Coronavirus မကူးစက်နိုင်ဖို့ ကိုယ်ခံအားကောင်းအောင်ဂရုစိုက်ပါ
Published on September 23, 2025 Reading time: 3 mins Tags: #Coronavirus #COVID-19 #Immune system #Vitamin C #Zinc #Prevention
လက်တလောက ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ ကူးစက်မြန်တဲ့ ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်ဗိုင်းရပ်စ်)ကြောင့် သေဆုံးသူ ၂၅ထိရှိလာပြီလို့ တရုတ်အစိုးရကထုတ်ပြန်ထားပါတယ်။ တုတ်ကွေးဆန်တဲ့ရောဂါလက္ခဏာတွေပြနိုင်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ကြော်ငြာထားတဲ့ကာကွယ်ဖို့နည်းလမ်းအချို့ကတော့ -လူနေထူထပ်သောနေရာမျိုးကိုမသွားပါနဲ့
- ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါခံစားနေရသူတွေနဲ့အနီးကပ်မနေပါနဲ့။
- တိရိစ္ဆာန်တွေကို တိုက်ရိုက်ထိတွေ့ကိုင်တွယ်ခြင်းမလုပ်ပါနဲ့
- လက်ကိုမကြာခဏ ဆေးကြောပါ။
- ကိုယ်ခံအားကောင်းအောင် နေထိုင်ပါ။
- သားစိမ်းငါးစိမ်းတွေနဲ့ ကလီစာအစိမ်း၊ နို့အစိမ်းတွေကို သေချာကိုင်တွယ်ပါ။ ချက်ပြုတ်ထားတဲဟင်းတွေနဲ့ရောမထားပါနဲ့။
- သက်ကြီးရွယ်အိုတွေနဲ့ကလေးတွေ၊ ရောဂါအခံရှိသူတွေသတိထားပါ။ ရောဂါတိုင်းကိုကာကွယ်နိုင်ဖို့က ခန္ဓာကိုယ်ထဲက ခုခံအားကောင်းနေဖို့လိုပါတယ်။ အဲဒါကြောင့်ခုခံအားကောင်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။ ၁) အာဟာရပြည့်ဝစွာ စားသောက်ပါ။ သားငါးတွေကိုကျက်အောင်ချက်ပြုတ်ပါ။ ၂) အိပ်ရေး၀၀အိပ်ပါ။ ရေများများသောက်ပါ။ ၃) အပြင်ကပြန်လာတိုင်း လက်ကိုဆပ်ပြာနဲ့မကြာခဏဆေးကြောပါ။ ၄) နှာစေးချောင်းဆိုးရင် လက်ကိုင်ပုဝါဆောင်ပါ။ တုတ်ကွေးလက္ခဏာရှိသူတွေနဲ့ နီးကပ်စွာမနေပါနဲ့။ ၅) လူနေထူထပ်ရာကိုမသွားပါနဲ့။ မဖြစ်မနေသွားရရင် နှာခေါင်းစည်း တပ်ပါ။ ၆) ဗီတာမင်စီ ဓာတ်လိုအပ်တဲ့ပမာဏရပါစေ။ အမျိုးသမီးအရွယ်ရောက်သူတွေမှာ 75 mg ခန့်လိုအပ်ပြီး အမျိုးသားတွေမှာတော့ 90mg ခန့်ရရှိပါစေ။ ကလေးတွေမှာတော့ အသက် ၁နှစ်မှ ၃နှစ်ထိ 15mg၊ အသက် ၄နှစ်မှ ၈နှစ်ထိက 25mg ခန့်လိုအပ်ပါတယ်။ ၇) ဇင့်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေစားပါ။ ဥအမျိုးမျိုး၊ သီဟိုဠ်စေ့၊ ဗံဒါစေ့၊ အခွံမာသီး၊ ပဲနီလေး၊ ဖရုံစေ့၊ အဆီထုတ်ထားသောဒိန်ချဉ်၊ မှိုမည်း (shiitake mushrooms)၊ ဟင်းနုနယ်၊ ထောပတ်သီး။ မိမိခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းအောင်နေထိုင်ဂရုစိုက်ခြင်းဖြင့် တတ်နိုင်သလောက် ကာကွယ်ကြပါလို့ဖော်ပြလိုက်ရပါတယ်။