စိတ်ဖိစီးမှုကိုလျော့ကျစေမည့်အစားအစာ ၁၀ မျိုး

Published on September 23, 2025 Reading time: 3 mins Tags: #Stress Relief #Health #Food #Tips

စိတ်ဖိစီးနေတယ်လို့ သင့်ကိုယ်သင်ခံစားနေရပါသလား။ အဲဒါဆိုရင်တော့ စိတ်ဖိစီးမှုအတွက် စားသင့်တဲ့အကောင်းဆုံးစားစရာ ၁၀မျိုးကိုဖော်ပြပေးလိုပါတယ်။ သင့်မှာအလုပ်ကြောင့်ဖြစ်ဖြစ်၊ စိတ်ညစ်စရာတွေဖြစ်ဖြစ် များနေတယ်လို့ခံစားနေရတယ်ဆိုရင် ဒီအစားအစာတွေကိုသာ ရွေးချယ်စားသုံးကြည့်လိုက်ပါ။ ၁) ထောပတ်သီး ၊ ငှက်ပျောသီး ထောပတ်သီးနဲ့ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် သွေးဖိအားကိုထိန်းချုပ်ပေးနိုင်ပါတယ်။

၂)လက်ဖက်ရည်ကြမ်း သင့်အကြိုက်ရေနွေးကြမ်းတစ်ခုခုကို သောက်ကြည့်လိုက်ပါ။ အဲဒါက သင့်ကိုစိတ်တည်ငြိမ်စေသလို စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေပါတယ်။

၃) ကိုက်လန် ကိုက်လန်နဲ့ပန်းပွင့်စိမ်းကဲ့သို့အစိမ်းရင့်ရောင်အသီးအရွက်တွေက အမျှင်ဓာတ်တွေများစွာပါဝင်တဲ့အပြင် ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းတွေကိုလည်း တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။

၄) ဆော်လမွန်၊ ဆာဒင်း နဲ့ တူနာငါး နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ အိုမီဂါ သရီးဖက်တီးအက်ဆစ်ပါဝင်တဲ့ ဆော်လမွန်၊ ဆာဒင်း၊ တူနာငါးတွေကို စားပေးသင့်ပါတယ်။

၅)အစေ့အဆံနဲ့ဂျုံ အစေ့အဆံတွေနဲ့ ဂျုံပါဝင်တဲ့စားစရာတွေက အမျှင်ဓာတ်ပါဝင်ရုံသာမက ကာဗွန်ဟိုက်ဒရိတ်တွေပါဝင်တာကြောင့် စွမ်းအင်တိုးစေပြီး ဦးနှောက်မှ serotonin ဆိုတဲ့ဓာတ်မျိုးထုတ်လုပ်ပေးစေပါတယ်။

၆) နို့ နို့သောက်ခြင်းက ဗီတာမင်ဘီ၊ ပရိုတင်း၊ ဗီတာမင်ဒီနဲ့ ကယ်လဆီယမ်ဓာတ်တွေရစေပြီး စိတ်ဖိစီးမှုကြောင့်အိပ်မပျော်ခြင်းကိုလည်းသက်သာစေပါတယ်။

၇) ဒိန်ချဉ်နဲ့ ဘယ်ရီသီးများ စိတ်ဖိစီးနေတဲ့အခါ ရေခဲမုန့်တွေစားမယ့်အစား ဒိန်ချဉ်စားပေးပါ။ ဘယ်ရီသီးတွေကလည်း antioxidant နဲ့ ဗီတာမင်စီပါဝင်တာကြောင့် စိတ်ဖိစီးမှုကိုသက်သာစေပါတယ်။

၈) အခွံမာသီးများ ဗံဒါစေ့၊ pistachios ၊ သစ်ကြားသီး စတဲ့အခွံမာသီးတွေမှာပါဝင်တဲ့ ဗီတာမင်နဲ့ဇင့်ဓာတ်က သင့်ကို ခုခံအားတိုးစေပါတယ်။

၉) ချောကလက် အနက်ရောင်ချောကလက်က သင့်ရဲ့စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ဟော်မုန်းတွေကို လျော့ကျစေပါတယ်။ serotonin ဟော်မုန်းကိုတိုးစေပါတယ်။

၁၀) နံနံပင်၊ မုန်လာဥနီကဲ့သို့ ဟင်းသီးဟင်းရွက်များ နံနံပင်၊ မုန်လာဥနီကဲ့သို့ ဟင်းသီးဟင်းရွက်များ က သင့်ရဲ့စိတ်ဖိစီးမှုကိုသက်သာစေပါတယ်။

Related content