အိုင်ဖုန်းအတွက် အသုံးဝင်သော အလုပ်အတွက် App ၁၀ ခု
Published on August 15, 2025 Reading time: 1 mins Tags: #IPhone #Apps #Work #Productivity #Recommendations
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဖုန်းတစ်လုံးကို ကွန်ပျူတာတစ်လုံးကဲ့သို့ အသုံးပြုလာနိုင်ပါတယ်။ အိုင်ဖုန်းမှာဆိုရင် နေ့စဉ်အလုပ်ခွင်ကို စည်းစနစ်ကျကျ အထောက်အကူပြုနိုင်မယ့် App တွေများစွာရှိတာမို့ အလုပ်အတွက် အသုံးဝင်မယ့် App အချို့ကိုရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
-
၁။ Microsoft Office အိုင်ဖုန်းမှာ အသုံးပြုနိုင်တဲ့ Microsoft ရဲ့မိုဘိုင်းဗားရှင်း Microsoft Suite မှာဆိုရင် အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ Word, Powerpoint, Excel စတာတွေကို ကွန်ပျူတာမှာသုံးတာနဲ့မခြား ပြင်ဆင်ရေးသားတာတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Window PC သို့မဟုတ် Macbook မှာရေးထားတဲ့ ဖိုင်တွေကို iCloud ကနေ Sync လုပ်ပြီးဖုန်းမှာပါ အသုံးပြုနိုင်မှာပါ။ အိုင်ဖုန်းမှာ Microsoft ကိုအသုံးပြုနိုင်ဖို့အတွက် Office 365 အကောင့်တော့ ရှိရမှာဖြစ်ပါတယ်။
-
၂။ Google Docs Google App တွေကိုသုံးနေကြသူတွေအတွက်တော့ Google Docs ကလဲ စာရွက်စာတမ်းဖိုင်တွေကို ပြင်ဆင်ရေးသားဖို့ အသုံးဝင်တဲ့ App ဖြစ်ပါတယ်။ Microsoft လိုသီးခြားခွဲမထား Google Docs မှာဆိုရင်တော့ Word, Spreadsheet နဲ့ Powerpoint တို့ကို တစ်စုတစ်စည်းထဲ အသုံးပြုနိုင်မှာပါ။ တစ်ခုအားသာတာကတော့ Google Docs သုံးမယ်ဆိုရင် Subscription လုပ်ဖို့မလိုအပ်ပါဘူး။
-
၃။ Wolfram Alpha Wolfram Alpha ဆိုတာကတော့ မိုဘိုင်းဗားရှင်း Search Engine App တစ်ခုဖြစ်ပါတယ်။ နေ့ရက်၊ အချိန်၊ အစားအသောက်ကအစ သချာၤပုစ္ဆာညီမျှခြင်းတွေအထိ ကိုယ်သိချင်တာအကုန်လုံးနီးပါးကို အဖြေရှာတွက်ချက်နိုင်ပါတယ်။ ဘက်စုံသုံး ဝက်ဘက်ဆိုဒ်တစ်ခုလို့ ပြောရင်ရနိုင်ပါတယ်။ Wolfram Alpha App ကိုအသုံးပြုမယ်ဆိုရင်တော့ US $ 2.99 ကျသင့်မှာပါ။
-
၄။ Adobe Acrobat Reader PDF reader တွေထဲမှာတေ့ Adobe App ကနာမည်ကြီးပြီးသားပါ။ PDF ဖိုင်တွေကို ပြင်ဆင်တာတွေ၊ မှတ်ချက်ထည့်သွင်းတာတွေပြုလုပ်နိုင်ပါတယ်။
-
