ဒူးရင်းသြဇာသီးရဲ့အံ့မခန်းကျန်းမာရေးအကျိုးများ
Published on September 22, 2025 Reading time: 4 mins Tags: #Soursop #Health Benefits #Nutrition
ဒူးရင်းသြဇာသီးမှာ အံ့အားသင့်ဖွယ် အာဟာရဓာတ်တွေပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် စတဲ့အာဟာရဓာတ်တွေအပြင် niacin ၊ riboflavin ၊ folate နဲ့ iron ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒူးရင်းသြဇာသီးကို soursop လို့လည်းခေါ်ပြီး graviola လို့လည်းခေါ်ကြပါသေးတယ်။ ဒူးရင်းသြဇာသီးရဲ့အကျိုးကျေးဇူးတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ၁) ရောင်ရမ်းခြင်းကိုလျော့ကျစေခြင်း ၂) အရေပြားကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း ၃) သွေးအားနည်းခြင်းကို ကာကွယ်ဖို့အထောက်အကူဖြစ်ခြင်း ၄) ဆီးချိုရောဂါကို ကုသရာတွင်အသုံးဝင်ခြင်း ၅) ကင်ဆာဆဲလ်များကို တိုက်ဖျက်ဖို့ အကူအညီဖြစ်စေခြင်း ၆) ကိုလက်စထရောလျော့ကျစေခြင်း ၇) မိုင်ဂရိန်း ခေါင်းကိုက်ရောဂါဖြစ်ပွားမှုကို သက်သာစေခြင်း ၈) အစာခြေစနစ်ကို ကောင်းမွန်စေခြင်း ၉) ခြေထောက်ကြွက်တက်ခြင်းကို သက်သာစေခြင်း ၁၀) ရင်ကြပ်ခြင်းကို သက်သာဖို့အကူအညီဖြစ်စေခြင်း တန်ဆေးလွန်ဘေးဖြစ်တာမို့ ဘယ်အစားအစာကိုမဆို သက်ဆိုင်ရာဆရာဝန်ကို မေးမြန်းပြီးမှ စားသုံးခြင်းကတော့ အကောင်းဆုံးပါပဲနော်။