ဘဝမှာ နေတတ်စေဖို့နည်းလမ်းကောင်းများ

Published on September 23, 2025 Reading time: 6 mins Tags: #Happiness #Mental-health #Mindset-change #Family

ဘဝမှာရှင်သန်ရတဲ့အခါ လူတိုင်းကကိုယ့်အပူသောကနဲ့ ကိုယ် မတူတဲ့တိုက်ပွဲကိုဝင်နေရတဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် လိုအပ်လို့ တိုက်ပွဲဝင်ရတာက အကျိုးရှိပါတယ်။ မလိုအပ်ပဲ အခြားသူတွေကြောင့် ပူလောင်ပြီး မပျော်မရွှင်ဖြစ်နေရတာကတော့ အကျိုးမရှိ၊ အချိန်ကုန်၊ လူမောဖြစ်စေပါတယ်။ အဲဒါကြောင့် ဘဝမှာ နေတတ်စေဖို့ အလွယ်ဆုံးနည်းလမ်းတွေကိုဖော်ပြလိုက်ပါတယ်။

  • အတင်းအဖျင်းတွေကိုနားမထောင်ပါနဲ့။
  • လူတွေ သင့်ကိုဘယ်လိုထင်သလဲဆိုတာ လျစ်လျူရှုလိုက်ပါ။
  • ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်တိုင်ဖန်တီးပါ။
  • အခြေအနေတိုင်းမှာ အကောင်းဘက်ကမြင်တတ်အောင်ကြိုးစားပါ။
  • ရှိထားတာလေးတွေကို ကျေးဇူးတင်တတ်တဲ့အကျင့်မွေးပါ။
  • ပိုပြီး ရယ်မောတတ်အောင်ကြိုးစားပါ။
  • ရည်မှန်းချက်တွေသတ်မှတ်ပါ။
  • စာများများဖတ်ပါ။
  • မပြောခင်စဉ်းစားပါ။
  • မိသားစုကိုအချိန်ပေးပါ။

Related content