ကြက်သွန်မြိတ်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

Published on September 23, 2025 Reading time: 4 mins Tags: #Spring Onion #Health #Nutrition

ကြက်သွန်မြိတ်(spring onion) မှာ ဗီတာမင်အေ၊ ဘီ၊ စီနဲ့ကေ ကြွယ်ဝစွာပါဝင်တဲ့အပြင် ပိုတက်ဆီယမ်၊ ဆာလဖာ၊ ကော့ပါး၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရတ်နဲ့ ခရိုမီယမ်ကဲ့သို့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ သွေးတိုးခြင်းကိုထိန်းချုပ်ပေးနိုင်ပြီး ခရိုမီယမ်ကြောင့် ဆီးချိုသွေးချိုကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ကြက်သွန်မြိတ်ရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁) ဘက်တီးရီးယားတွေရဲ့ကူးစက်မှုကို တိုက်ဖျက်နိုင်ခြင်း ၂) Antioxidants ကြွယ်ဝစွာပါဝင်ခြင်း ၃) နှလုံးကျန်းမာရေးကို ကောင်းမွန်ဖို့အထောက်အကူဖြစ်စေခြင်း ၄) အမြင်အာရုံကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ခြင်း ၅) အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာဖို့ကူညီနိုင်ခြင်း ၆) ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ခြင်း ၇) ကိုလက်စထရော လျှော့ကျစေခြင်း ၈) သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ခြင်း ၉) အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာကို ကူညီပေးနိုင်ခြင်း ၁၀) သွေးထဲက သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ခြင်း

Related content