖို့ကြိုးစားလိုက်ပါတော့။

၄) အရက်သောက်ရင်း အရက်သောက်မိတာနောင်တရတဲ့အကြောင်းမပြောတတ်ကြပါဘူး

ကိုယ့်ကိုကိုယ်ပဲသိတာပါ၊ အရက်ကို အလွန်အကျွံ့တွေသောက်မိနေလား၊ အခုလို ကိစ္စရှိမှ သောက်တာမျိုးလား ဆိုတာ ကိုယ့်ကိုကိုယ်လိမ်လို့မရပါဘူး။ ကိစ္စရှိမှ တခါတလေသောက်ခြင်းက သင့်ကိုနောင်တရစေမှာမဟုတ်ပါဘူး။ အဲလိုမဟုတ်ဘဲ သောက်ချင်စိတ်ကြောင့် အသောမသတ်နိုင်ဘဲ သောက်မိတယ်၊ အရက်နာကျတဲ့လက္ခဏာတွေဖြစ်တဲ့အထိသောက်မိတယ်။ ပြီးမှနောင်တရနေတတ်တာမျိုးဆိုရင်တော့ သင့်မှာ အရက်ကိုစွဲလမ်းနေတဲ့ပြ ဿနာဖြစ်နေပါပြီ။

၅) အချိန်ပြည့်အရက်သောက်ခြင်းအကြောင်းကို တွေးမနေတတ်ပါဘူး။

တစ်နေ့လုံး ရေငတ်ရင် ရေသောက်သလို အရက်အကြောင်းကိုချည်းတွေးနေတာမျိုးမဟုတ်ပါဘူး။ ကိစ္စရှိလို့ အကြောင်းတစ်ခုခုကြောင့် အရက်သောက်တာမျိုးက အချိန်ပြည့်အရက်ကိုတွေးနေမှာမဟုတ်ပါဘူး။ တကယ်လို့များ အချိန်ပြည့်အရက်သောက်ဖို့တွေးနေမိပြီဆိုရင်တော့ သင့်မှာ အရက်စွဲတဲ့လက္ခဏာပြနေတာပဲဖြစ်ပါတယ်။ သင့်ကိုသင် ပြန်ဆင်ခြင်ဖို့ လိုနေပါပြီ။

၆) အရက်သောက်တာ ဘယ်တော့မှ မလုံလောက်ဘူးဆိုတဲ့ ခံစားချက်မျိုး မခံစားရပါဘူး။

အရက်ကို တစ်နေ့တာ လိုအပ်ချက်လိုမျိုး မဖြစ်မနေသောက်မှ ဖြစ်မယ်ဆိုတဲ့ ခံစားချက်မျိုး မရှိရပါဘူး။ ဒီလိုခံစားချက်မျိုး ခံစားနေရတယ်ဆိုရင်တော့ တခုခုမှားနေပါပြီ။ အဲဒါဆိုရင်တော့ အရက်စွဲတဲ့လက္ခဏာဖြစ်ပါတယ်နော်။ social drinking ဆိုတာမျိုးက ဘယ်တော့မှ အပြည့်အဝသောက်လိုက်မယ်ဆိုတဲ့ခံစားချက်မျိုး မခံစားရပါဘူး။

ကဲ….အခုလောက်ဆိုရင်တော့ Social Drinking ကဘာလဲဆိုတာ နားလည်သွားလောက်ပြီလို့ထင်ပါတယ်။ ဒီစာလေးဖတ်ပြီး သင့်ကိုသင်ပြန်သုံးသပ်ကြည့်လိုက်ပါအုံး၊ social drinking လား၊ အရက်ကို သောက်ချင်စိတ်တစ်ခုတည်းကြောင့်သောက်နေမိတယ်ဆိုရင် အချိန်မှီပြင်ဆင်လိုက်ပါတော့။

Related content