အပူဒဏ်လွန်ကဲတဲ့နေရောင်ခြည်ကနေ ဘယ်လိုကာကွယ်ကြမလဲ

Published on September 26, 2025 Reading time: 3 mins Tags: #Sun Protection #UV Rays #Skin Care #Tips

ခုချိန်မှာ ရာသီဥတုက ပိုပြီးပူပြင်းလာပါပြီ။ အပူဒဏ်အောက်မှာ မဖြစ်မနေထွက် အလုပ်လုပ်ရတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ်။ အဲဒါ နေပူဒဏ်ကို အတတ်နိုင်ဆုံးကာကွယ်နိုင်မယ့်နည်းလမ်းတွေကို အသုံးပြုသင့်ပါတယ်။ မဖြစ်မနေနေပူထဲ သွားလာရမယ်ဆိုရင်တောင် ဘယ်လိုကာကွယ်မလဲဆိုတဲ့နည်းလမ်းတွေကို လိုက်နာခြင်းက အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ထွင်းစရာမလိုတော့ဘဲ ဆိုးကျိုးနည်းစေမှာဖြစ်ပါတယ်။ နေရောင်ခြည်ကနေ UVB rays တွေက အရေပြားကို နီလာတာ၊ ပျက်စီးစေတာမျိုးတွေအပြင် ဆိုးဝါးလွန်းတဲ့အခါ အရေပြားကင်ဆာထိပါဖြစ်နိုင်ချေရှိပါတယ်။ American Academy of Dermatology က လေ့လာချက်အရ အမေရိကန်လူမျိုး ငါးယောက်မှာ တစ်ယောက်ဟာ အရေပြားကင်ဆာဖြစ်ပွားမှုရှိပါတယ်လို့ ဖော်ပြထားပါတယ်။ အဲဒါကြောင့်ကာကွယ်ခြင်းဟာ အထိရောက်ဆုံးနည်းလမ်းဖြစ်တာကို မမေ့ပါနဲ့နော်။ ဘယ်လိုကာကွယ်ကြမလဲဆိုတာလေး ဖော်ပြပေးလိုက်ပါတယ်။ ၁) မနက် ၁၀နာရီ မှ ၂နာရီအတွင်း နေရောင်ထဲ သွားလာခြင်းကို အတတ်နိုင်ဆုံးရှောင်ပါ။

၂) အရိပ်ရသော အေးသောနေရာတွင် နေထိုင်ပါ။

၃) အပြင်မထွက်မီ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတဲ့ SPF 30 ပါဝင်တဲ့ နေရောင်ခြည်ကာခရမ်တွေလိမ်းတာမျိုးလုပ်ပါ။

၄) နေရောင်ထဲထွက်တဲ့အခါ ထီး၊ ဦးထုပ်၊ မျက်မှန် စတဲ့အဆောင်းအကာတွေဆောင်ထားပါ။

၅) အင်္ကျ ီရှည်ချည်သားအေးအေးကို ဝတ်ဆင်ပါ။

၆) သင့်ဆံပင်ကို ချည်နှောင်ပြီး ဦးထုပ်ဆောင်းပါ။ နေ ရောင်ခြည်က သင့်ရဲ့ဆံပင်ကိုလည်း ခြောက်သွေ့ပျက်စီးစေပါတယ်။

၇) နှုတ်ခမ်းကိုလည်း SPF 15 လောက်ထိပါဝင်တဲ့ အစိုဓာတ်ထိန်းခရမ်မျိုးလိမ်းပေးသင့်ပါတယ်။

၈) ရေများများသောက်ပေးပါ။ နေရောင်ခြည်ရဲ့အပူဒဏ်က ဘာမှမဖြစ်လောက်ဘူးရယ်လို့ထင်ရပေမယ့် ဂရုမစိုက်ဘူးဆိုရင် အပူရှပ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း စတဲ့အခြေအနေထိ ဆိုးရွားစွာဖြစ်လာနိုင်တာမို့ ဂရုစိုက်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Related content