လမ်းလျှောက်ခြင်းကြောင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးများ
Published on September 22, 2025 Reading time: 4 mins Tags: #Walking #Health #Exercise #Benefits
လမ်းလျှောက်ခြင်းက သင့်ရဲ့ကျန်းမာရေးဆိုင်ရာပြဿနာများအားလုံးကို တိုးတက်စေနိုင်ပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ခန့် လမ်းလျှောက်ပေးခြင်းက သင့်ရဲ့နှလုံးသွေးကြောဆိုင်ရာပြဿနာများကို လျော့ကျစေခြင်း၊ အရိုးသန်မာစေခြင်း၊ ခန္ဓာကိုယ်ကအဆီတွေကို လောင်ကျွမ်းစေခြင်း၊ ကြွက်သားကျစ်လစ်သန်စွမ်းမှုကို ကောင်းမွန်စေခြင်းစတဲ့ကောင်းကျိုးတွေရှိပါတယ်။ အခြားသော မတူညီတဲ့လေ့ကျင့်ခန်းတွေလိုပါပဲ လမ်းလျှောက်ခြင်းက သင့်ကျန်းမာရေးကို အကျိုးရှိစေပါတယ်။ လမ်းလျှောက်ခြင်းကြောင့်ရရှိုနိင်တဲ့အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ၁) ဝိတ်ကျဖို့ အကူအညီဖြစ်စေခြင်း ၂) နှလုံးကျန်းမာရေးကောင်းမွန်စေခြင်း ၃) နာတာရှည်ရောဂါများကိုသက်သာစေခြင်း ၄) ကင်ဆာရောဂါဖြစ်ပေါ်ခြင်းကိုကာကွယ်ဖို့အထောက်အကူဖြစ်ခြင်း ၅) အိုမင်းရင့်ရော်ခြင်းကိုနှေးစေခြင်း ၆) သွေးဖိအားကျစေခြင်း ၇) ရုတ်တရက်လေဖြတ်ခြင်းကိုကာကွယ်ပေးခြင်း ၈) ဆီးချိုသွေးချိုရောဂါဖြစ်ပေါ်နိုင်ချေလျော့ကျစေခြင်း ၉) အဆုတ်လုပ်ဆောင်ချက်ကိုကောင်းမွန်စေခြင်း ၁၀) သကြားဓာတ်တောင့်တစိတ်ကိုလျော့ချပေးခြင်း ၁၁) စိတ်ခံစားချက်ကောင်းမွန်စေခြင်း ၁၂) အိုမင်းချိန်မသန်စွမ်းဖြစ်ခြင်းကို ကာကွယ်ပေးခြင်း ၁၃) ခုခံစွမ်းအားတိုးစေခြင်း ၁၄) အစာခြေစနစ်ကောင်းမွန်စေခြင်း ၁၅) သတိမေ့လျော့ခြင်းကို သက်သာစေခြင်း