ဘဝအတွက်အခုချက်ချင်းစွန့်လွှတ်သင့်သောအရာများ
Published on September 23, 2025 Reading time: 6 mins Tags: #Life lessons #Personal growth #Mindset
ကျွန်တော်တို့ဘဝမှာ မဖြစ်မနေစွန့်လွှတ်သင့်တဲ့အရာတွေရှိပါတယ်။ မသိလိုက်လို့ပဲဖြစ်ဖြစ်၊ သတိမထားမိလို့ပဲဖြစ်ဖြစ် ၊ သိသိကြီးနဲ့ဖြစ်ဖြစ် လုပ်မိနေတတ်တဲ့အကျင့်တွေရှိပါတယ်။ အဲဒါတွေကို စွန့်လွှတ်ဖို့ က ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးမှဖြစ်မှာပါ။ ကိုယ့်ကိုယ်ကိုယ်မဖြစ်မနေတိုက်တွန်းပါ။ အကျင့်ဖြစ်လာအောင်ကျင့်ယူပါ။ စတင်လုပ်ကြည့်ဖို့ပဲလိုပါတယ်။ လုပ်ကြည့်ဖြစ်လာတဲ့အခါ အကျင့်တစ်ခုလို စွဲမြဲလာပါလိမ့်မယ်။ အဲဒါကြောင့်သင်ခုချက်ချင်းစွန့်လွှတ်သင့်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်။ ၁) ဆင်ခြေ ၂) ကိုယ့်ကိုယ်ကိုယ်သံသယဝင်ခြင်း ၃) ကျရှုံးမှာကိုကြောက်ခြင်း ၄) အချိန်ဆွဲခြင်း ၅) အခြားလူတွေကျေနပ်ဖို့ကြိုးစားနေခြင်း ၆) ထင်ပေါ်မှာကိုကြောက်ခြင်း ၇) အဆိုးမြင်တဲ့စိတ် ၈) ကိုယ့်ကိုယ်ကိုယ်မကောင်းမြင်ခြင်း ၉) အခြားသူများကို ဝေဖန်ခြင်း ၁၀) သင့်ပတ်ဝန်းကျင်က အဆိပ်လိုလူများ