အဆိုးတွေကြုံလာချိန် အကောင်းဘက်ဘယ်လိုတွေးမလဲ

Published on August 15, 2025 Reading time: 3 mins Tags: #Motivation #Positive thinking #Reflection #Questions

နေ့စဉ်ဘဝမှာ အကောင်းတွေချည်းကြုံနေကြတာမဟုတ်ပါဘူး။ အဆိုးတလှည့်အကောင်းတလှည့်ဖြစ်နေတာမို့ အကောင်းတွေနဲ့ကြုံလာချိန်မှာ ပျော်ရွှင်ရပေမယ့် အဆိုးတွေနဲ့ကြုံလာရတဲ့အခါ ယူကြုံးမရဖြစ်မိတာမျိုး၊ လက်မခံနိုင်တာမျိုးတွေ ခံစားရတတ်ပါတယ်။ အဲလို အဆိုးတွေကြုံလာတတ်တဲ့အခါ အခြေအနေကို ကောင်းဘက်က ပြန်တွေးလိုက်တဲ့အခါ ရလဒ်ကလည်း ပြောင်းလဲသွားတတ်ပါတယ်။ အဓိကက အဆိုးတွေအပေါ်မှာပူဆွေးမနေဘဲ အကောင်းဘယ်လိုပြန်တွေးမလဲဆိုတာအရေးကြီးတာပါ။ အဲဒါကြောင့် အဆိုးတွေကြုံလာတဲ့အခါ သင့်ကိုသင် ပြန်မေးသင့်တဲ့မေးခွန်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ မေးခွန်းက ၈မျိုးဖော်ပြပေးထားပေမယ့် တကယ်တမ်းဘဝမှာ မလိုချင်တာတွေကြုံလာတဲ့အခါ ထိုမေးခွန်းတွေလိုအတိအကျမဟုတ်ပေမယ့် အဓိပါ္ပယ်ခပ်ဆင်ဆင်လေးတွေ ကိုးကားပြီး တွေးလိုက်ပါနော်။ အတွေးလေးတွေပြောင်းတွေးလိုက်ရုံနဲ့ သင့်ဘဝက အံ့သြစရာ ပြောင်းလဲသွားနိုင်ပါတယ်။

  • ၁) ဖြစ်ပြီးသွားတဲ့ကိစ္စတွေအပေါ်မှာ ခုထိစိတ်မကောင်းဖြစ်နေခြင်းက တန်ဖိုးရှိရဲ့လား
  • ၂) ဒီကိစ္စရပ်တွေကနေ ဘာသင်ခန်းစာရနိုင်မလဲ၊ ဘာတွေကို သင်ယူနိုင်မလဲ
  • ၃) ဒီအခြေအနေမျိုးမှာ ကိုယ်က အလွန်အကျွံ့ခံစားမိနေတာလား၊ ဒါမှမဟုတ် အလွန်အကျွံ့တုံ့ပြန်မိနေတာလား
  • ၄) ဒီကိစ္စတွေကနေ ဘာတွေကို အကောင်းဘက်ကနေတွေးလို့ရမလဲ
  • ၅) ဒီပြဿနာတွေကနေ ကိုယ့်ကိုကိုယ်ပိုကောင်းတဲ့သူဖြစ်အောင် ဘယ်လိုပြောင်းလဲပစ်နိုင်မလဲ
  • ၆) ဒီအခြေအနေတွေကို ကိုယ်တိုင် ထိန်းချုပ်နိုင်ရဲ့လား (ထိန်းချုပ်နိုင်တာကိုသာ အာရုံပြောင်းရန်)
  • ၇) ဒီပြဿနာတွေကနေ ပိုကောင်းတဲ့ ခံစားမှုတွေခံစားနိုင်အောင် ဘယ်လိုလုပ်သင့်လဲ
  • ၈) ဒီအခြေအနေမှာ ချစ်ခြင်းမေတ္တာစိတ်နဲ့ အကောင်းဘက်ကဘယ်လိုမြင်လိုက်မလဲ

အထက်က မေးခွန်း၈ခုကို နားလည်အောင်ဖတ်ပြီး မှတ်ထားလိုက်တော့နော်။ တကယ်တမ်းမလိုချင်တဲ့အဆိုးတွေကြုံလာရတဲ့အခါ ထိုမေးခွန်းတွေနဲ့အလားတူဆင်တဲ့မေးခွန်းလေးတွေလို ဖြန့်တွေးပြီး အကောင်းမြင်တတ်တဲ့အကျင့်လေးကို စတင်လိုက်ပါတော့နော်။ အားလုံးပဲ အကောင်းဘက်က တွေးနိုင်ကြပါစေ။

https://www.pinterest.com/pin/295478425548583465/ မှ ဘာသာပြန်ဖော်ပြထားပါတယ်။

No related content found.