မပြောလည်း သိသင့်သော စည်းကမ်းများ (၁)

Published on September 22, 2025 Reading time: 4 mins Tags: #Rules #Respect #Ethics

တခါတလေမှာ ဘာစည်းကမ်းရယ်လို့ တရားဝင်စာထုတ်ပြီး မသတ်မှတ်ထားပေမယ့် တစ်ဦးနဲ့တစ်ဦး လေးစားတဲ့အနေနဲ့ လိုက်နာသင့်တဲ့စည်းကမ်းတွေ ရှိပါတယ်။ စည်းကမ်းရယ်လို့ ဘယ်သူကမှ မသတ်မှတ်ပေမယ့် စာနာစိတ်ဖြင့် အလိုလိုသိထားသင့်တဲ့စည်းမျဉ်းတွေဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ အဲဒီလိုစည်းမျဉ်းတွေကို နားလည်မှုနဲ့လိုက်နာသင့်တယ်ဆိုတာကို မသိတတ်တဲ့သူတွေအတွက် ဒီစာလေးကို လက်တို့လိုက်ကြပါအုံးနော်။

သံဃာတော်၊ ဆရာလေး၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုတွေ ဘတ်စ်ကားပေါ် မတ်တပ်ရပ်နေလျှင် အလိုက်သိသင့်ပါတယ်။

ကွမ်းတံတွေးထင်ရာထွေးခြင်းက ပတ်ဝန်းကျင်မှာအရုပ်ဆိုးစေတာမို့ အလိုက်သိသင့်ပါတယ်။

ညအချိန်မတော် ဆူညံ့အော်ဟစ်ခြင်း မပြုလုပ်ဖို့ အလိုက်သိပါ။

အလှူခံများ ပတ်ဝန်းကျင်ကို ထိခိုက်လောက်သည်အထိ စပီကာဖွင့်ခြင်းမလုပ်ဖို့ အလိုက်သိသင့်ပါတယ်။

အမှတ်တမဲ့ပစ်လိုက်တဲ့ အမှိုက်တွေကြောင့် ရေမြောင်းပိတ်ဆို့ခြင်းက ခြင်တွေပေါက်ပွားစေနိုင်ပါတယ်။

ချေးထားသော ငွေကို ပြန်မတောင်းခင် ဆပ်ဖို့ အလိုက်သိသင့်ပါတယ်။

လူအများ စနစ်တကျ တန်းစီနေချိန်တွင် ကြားမဖြတ်ဖို့ အလိုက်သိသင့်ပါတယ်။

Related content