၅။ Genius Scan အိုင်ဖုန်းမှာမပါဝင်တဲ့ ဓာတ်ပုံတွေကနေ PDF ဖွဲ့စည်းပေးနိုင်တဲ့ လုပ်ဆောင်ချက်ကို Genius Scan ကဖြေရှင်းပေးနိုင်ပါတယ်။ ဓာတ်ပုံကနေ PDF ဖိုင်ဖွဲ့ပြီးတော့ message, email ပေးပို့တာဖြစ်ဖြစ် Dropbox, Evernote, Google Drive တွေမှာသိမ်းဆည်းတာဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။
-
၆။ Gmail အိုင်ဖုန်းမှာလဲ Build-in mail app ပါဝင်ပြီးသားဆိုပေမယ့် Gmail ရဲ့အားသာချက်က အခြား Google Services တွေဖြစ်တဲ့ Google Docs, Google Calendar တို့နဲ့ ချိတ်ဆက်အသုံးပြုနိုင်တာပါ။ သုံးရတာ ရိုးရှင်းလွယ်ကူပြီး အလုပ်အတွက် မေးလ်ပေးပို့ရတာမျိုးတွေမှာ အဆင်ပြေစွာအသုံးပြုနိုင်ပါတယ်။
-
၇။ Slack Slack ကတော့အခုနောက်ပိုင်းမှာ email ကိုကေ ျာ်လွန်ပြီး အသုံးပြုလာကြတဲ့ Messaging app တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာက အသင်းအဖွဲ့နဲ့ အလုပ်လုပ်ကိုင်နေသူတွေအတွက် အထောက်အကူပြုနိုင်မယ့် App တစ်ခုပါ။
-
၈။ MailChimp မေးလ်တစ်စောင်ကို လူအများကြီးဆီပေးပို့မယ်ဆိုရင် MailChimp ကအသုံးဝင်ပါတယ်။ အထူးသဖြင့် အလုပ်ခွင်မှာဆိုရင် မေးလ်ပေးပို့ရတာတွေများတာကြောင့် အသုံးပြုသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။ Desktop ဗားရှင်းကဲ့သို့ပဲ အိုင်ဖုန်း App မှာလဲ မေးလ်ရေးသားတာ၊ ပြင်ဆင်တာ၊ စစ်တာ၊ ပေးပို့တာ၊ လက်ခံတာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
-
၉။ Things 3 To-do list app တွေထဲမှာ Things 3 ကအကောင်းဆုံးနဲ့ လုပ်ဆောင်ချက်အပြည့်ဝဆုံး App တစ်ခုဖြစ်ပါတယ်။ Note မှတ်တာကအစ၊ နေ့စဉ်လုပ်ဆောင်ရမယ့် task တွေ၊ ရေတို ရေရှည် ချမှတ်ထားတဲ့ တာဝန်တွေကို မှတ်သားထားနိုင်ပြီး ကိုယ့်ကိုပြန်သတိပေးနိုင်မှာဖြစ်ပါတယ်။ တစ်နေ့တာ အလုပ်တွေများများလုပ်ရလေ့ရှိသူတွေအတွက်တော့ အသုံးပြုသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။
-
၁၀။ Pocket ကိုယ်အလုပ်မအားလို့ မဖတ်နိုင်သေးတဲ့ ဆောင်းပါးတွေ၊ စာတွေကို သိမ်းထားချင်တယ်ဆိုရင် Pocket ကအသုံးဝင်တဲ့ App တစ်ခုပါ။ ဘယ်ဆောင်းပါးကိုမဆို Offline သိမ်းထားနိုင်တဲ့အတွက် ပြန်ဖတ်တဲ့အခါ အဆင်ပြေစေပါတယ်။ ဗီဒီယိုဖိုင်တွေကိုလဲ သိမ်းထားနိုင်ပါတယ်။ အလုပ်အတွက်သီးသန့်သက်မသက်ဆိုင်ပေမယ့် စာဖတ်လေ့ရှိသူ၊ သတင်းဖတ်လေ့ရှိသူတွေအတွက်တော့ အသုံးဝင်မယ့် App တစ်ခုဖြစ်ပါတယ်။ Source: “10 best small business iphone apps,” techradar.com Photo Credit - အွန်လိုင်းမှကူးယူဖော်ပြသည်။