တစ်ယောက်တည်းအခြားနိုင်ငံသို့ခရီးသွားလျှင် သတိထားရမည့်အချက်

Published on September 5, 2025 Reading time: 1 mins Tags: #Travel #Solo Travel #Emergency Tips

တစ်ယောက်တည်းခရီးသွားရတဲ့အခါ မှတ်ထားသင့်တဲ့အချက်လေးတွေပါ။

၁) မရှိမဖြစ်လိုအပ်တဲ့ပစ ္စ္စည်းတွေ အသေးစိတ်စာရင်းချရေးထားပါ။ံ

သွားခါနီးမှ ဟိုဟာမေ့..ဒီဟာမေ့…. ကျန်တာမျိုးမဖြစ်နိုင်တော့ဘူးပေါ့။

၂) passport ကိုကော်ပီ ၂စုံလောက်ကူးထားပါ။

မတော်တဆများ passport ပျောက်သွားတာမျိုးဆို အရံအနေနဲ့ ကော်ပီကူးထားတာ ပိုကောင်းပါတယ်။

၃) Passport expired date ကိုစစ်ဆေးပါ။

လေဆိပ်ရောက်ခါမှ passport expired ဖြစ်နေတာမျိုး ကြုံဖူးကြလား။ expired date ကိုစစ်ဆေးဖို့လဲ အရေးကြီးပါတယ်။

၄)credit card ကို တစ်ခုမက ဆောင်ထားပါ။

ငွေကို အထုပ်လိုက်သယ်သွားရတာလဲ အဆင်မပြေနိုင်တော့ ငွေအလွယ်တကူထုတ်ယူလို့ရတဲ့ ကဒ်လေးက ခုလိုနေရာမှ အဆင်ပြေစေပါတယ်။ ပိုက်ဆံအိတ်ထဲက ထွက်ကျတာမျိုးမဖြစ်အောင်တော့ သတိထားပါ။

၅) ဖုန်းပျောက်သွားခဲ့ရင် အရေးပေါ်နံပါတ်တွေမှတ်မိအောင် မှတ်စုရေးမှတ်ထားပါ။

ခုခေတ်က ဖုန်းနံပါတ်တွေ ဦးနှောက်ထဲသိပ်မမှတ်မိကြတော့ပါဘူး။ ခုလိုတစ်ယောက်တည်းအရေးပေါ်ဖုန်းပျောက်တာမျိုးဖြစ်လာခဲ့ရင် ဆက်သွယ်လို့ရအောင် ကိုယ့်ရဲ့မိသားစုဝင်၊ သူငယ်ချင်း ဖုန်းနံပါတ်တွေမှတ်ထားတာ အကောင်းဆုံးပါ။

၆) ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး နေ့ဘက်အလင်းရောင်ရတဲ့အချိန်အရောက်သွားပါ။

ကိုယ်ရောက်ဖူးတဲ့နေရာဖြစ်ဖြစ်၊ မရောက်ဖူးတဲ့နေရာဖြစ်ဖြစ် တစ်ယောက်တည်းသွားရတဲ့အခါ နေ့ဘက်အလင်းရောင်ရတဲ့အချိန်ရောက်တာအကောင်းဆုံးပါ။ ထပ်သွားရမယ့်နေရာရှာတာမျိုး၊ တည်းခိုးမယ့်နေရာရှာတာမျိုးဆိုရင် နေ့ဘက်မှာ ရှာရဖွေရာလွယ်စေပါတယ်။

၇) Plan ဆွဲပါ။

ဘယ်နေရာပြီးရင် ဘယ်နေရာသွားမယ်ဆိုတာမျိုး အစီအစဉ်လုပ်ထားတော့ ဟိုရောက်မှ ဘယ်သွားရမှန်းမသိတာမျိုးမဖြစ်နိုင်တော့ဘူးပေါ့။ အချိန်လည်း သိပ်မကုန်တော့ဘဲ နေရာစုံရောက်ဖို့ပိုလွယ်ပါတယ်။

၈) မိမိသွားမည့်နေရာရဲ့ ရာသီဥတု၊ ယဉ်ကျေးမှုနောက်ခံ၊ အဓိကအရေးပေါ်ဆက်သွယ်သင့်တဲ့ဖုန်းနံပါတ်များ ရှာဖွေစုဆောင်းလေ့လာထားပါ။

အရေးပေါ်အခြေအနေမျိုးဖြစ်လာရင် ကြောက်မနေတော့ဘဲ လုပ်သင့်တာလုပ်ဖို့ ပါ။ ရာသီဥတုအခြေအနေပေါ်လိုက်ပြီး အဝတ်အစားထည့်ယူဖို့လည်း အဆင်ပြေစေပါတယ်။

၉) တန်ဖိုးကြီးလက်ဝတ်လက်စားတွေ မယူသွားတာအကောင်းဆုံးပါ။

တစ်ယောက်တည်းဖြစ်နေရင် အရာရာကို ဘာမှ လျှော့မတွက်တာအကောင်းဆုံး။ ဘာမှမဖြစ်လာခဲ့အောင် ကြိုတင်ကာကွယ်ထားတာအကောင်းဆုံးပါပဲ။

၁၀) ဖုန်းကို အားသွင်းထားပါ။ powerbank ကိုအားသွင်းထားပါ။

အရေးအကြောင်းပေါ်လာတော့မှ ဖုန်းအားကုန်နေတာမျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။

၁၁) Passport , Visa မပျောက်ဖို့ ဂရုစိုက်ပါ။

အရေးအကြီးဆုံးထဲမှာ ပါပါတယ်။ ဖုန်းနