အောင်မြင်ခြင်း၊ ကျရှုံးခြင်းနဲ့ဆိုင်သော ကောက်နုတ်ချက်များ

Published on September 16, 2025 Reading time: 2 mins Tags: #Success #Failure #Business #Mindset

အောင်မြင်ခြင်း၊ ကျရှုံးခြင်းနဲ့ဆိုင်သော ကောက်နုတ်ချက်များ

အောင်မြင်တဲ့သူတယောက်က သူရဲ့အမှားတွေကနေ အမြတ်တခုရအောင်သင်ယူပြီး မတူညီတဲ့နည်းလမ်းတခုနဲ့ နောက်တကြိမ် ထပ်မကြိုးစားလေ့ရှိပါတယ်။

  • Dale Carnegie (စာရေးဆရာ)

အောင်မြင်မှုဆိုတာက သတ္တိရှိစွာ ဆုံးဖြတ်ချက်ချရဲခြင်းပါ။ အဲ့ဒါမှ သင်ယုံကြည်ထားတဲ့ သူတယောက်ဖြစ်လာစေပါလိမ့်မယ်။

  • George A.Sheehan (ဆရာဝန်)

အောင်နိုင်သူက ကျရှုံးမှာကို မကြောက်လန့်နေဘူး၊ ဒါပေမယ့် ကျရှုံးဖူးကြတယ်။ ကျရှုံးခြင်းက အောင်မြင်ခြင်းရဲ့ အစိတ်အပိုင်းတခုပါပဲ။ ကျရှုံးမှုကို ရှောင်ရှားတတ်သူက အောင်မြင်မှုကိုလည်း ရှောင်ရှားတဲ့သူပါပဲ။

  • Robert Kiyosaki (စီးပွားရေးလုပ်ငန်းရှင်)

အားနည်းတဲ့သူတယောက်က ဆုံးဖြတ်ချက်မချခင် သံသယဝင်တတ်တယ်၊ စိတ်ဓါတ်ခိုင်မာတဲ့လူတယောက်ကတော့ ဆုံးဖြတ်ချက်ကို ရဲရဲချပြီး ရှေ့ဆက်သွားတယ်။

  • Karl Kraus (စာရေးဆရာ)

စိတ်ဓါတ်တက်ကြွခြင်းဆိုတာက ကိုယ့်ကိုယ်တွင်းမှာ တောက်နေတဲ့ မီးတောက်လိုပါပဲ။ တစုံတယောက်ကြောင့် ထွန်းညှိဖို့ကြိုးစားမယ်ဆိုရင် ခဏတာသာ လောင်းကျွမ်းပြီး တောက်ပနိုင်မှာပါ။

  • Stephen Covey (စီးပွားရေးလုပ်ငန်းရှင်း)

ကျရှုံးခြင်းဆိုတာက ပျင်းရိခြင်းအတွက် အပြစ်ပေးခံရခြင်းသာဖြစ်ပါတယ်။ အခြားသူများရဲ့ အောင်မြင်ခြင်းလည်း ဖြစ်ပါတယ်။

  • Jules Renard (စာရေးဆရာ)

အောင်မြင်မှုဆိုတာက အောင်မြင်ခြင်းကို အခြေခံပြီး တည်ဆောက်ထားတာမဟုတ်ပါဘူး။ ကျရှုံးခြင်း၊ အချည်းနှီးဖြစ်ခြင်း၊ တခါတရံ ရုတ်တရက်ဖြစ်လာတဲ့ အန္တရာယ်တွေကို အခြေခံပြီးမှ တည်ဆောက်ထားတာပါ။

  • Sumner Redstone (စီးပွားရေးလုပ်ငန်းရှင်)

ကိုယ်ပိုင်သတ်မှတ်ထားတဲ့စည်းကမ်းဆိုတာ မရှိရင် အောင်မြင်မှုဆိုတာလည် မဖြစ်လာနိုင်ပါဘူး

  • Lou Holtz (အမေရိကန် ဘောလုံးသမား)

အောင်မြင်မှုဆိုတာက အချိန်တိုင်းမှာ အကောင်းဆုံးလုပ်ဆောင်ဖို့ ကြိုးစားနေတဲ့ အရာတခုပါ။ အောင်မြင်မှုဟာ ရလဒ်မဟုတ်ပါဘူး၊ ဒါဟာ ခရီးစဉ်တခုပါ။

  • Arthur Ashe (တင်းနစ်ကစားသမား)

အောင်မြင်မှုရဖို့ အရေးကြီးဆုံးအရာက သင့်ရဲ့စိတ်ဓါတ်ကို ထိန်းသိမ်းထားနိုင်ဖို့ပါ။ စိတ်ဓါတ်က အောင်မြင်မှုရဲ့ အခြေခံကျောက်တုံးပါပဲ။

  • Napoleon Hill (စာရေးဆရာ)

အောင်မြင်မှုဆိုတာက သင့်ရဲ့ ရည်မှန်းချက်နဲ့ သင့်ရဲ့စိတ်ဓါတ်ကြားမှာ တည်ရှိတဲ့ ညီမျှမှုပါပဲ။

  • Earl Nightingale (စီးပွားရေးဆရာ)

အောင်မြင်မှုရဖို့ အရေးကြီးဆုံးအရာက သင့်ရဲ့အိပ်မက်ကို မလွှတ်လိုက်ဖို့ပါ။ အိပ်မက်တွေက အောင်မြင်မှုရဲ့ စတင်ရာပါ။

  • Walt Disney (စီးပွားရေးလုပ်ငန်းရှင်)

အောင်မြင်မှုဆိုတာက သင့်ရဲ့အချိန်ကို ဘယ်လိုအသုံးချတယ်ဆိုတာပေါ်မှာ မူတည်ပါတယ်။ အချိန်ကို အကျိုးရှိရှိအသုံးချတတ်သူက အောင်မြင်သူပါ။

  • Brian Tracy (စီးပွားရေးဆရာ)

Related content