ဗီတာမင်ဘီဝမ်းနဲ့ပတ်သက်ပြီး သိကောင်းစရာများ
Published on September 22, 2025 Reading time: 2 mins Tags: #Vitamin B1 #Thiamine #Health #Nutrition
Vitamin B1ကို thiamine လို့လည်းခေါ်ပါသေးတယ်။ ခန္ဓာကိုယ်တစ်ခုလုံးလည်ပတ်နိုင်ဖို့အတွက် လိုအပ်ပြီး အရေးပါတဲ့ဗီတာမင်ဓာတ်ဖြစ်ပါတယ်။ Thiamine ကခန္ဓာကိုယ်တစ်ခုလုံးရဲ့ အာရုံကြောစနစ်လုပ်ဆောင်ချက်မှာ အရေးပါပါတယ်။ နှလုံးနဲ့ကြွက်သားတွေအတွက်လည်း အရေးပါပါတယ်။ ဗီတာမင် B1 ပါဝင်သောအစားအစာများ ကတော့…. အမဲသား၊ အသည်း၊ နို့၊ အစေ့အဆံ၊ အုတ်ဂျုံ၊ လိမ္မော်သီး၊ ဝက်သား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး ၊ အာလူး စတာတွေမှာပါဝင်ပါတယ်။ ထမင်း၊ ပတ်စတာ၊ ပေါင်မုန့်၊ ကွေကာစတာတွေမှာလည်း ပါဝင်ပါသေးတယ်။ Thiamine ဓာတ်မှာ နှလုံးရောဂါကုသရာတွင်၊ ဇီဝဖြစ်ပျက်မှုပြဿနာ၊ အိုမင်းရင့်ရော်ခြင်း၊ အမြင်အာရုံစတဲ့ရောဂါတွေကုသဖို့အတွက် အသုံးဝင်ပါတယ်။ Vietnamese American Medical Research Foundation ရဲ့လေ့လာချက်အရ Thiamine ဓာတ်က အင်ဇိုင်းမားရောဂါရှိလူများရဲ့အာရုံကြောစနစ်ကို တိုးတက်စေတယ်လို့ ဖော်ပြထားပါတယ်။ Thiamine ဓာတ်က ဦးနှောက်တစ်ခုလုံးရဲ့လုပ်ဆောင်ချက်အတွက်အရေးကြီးတဲ့ဗီတာမင်ဓာတ်လည်းဖြစ်ပါတယ်။ UMM ရဲ့ဖော်ပြချက်အရ thiamine ဓာတ်က စိတ်ဖိစီးမှုလျော့ကျစေတဲ့ဗီတာမင်ဖြစ်တယ်လို့လည်း ခေါ်ကြပါသေးတယ်။ လေ့လာချက်အရ ဗီတာမင်ဘီဝမ်းမှာ ခုခံအားကောင်းစေပြီး ခန္ဓာကိုယ်လုပ်ဆောင်နိုင်စွမ်းရည်ကို ထိန်းချုပ်ထားတဲ့စိတ်ခံစားချက်ကိုကောင်းမွန်စေသည့်အပြင် စိတ်ဖိစီးမှုကြောင့် စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေကို လျော့ကျစေနိုင်ပါတယ်။ Thiamine ဓာတ်က စိတ်ခံစားချက်ကောင်းမွန်ဖို့ အသုံးဝင်ရုံသာမက မှတ်ဉာဏ်အားနည်းခြင်း၊ သင်ယူလေ့လာနိုင်စွမ်းရည်၊ ဖိစီးမှုတွေကို တိုက်ဖျက်နိုင်ခြင်း၊ စွမ်းအင်တိုးစေခြင်းစတဲ့အရာတွေအတွက်လည်း အသုံးဝင်ပါတယ်။ U.S. National Library of Medicine ရဲ့ဖော်ပြချက်အရ အမျိုးသားတွေ (အသက် ၁၄နှစ်နဲ့အထက်မှာ တစ်နေ့လျှင် 1.2mg လိုအပ်ပါတယ်။ အမျိုးသမီးတွေမှာတော့ အသက်၁၄နှစ်မှ ၁၈နှစ်အထိ တစ်နေ့လျှင် 1.0mg ၊ အသက်၁၉နှစ်နဲ့အထက်မှာတော့ 1.1.mg လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့နို့်တိုက်မိခင်တွေက ပိုပြီးလိုအပ်ပါတယ်(ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်သုံးသင့်ပါတယ်) နေ့စဉ်စားသုံးနေကျ ကျန်းမာစေတဲ့ အစားအစာတွေကနေ ဗီတာမင်ဘီဝမ်းကို ရရှိနိုင်ပါတယ်။
ဗီတာမင်ဘီဝမ်း ချို့တဲ့ခြင်း ဘီဝမ်းချို့တဲ့ခြင်းက အာရုံကြောစနစ်၊ ဦးနှောက်၊ ကြွက်သား၊ နှလုံးနဲ့ အစာအိမ်နဲ့အူလမ်းကြောင်းစနစ်ပြဿနာများဖြစ်နိုင်ပါတယ်။ နို့်တိုက်မိခင် ဘီဝမ်းချို့တဲ့ခြင်းကြောင့် ကလေးငယ်တွေမှာ Beriberi လို့ခေါ်တဲ့ရောဂါဖြစ်ပေါ်နိုင်ပါတယ်။ Beriberi ရောဂါက အာရုံကြောစနစ်ပုံမှန်မဖြစ်ခြင်း၊ နှလုံးပျက်စီးခြင်း၊ ခြေထောက်မသန်ခြင်းတို့ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်ပါတယ်။
ဘီဝမ်းချို့တဲ့ကြောင်းပြသနေသောလက္ခဏာများကတော့…. အာရုံကြောနဲ့ ကြွက်သား၊ အစာအိမ်အူလမ်းကြောင်းပြဿနာတွေနဲ့ပတ်သက်ပြီးပြသတတ်ပါတယ်။ Congestive Heart Failure ဂျာနယ်မှာ ဖော်ပြချက်အရ စိတ်ဓာတ်ကျခြင်း၊ စိတ်ပိုင်းဆိုင်ရာခံစားချက် ပုံမှန်မဟုတ်ခြင်း၊ မူမမှန်တဲ့အပြုအမူများပြုလုပ်ခြင်း၊ အကြောက်ကင်းမဲ့ခြင်း၊ အားနည်းခြင်း၊ မောပန်းလွယ်ခြင်း၊ အိပ်မပျော်ခြင်း၊ မေ့ခြင်း၊ အထိခိုက်မခံနိုင်အောင် နာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း ၊ အော့အန်ခြင်း စတဲ့ လက္ခဏာတွေလည်းဖြစ်ပေါ်နိုင်ပါတယ်။ https://www.livescience.com/51721-vitamin-b1-thiamine.html လင့်မှာဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။