လူတစ်ယောက်ကိုသင်ယုံကြည်လို့ရတယ်ဆိုတာဘယ်လိုသိနိုင်ပါသလဲ။

Published on August 17, 2025 Reading time: 2 mins Tags: #Trust #Relationships #Self-Improvement

ယုံကြည်မှုဆိုတာ တန်ဖိုးရှိပါတယ်။ ကိုယ်ကလူတစ်ယောက်အပေါ်ကို ယုံကြည်မှုမရှိဘူးဆိုရင် အဲ့ဒီလူနဲ့ ပြောရဆိုရ၊ ပေါင်းသင်းဆက်ဆံရတာတွေ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ ဒါကြောင့် ကိုယ်တိုင်ကလဲ ယုံကြည်ထိုက်သူတစ်ယောက်ဖြစ်ဖို့လိုသလို ကိုယ့်အပေါင်းအသင်းမိတ်ဆွေတွေဟာလဲ ယုံကြည်ထိုက်သူတွေဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် လူတစ်ယောက်က ယုံကြည်ရနိုင်သူ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို ဘယ်လိုသိနိုင်မှာလဲ။ အခုဖော်ပြပေးသွားမယ့် အချက် (၉) ကိုအခြေခံပြီး ဆုံးဖြတ်နိုင်ပါတယ်။

  • ၁။ စစ်မှန်တယ် စစ်မှန်တဲ့ ပင်ကိုယ်စရိုက်လက္ခဏာရှိတဲ့ သူမျိုးပေါ့။ အမူအကျင့်ကောင်းတွေရှိတယ်။ ဘယ်သူ့ကိုမှ အထက်စီးကနေ ဆက်ဆံလေ့မရှိဘူး၊ ဘယ်သူ့အပေါ်ကိုမှ ရောက်ဖို့မကြိုးစားဘူး။ ပြောရဆိုရ ပေါင်းသင်းဆက်ဆံရတာ ကောင်းတယ်။ ဒီလိုလူမျိုးကို သင်ယုံကြည်နိုင်ပါတယ်။

  • ၂။ စိတ်အပြောင်းအလဲမမြန်ဘူး လူတိုင်းမှာ အဆင်မပြေတဲ့နေ့ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ဖြစ်ပျက်နေတဲ့ အခြေအနေတွေတိုင်းမှာ လိုက်ပြီး စိတ်ပြောင်းလဲနေမယ့်အစား ကောင်းသောစကားကို ဆိုတယ်၊ ကောင်းသော အပြုအမူတွေကိုသာ ဝေမျှတယ်၊ ခြုံပြောရရင် အကောင်းမြင်စိတ်ရှိသူပါ။ ဉာဏ်နဲ့ယှဉ်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်တတ်ကြပါတယ်။

  • ၃။ သိက္ခာရှိသူ မှန်တာကို ပြောရဲလုပ်ရဲသူဆိုရင် ယုံကြည်ထိုက်သူပါပဲ။ ကိုယ်ကျင့်သိက္ခာပြည့်စုံသူတစ်ယောက်ဟာ လူကြည့်ကောင်းရုံ ဟန်မဆောင်တတ်ပါဘူး။ တစ်ယောက်ထဲရှိနေချိန်မှာလဲပဲ တစ်သတ်မတ်ထဲမှာ နေထိုင်တတ်ပါတယ်။

  • ၄။ ကိုယ်ချင်းစာတရားရှိတယ် ငါသာသူ့နေရာမှာဆိုရင် ဆိုပြီးအခြားသူနေရာက ဝင်နေကြည့်ပေးလေ့ရှိပါတယ်။ ကိုယ့်အတ္တကိုယ်ရှေ့တန်းမတင်ဘူး၊ စာနာတတ်တယ်၊ အခြားသူတွေအတွက် တွေးပေးတတ်ပါတယ်။

  • ၅။ ကြင်နာတယ် ကိုယ့်အတွက် အဆင်ပြေမှသာ ပေါင်းသင်းတဲ့ သူမျိုးမဟုတ်ပါဘူး။ ကူညီနိုင်တာရှိရင် ကူညီပေးဖို့ အသင့်ရှိတယ်၊ ကြင်နာသနားစိတ်အခံ ရှိသူပါ။

  • ၆။ ဗဟုသုတ ကြွယ်ဝတယ် အမြဲတမ်းသင်ယူနေတယ်၊ တိုးတက်မှုကို ရှာဖွေနေတယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ အတော်ဆုံးဖြစ်သွားပြီလို့ မတွေးတတ်ဘူး၊ သင်ယူစရာတွေများစွာ ကျန်သေးတယ်ဆိုတာကို သိတယ်။ ကိုယ်သိထားတာတွေကိုလဲ ပြန်လည် ဝေမျှပေးတတ်ပါတယ်။

  • ၇။ ကူညီတတ်သူ ကိုယ်တိုင်လဲ ကူညီတယ်၊ လိုအပ်တဲ့ အတွေ့အကြုံ၊ ဗဟုသုတရှိနေသူတွေ၊ ကူညီပေးနိုင်သူတွေနဲ့ ချိတ်ဆက်ပေးတယ်။ ယုံကြည်ထိုက်သူဆိုတာပြောရရင် တံတားတစ်စင်းနဲ့သူပါတယ်။

  • ၈။ နှိမ့်ချတယ် ကိစ္စတစ်ခုအောင်မြင်သွားတိုင်း ကိုယ်တစ်ယောက်ထဲ တော်လို့မဟုတ်ဘူးဆိုတာကို သိထားတယ်၊ အခြားသူတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုတယ်၊ နေရာပေးတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ပါတယ်။

  • ၉။ အချိန်ပေးတယ် ကိုယ့်ရဲ့ ကူညီမှု၊ အကြံဉာဏ်လိုအပ်နေသူတွေအတွက် အချိန်ပေးတယ်။ ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့ ကူညီဖေးမပေးတတ်ကြတယ်။

အဲ့ဒီလိုအခ ျက် ၉ ခ ျက်နဲ့ ပြည့်စုံတဲ့သူ၊ ကိုယ်နဲ့ လည်းအံဝင်ခွင်က ျဖြစ်တဲ့မိတ်ဆွေမ ျိုးတွေပိုင်ဆိုင်ထားတယ်ဆိုရင်တော့သင်ဟာတစ်ကယ်ကံကောင်းတဲ့သူတစ်ယော်ပဲဖြစ်ပါတယ်။ အားလုံးပဲဒီလိုမိတ်ဆွေကောင်းတွေအမ ျားကြီးပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source: “9 traits of trustworthy people,” success.com

Related content