တစ်ပတ်လုံး အမြင့်ဆုံးစွမ်းအားဖြစ်ဖို့ အချက် ၆ ချက်

Published on September 16, 2025 Reading time: 2 mins Tags: #Weekly Planning #Time Management #Goal Setting

သင့်ရဲ့တစ်ပတ်တာကို စတင်ရမယ့် တနင်္လာနေ့မှာကတည်းက တစ်ပတ်လုံးဘာတွေလုပ်မယ်၊ ဘာကိုဦးစားပေးရမယ်ဆိုတာမျိုးတွေကို ကြိုတင်သတ်မှတ်ထားသင့်ပါတယ်။ အဲလို ကြိုတင်စီစဉ်ထားခြင်းက သင့်အတွက် အလုပ်တွေပုံနေတာမျိုး၊ ဝတ္တရားလစ်ဟင်းတာမျိုးတွေလည်း မဖြစ်နိုင်သလို သင့်ကိုလည်း စိတ်ဖိစီးမှုနည်းပါစေပါတယ်။ အဲဒါကြောင့် တစ်ပတ်လုံး လုပ်နိုင်စွမ်းအားအမြင့်ဆုံးဖြစ်နိုင်ဖို့ ကြိုတင်လုပ်သင့်တဲ့အချက် ၆ချက်ကိုဖော်ပြလိုက်ပါတယ်။

၁) လစဉ် ရည်မှန်းချက်သတ်မှတ်ထားပါ။

သင့်ရဲ့တစ်လလုံးအတွက် ရည်မှန်းချက်တွေကို သေချာစဉ်းစားပြီး အဓိကအရေးပါတာတွေကို ဦးစားပေးသတ်မှတ်ပါ။ ရည်မှန်းချက်တွေဟာ တိကျပြီး တိုင်းတာနိုင်ဖို့လိုအပ်ပါတယ်။ ဥပမာ - “ဒီလအတွင်း စာအုပ် ၂အုပ်ဖတ်မယ်”၊ “အလုပ်ဆိုင်ရာ Project တစ်ခုကို အပြီးသတ်မယ်” စသဖြင့် သတ်မှတ်နိုင်ပါတယ်။

၂) လုပ်ဆောင်ချက်တွေအတွက် စာရင်းလုပ်ထားပါ။

သင့်ရဲ့တစ်လလုံးဆိုင်ရာ ရည်မှန်းချက် တစ်ခုချင်းစီ ဖြစ်မြောက်ဖို့အတွက် ဘာတွေလုပ်ဆောင်မလဲ၊ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို စာရင်းလုပ်ပြီး ရေးမှတ်ထားပါ။
အဓိကလုပ်ဆောင်ချက်တွေကို ဦးစားပေးစဉ်းစားပြီး အရေးကြီးမှုအလိုက် အစီအစဉ်တစ်ခုချင်းစီကို သတ်မှတ်ပါ။
ဥပမာ - “နေ့စဉ် ၁နာရီစာအုပ်ဖတ်မယ်”၊ “တနင်္လာနေ့မှာ အစီရင်ခံစာတင်မယ်” စသဖြင့် သတ်မှတ်နိုင်ပါတယ်။

၃) အချိန်သတ်မှတ်ပါ။

လုပ်ဆောင်ချက်တစ်ခုချင်းစီအတွက် အချိန်သတ်မှတ်ထားပါ။ ဘယ်အချိန်မှာပြီးသင့်သလဲ…၊ ဘယ်အချိန်မှာပြီးရမလဲဆိုတာမျိုး သတ်မှတ်ပါ။
အချိန်သတ်မှတ်ခြင်းက သင့်ရဲ့လုပ်ဆောင်ချက်တွေကို အချိန်မီပြီးမြောက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။
ဥပမာ - “မနက် ၉နာရီမှ ၁၀နာရီအတွင်း စာဖတ်မယ်”၊ “နေ့လည် ၂နာရီမှ ၃နာရီအတွင်း အစီရင်ခံစာရေးမယ်” စသဖြင့် သတ်မှတ်နိုင်ပါတယ်။

၄) သင့်ရဲ့တစ်ပတ်စာကို အချိန်ဇယားဆွဲပါ။

တစ်ပတ်လုံးမှာ သင်လုပ်ကိုလုပ်ရမယ့်အရာတွေကို တစ်ပတ်လုံးအတွက် အချိန်ဇယားဆွဲထားပါ။
နေ့စဉ်လုပ်ဆောင်ရမယ့်အရာတွေကို သတ်မှတ်ပြီး၊ အချိန်ဇယားအတိုင်း အကောင်အထည်ဖော်ပါ။
ဥပမာ -

  • တနင်္လာနေ့: မနက် ၉နာရီမှ ၁၀နာရီအတွင်း အစီအစဉ်ရေးဆွဲမယ်၊ ညနေ ၃နာရီမှ ၄နာရီအတွင်း အစီရင်ခံစာတင်မယ်
  • အင်္ဂါနေ့: မနက် ၁၀နာရီမှ ၁၁နာရီအတွင်း အလုပ်ဆိုင်ရာ အစည်းအဝေးတက်မယ်
  • ဗုဒ္ဓဟူးနေ့: နေ့လည် ၂နာရီမှ ၃နာရီအတွင်း စာဖတ်မယ်
    ဒီလိုနည်းဖြင့် တစ်ပတ်လုံးအတွက် အချိန်ဇယားကို သေချာစီစဉ်ထားခြင်းအားဖြင့် သင့်ရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုထိရောက်စွာ ပြီးမြောက်စေမှာ ဖြစ်ပါတယ်။

၅) ကြိုတင်စီစဉ်ပါ။

သင့်ရဲ့လုပ်ဆောင်ချက်တွေကို အစီအစဉ်တစ်ခုအဖြစ် စနစ်တကျ စီစဉ်ပါ။
အဓိကလုပ်ဆောင်ရမယ့်အရာတွေကို ဦးစားပေးပြီး၊ အရေးမကြီးသေးတဲ့အရာတွေကို နောက်ဆက်တွဲလုပ်ဆောင်ဖို့ စီစဉ်ပါ။
အလုပ်တွေကို အလွယ်တကူ ပြီးမြောက်အောင် အချိန်ကို ထိရောက်စွာ အသုံးပြုပါ။
ဥပမာ - “နေ့စဉ် မနက် ၈နာရီမှာ အရေးကြီးအလုပ်တွေကို စတင်လုပ်မယ်”၊ “နေ့လည် ၁နာရီမှာ အရေးမကြီးသေးတဲ့အလုပ်တွေကို ပြီးမြောက်အောင်လုပ်မယ်” စသဖြင့် သတ်မှတ်နိုင်ပါတယ်။

၆) နောက်တစ်ပတ်အတွက် အစီအစဉ်ဆွဲထားပါ။

တနင်္ဂနွေနေ့ရောက်တဲ့အခါ သင့်ရဲ့ တစ်ပတ်စာ အစီအစဉ်တွေကို နံပါတ်စဉ် ၃မှ ၆အတိုင်း ပြန်ပြီး အချိန်ဇယားဆွဲပါ။

Related content