စိတ်ဖိစီးမှုများနေကြောင်း ပြသသော လက္ခဏာ ၁၀ချက်
Published on August 18, 2025 Reading time: 1 mins Tags: #Stress #Health Tips #Well-being
လူတိုင်းမှာ တစ်ခါတစ်ရံ ရာသီဥတုအရ ခံစားချက်တွေအမျိုးမျိုးဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ စိတ်အနှောင့်အယှက်ဖြစ်နေသလို ခံစားနေရတာမျိုး ဆိုရင်တော့ သင့်ကျန်းမာရေးပြင်းထန်စွာထိခိုက်နေတာမျိုး ဖြစ်နေတတ်ပါတယ်။ ဖြစ်နိုင်တာကတော့ စိတ်ဖိစီးမှုတွေကြောင့်ပါ။ ဆရာဝန်တော်တော်များများက စိတ်ဖိစီးမှုတွေကြောင့် မတူညီတဲ့ရောဂါတွေကိုဖြစ်စေတယ်လို့ ဆိုကြပါတယ်။ သင့်ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုတွေများလာတဲ့အခါ အတွေ့များတဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁) အရေပြားရောဂါများ စိတ်ဖိစီးမှုကြောင့် အရေပြားမှာ ကြမ်းတမ်းတဲ့အနီပိမ့်များထလာခြင်း၊ ဝက်ခြံထွက်ခြင်း နဲ့ အခြားသော အရေပြားရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေက ကျောင်းသားတွေကြားမှာ လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ ထိုလေ့လာမှုအရ စိတ်ဖိစီးမှုနဲ့ အရေးပြားပြဿနာက တိုက်ရိုက်ဆက်စပ်မှုမြင့်မားကြောင့်တွေ့ရှိခဲ့ပါတယ်။ ကြွက်နဲ့လေ့လာမှုပြုလုပ်တဲ့အခါမှာလည်း တူညီတဲ့ရလဒ်ကိုပဲ ရရှိခဲ့ပါတယ်။ တိရိစ္ဆာန်တွေမှာလည်း စိတ်ဖိစီးမှုကြီးမားတဲ့အခါ အရေပြားကူးစက်မှုတွေ ခံစားနိုင်တယ်ဆိုတာ မြင်သာအောင်ပြသနိုင်ခဲ့ပါတယ်။ ၂) ဝိတ်အပြောင်းအလဲဖြစ်ခြင်း သင့်ရဲ့ဝိတ်ကို အစာခြေစနစ်အရ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းအရ သင်တည်ငြိမ်အောင် မထိန်းထားနိုင်တော့ပါဘူး။ အချို့ဆိုရင် ဝိတ်တောင် အလွန်အကျွံ တက်လာတာမျိုး ဖြစ်နိုင်ပါသေးတယ်။ စိတ်ဖိစီးမှုများတဲ့အခြေအနေမှာ cortisol လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်လုပ်မှုမြင့်မားလာပါတယ်။ အဆီတွေရဲ့ metabolism တွေ နဲ့ carbohydrates တွေက သွေးထဲက သကြားဓာတ်ပမာဏကို ထောက်ပံ့ဖို့လိုအပ်တဲ့ပမာဏကို ထုတ်ပေးပါတယ်။ ဟော်မုန်းထုတ်များတဲ့အခါ လူတစ်ယောက်က ပိုပြီးအစာစားချင်လာပါတယ်။ testosterone ဆိုတဲ့ဓာတ်ကို ခန္ဓာကိုယ်က ထုတ်ပေးတာနည်းလာပြီး ခန္ဓာကိုယ်က ကယ်လိုရီတွေကို လောင်ကျွမ်းတာလည်း နှေးလာပါတယ်။ အဲဒါက သင့်ရဲ့ဝိတ်ကိုတဖြေးဖြေးတိုးလာစေတော့တာပါပဲ။ တခါတရံမှာကျတော့ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ဝိတ်ကျသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သွေးထဲမှာ adrenaline ဆိုတဲ့ဓာတ်တစ်မျိုး ပမာဏတိုးလာတဲ့အခါ ဝိတ်ကျသွားတာမျိုးဖြစ်နိုင်ပါတယ်။ ၃) မကြာခဏဖျားနာခြင်း စိတ်ဖိစီးမှုတွေက cortisol ဓာတ်ကိုထုတ်လွှတ်စေပြီး ယောင်ရမ်းခြင်းတွေကိုဖြစ်ပွားစေနိုင်ပါတယ်။ လူတစ်ယောက်က စိတ်ဖိစီးမှုကို တာရှည်ခံစားလာရတဲ့အခါ ခုခံစွမ်းအားတွေ နည်းသထက်နည်းလာပါတယ်။ အဲဒါကြောင့် ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ယောင်ရမ်းမှုရလဒ်တွေပိုဖြစ်လာစေပါတယ်။ အဲဒီ့အခါမှာ ခန္ဓာကိုယ်မှာထိခိုက်ခံရတာများတဲ့အခါ ဖျားနာမှုတွေ မကြာခဏဖြစ်ပေါ်စေတော့တာပါပဲ။ ရာသီဥတုကြောင့်ဆိုတာထက် သင့်ခန္ဓာကိုယ်မှာ ခုခံနိုင်စွမ်းအားနည်းလာတဲ့အတွက် ဖျားနာခြင်းဖြစ်လာရတာပါ။ မကြာခဏ သင်ဖျားနာတတ်တယ်ဆိုရင် တစ်စုံတစ်ခုအကြောင်းကြောင့်များ သင်ပူပန်နေရလို့လား….လို့ ပြန်လည်တွေးတောပြီး ထိုပူပန်နေရတဲ့အရာကို ဖယ်ရှားနိုင်ဖို့ ကြိုးစားကြည့်ပါနော်။ ၄) အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ သိပ္ပံပညာရှင်တွေက စိတ်ဖိစီးမှုများခြင်းက အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာပြဿနာတွေ ဖြစ်နိုင်တယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ အစာအိမ်နာခြင်း၊ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ပြဿနာများ (လေပွခြင်း) စတဲ့ပြဿနာတွေက ဆေးကုတာတောင် မသက်သာတာမျိုးတွေဖြစ်တတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ စိတ်ပိုင်းဆိုင်ရာပညာရှင်တွေနဲ့ပြသင့်ပါတယ်။ စိတ်ရောဂါကုဆရာဝန်ကသာ အဲဒီပြဿနာတွေက သင့်ရဲ့စိတ်ဖိစီးမှုတွေနဲ့ ပူပန်မှုတွေကြောင့်ဖြစ်လာခြင်းပါလို့ ဆုံးဖြတ်ပေးနိုင်ပြီး သက်သာဖို့ ကူညီပေးနိုင်မှာပါ။ ၅) အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း စိတ်ဖိစီးမှုတွေခံစားပါများလာတဲ့အခါ ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေမှာ အာရုံစူးစိုက်ဖို့ ခက်ခဲတာမျိုးတွေဖြစ်လာပါတယ်။ အဲလိုမျိုး အာရုံစူးစိုက်ရခက်လာပြီလို့ သင့်ကိုသင်သတိထားမိလာပြီဆိုရင် အလုပ်တွေကိုနားပြီး အနားယူဖို့လိုအပ်နေပါပြီ။ စိတ်ဖိစီးမှုတွေကြောင့် အာရုံကြောတွေတင်းလာပြီး အာရုံစူးစိုက်မရတော့တာမျိုးဖြစ်စေပါတယ်။
၆) ဆံပင်ကျွတ်ခြင်း သိပ္ပံပညာရှင်တွေရဲ့ သုံးသပ်ချက်အရ စိတ်ဖိစီးမှုတွေက သင့်ကို နဖူးပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်းတွေကိုတောင် ဖြစ်စေနိုင်ပါတယ်တဲ့။ သင့်ဆံပင်တွေ အကျွတ်များလာတယ်လို့ သင်သတိထားမိတယ်ဆိုရင် စိတ်ဖိစီးမှုက တရားခံဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့လှပတဲ့ဆံပင်တွေကို ထိန်းသိမ်းချင်တယ်ဆိုရင်တော့ သင့်ရဲ့စိတ်ဖိစီးမှုတွေကို ရပ်တန့်ပစ်နိုင်အောင်ကြိုးစားပါ။ ၇) ခေါင်းကိုက်ခြင်း ခေါင်းကိုက်ခြင်းက အကြောင်းအရာတော်တော်များများကြောင့် ဖြစ်စေနိုင်ပါတယ်။ ကလေးတွေမှာဖြစ်တတ်တဲ့အရိုးပွရောဂါ၊ အိပ်စက်ပုံအနေအထားမှားခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ သွေးဖိအားအတက်အကျကြောင့်ခေါင်းကိုက်ခြင်း၊ နှာပိတ်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ အခြားသောအကြောင်းအရာတွေအများကြီးရှိပါတယ်။ ဒါပေမယ့် တခါတရံမှာတော့ အိမ်မှာ ဒါမှမဟုတ် အလုပ်ခွင်မှ စိတ်ဖိစီးမှုတွေကြောင့် ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းကို သက်သာစေတဲ့ဆေးတွေ သောက်ပါ။ ဒါပေမယ့် စိတ်ဖိစီးမှုတွေကို သင့်ဘဝကနေ မဖယ်ရှားနိုင်ဘူးဆိုရှု်တော့ ခေါင်းကိုက်ခြင်းက မကြာခဏ ပြန်ဖြစ်နေအုံးမှာပါပဲ။ ၈) လိင်စိတ်ကုန်ခမ်းခြင်း စိတ်ဖိစီးမှုတွေ များနေတဲ့လူတစ်ယောက်က မကြာခဏစိတ်ဖိစီးမှုခံစားနေရတဲ့အတွက် လိင်စိတ်လည်း ကုန်ခမ်းလာတတ်ပါတယ်။ သိပ္ပံပညာရှင်တွေက ထိုအကြောင်းအရာကို သက်သေပြဖို့အတွက် လေ့လာခဲ့ကြပါတယ်။ သင့်ရဲ့အိမ်ထောင်ဖက်အပေါ် လိင်ပိုင်းဆိုင်ရာအရ စိတ်လှုပ်ရှားမှုမခံစားရတာ အတော်ကြာပြီဆိုရင် အကြောင်းပြချက်ကတော့ သင့်ရဲ့စိတ်ဖိစီးမှုတွေကြောင့်ပဲဖြစ်ပါတယ်။ အဲလို စိတ်ဖိစီးမှုတွေအမှန်တကယ်ခံစားနေရပြီဆိုရင် အရမ်းကို ဆိုးရွားနေပါပြီ။ အဲဒီလိုအခြေအနေမျိုးမှာ သင့်ရဲ့အိမ်ထောင်ဖက်နဲ့အတူ စိတ်လွတ်ကိုယ်လွတ် ခရီးထွက်ခြင်း၊ အနားယူခြင်းတို့ကို ပြုလုပ်သင့်နေပါပြီနော်။ ၉) အိ်ပ်မရခြင်း စိတ်ဖိစီးမှုများတဲ့အခြေအနေတွေက အိပ်မရတဲ့ပြဿနာဖြစ်စေတဲ့အကြောင်းရင်းလည်းဖြစ်နိုင်ပါသေးတယ်။ စိတ်ဖိစီးမှုကို အချိန်အတော်ကြာအောင် ခံစားနေရပြီဆိုရင်တော့ အိပ်မရတဲ့ရောဂါတောင် စွဲကပ်လာနိုင်ပါတယ်။ အဲဒါက အရမ်းကိုခက်ခဲတဲ့အခြေအနေတစ်ခုပါ။ ကောင်းမွန်စွာမအိပ်စက်ဘဲ ဘဝမှာ မပျော်ရွှင်နိုင်ပါဘူး။ ပုံမှန်လုပ်ရိုးလုပ်စဉ်အလုပ်တွေလည်း ကောင်းကောင်းလုပ်နိုင်မှာမဟုတ်ပါဘူး။ အိပ်ဆေးတွေကလည်း သင့်ကိုအိပ်စက်နိုင်ဖို့မစွမ်းတော့ဘူးဆိုရင်တော့ ဆရာဝန်ပြဖို့ သင့်နေပါပြီ။ သင့်ရဲ့အိပ်မရတဲ့ပြဿနာအတွက် အကြောင်းရင်းကိုရှာတွေ့ပြီး ဖယ်ရှားနိုင်ဖို့အရေးကြီးပါတယ်။ ၁၀) နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ကျွန်တော်တို့ရဲ့နှလုံးက ကျွန်တော်တို့ရဲ့အသက်ရှင်နေထိုင်စဉ်အတောအတွင်းမှာ ကောင်းခြင်းတွေရော၊ ဆိုးခြင်းတွေရောကို လက်ခံထားရပါတယ်။ စိတ်ဖိစီးမှုတွေက နှလုံးအပေါ် ဆိုးရွားစွာ လွှမ်းမိုးမှုရှိပါတယ်။ သိပ္ပံပညာရှင်တွေက စိတ်ဖိစီးမှုကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေ အဖြစ်များတယ်ဆိုတာကို သက်သေပြခဲ့ကြပါတယ်။ အလုပ်အပြင်းအထန်လုပ်နေတဲ့အခိုက်အတန့် နဲ့ ဘာမှမလုပ်ဘဲနေတဲ့အခိုက်အတန့် ၊ လူနေမှုအဆင့်အတန်းနိမ့်ကျခြင်း၊ မိသားစုအတွင်းက ဆိုးရွားတဲ့ပြဿနာများ စသည်တို့က နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်ပွားစေနိုင်ပါတယ်။
စိတ်ဖိစီးမှုများတဲ့အခြေအနေမျိုးမှာ သင့်ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်မှုမျိုးတွေပြသလဲဆိုတာ သတိပြုမိရဲ့လား။ သတိပြုမိတယ်ဆိုရင် ကွန်မန့်တွေထဲမှာ ရေးပြသွားပါအုံးနော်။
https://brightside.me/inspiration-health/10-important-signs-that-your-body-is-very-stressed-418810/?fbclid=IwAR0jEIHbsMhwTltYdyaSDLg0ta12jsYk5yiH0msQ2VgOGQ08JPHDkHaT3ZY လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။