သီဟိုဠ်စေ့နဲ့ စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်မှု
Published on September 18, 2025 Reading time: 5 mins Tags: #Stress Relief #Natural Remedies #Mental Health #Nutrition
သီဟိုဠ်စေ့က စိတ်ဖိစီးမှုဆိုင်ရာ ပြဿနာတွေကို ကုစားပေးနိုင်တဲ့ သဘာဝဆေးနည်းတစ်မျိုးဆိုတာ သင်သိပါရဲ့လား။ သီဟိုဠ်စေ့မှာ သံဓာတ်၊ ပရိုတင်း၊ အမိုင်နိုအက်ဆစ်၊ မဂ္ဂနီဆီယမ်၊ အိုမီဂါသရီး၊ ဗီတာမင် ဘီဆစ် စတဲ့ဓာတ်တွေပါဝင်ပါတယ်။ ထိုအာဟာရဓာတ်တွေက စိတ်ဖိစီးခြင်းနဲ့ စိုးရိမ်ပူပန်သောကတွေကို သဘာဝအရသက်သာစေတဲ့ ဓာတ်တွေဖြစ်ပါတယ်။ Tryptophan ဆိုတဲ့ဓာတ်က စိတ်ဖိစီးမှုဆိုင်ရာ လက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျရောဂါခံစားနေရတဲ့လူတွေအတွက် မဂ္ဂနီဆီယမ်ဓာတ်က အဓိက အာဟာရဖြစ်ပါတယ်။ သီဟိုဠ်စေ့်မျာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာမို့ စိတ်ဓာတ်ကျ၊ စိတ်ဖိစီးသူတွေအတွက် သဘာဝဆေးတစ်မျိုးပါပဲ။ အိုမီဂါသရီးဖက်တီးအက်ဆစ်ကလည်း စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးခြင်းအတွက် သက်သာစေသော ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အဲဒါကြောင့် သီဟိုဠ်စေ့မှာ ပါဝင်သော အာဟာရဓာတ်တော်တော်များများက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးနိုင်တဲ့အတွက် စိတ်ဖိစီးမှုဆိုင်ရာပြဿနာရှိသူတွေအတွက် အကောင်းဆုံးဆေးတစ်မျိုးဖြစ်ပါတယ်။