သင့်ကိုအဆိပ်အတောက်ဖြစ်စေတဲ့လူမှန်းသိစေနိုင်တဲ့ လက္ခဏာများ

Published on September 22, 2025 Reading time: 3 mins Tags: #Toxic people #Warning signs #Personal growth

တခါတရံမှာ အဆိပ်အတောက်လိုလူတွေက ကျွန်တော်တို့ဆီကို သူငယ်ချင်းကောင်းဟန်ဆောင်ပြီး ရောက်လာတတ်ပါတယ်။ အမှန်တကယ်ကောင်းတာမျိုးမဟုတ်ဘဲ ဟန်ဆောင်ပြီးသင့်အပေါ်ကောင်းပြနေတဲ့သူမျိုးကို သင်ယုံကြည်နေမိမှာပါပဲ။ ထိုကဲ့သို့ဟန်ဆောင်တတ်သူမျိုးရဲ့ အစစ်အမှန်ရုပ်သွင်ကို သင်ချက်ချင်းသိနိုင်မှာတော့မဟုတ်ပါဘူး။ အဲဒါကြောင့် အဲဒီလိုလူမျိုးတွေရဲ့ အကျင့်စရိုက်၊ လက္ခဏာကို အကြမ်းဖျင်းအားဖြင့် ဖော်ပြပေးလိုက်ရပါတယ်။ သင့်အပေါင်းအသင်းတွေထဲမှာ ထိုလက္ခဏာအကျင့်စရိုက်ရှိသူမျိုးကို သတိထားဆက်ဆံနိုင်ဖို့ ဖတ်ကြည့်လိုက်ပါအုံး။ ၁) သင့်ကို အမြဲ နှိမ့်ချဆက်ဆံတတ်ပါတယ်။ သင့်ကို အမြဲ စိတ်အားငယ်အောင်၊ စိတ်ဓာတ်ကျအောင် လုပ်တတ်ပါတယ်။ ၂) သူတို့လုပ်စေချင်တာလုပ်ဖို့ဆိုရင် တဖက်လူကို ခြိမ်းခြောက်ဖို့လည်း ဝန်မလေးပါဘူး။ ၃) သင့်ကို ထိန်းချုပ်ဖို့ ကြိုးစားတတ်ပြီး သင့်ကိုသင်အပြစ်မကင်းသလိုမျိုး ခံစားရအောင်လည်းလုပ်တတ်ကြပါတယ်။ ၄) အသေးအဖွဲကအစ မနာလိုဖြစ်တတ်ကြပါတယ်။ ၅) သူတို့အတွက် မလုပ်ပေးနိုင်ပါဘူး….လို့ ငြင်းဆန်တာမျိုးကို မကြိုက်ကြပါဘူး။ ၆) သင့်ကိုလည်း အနိုင်ကျင့်တတ်သူတွေဖြစ်ပါတယ်။ ၇) ဘယ်လောက်ကောင်းအောင်လုပ်ပေးပါစေ…၊ ဘယ်တော့မှ အကောင်းမမြင်တတ်ကြပါဘူး။ ၈) တဖက်လူအပေါ် ရိုသေမှုရှိဖို့လည်း နားမလည်ကြပါဘူး။ ၉) သူတို့ခံစားချက်ကိုသာ သူတို့အလေးထားကြပါတယ်။ တဖက်လူရဲ့ခံစားချက်ကိုနားမလည်ပေးကြပါဘူး။ ၁၀) တဖက်လူရဲ့လျှို့ဝှက်ချက်မှန်သမျှကို နှုတ်ဖွာတတ်ကြပါတယ်။

Related content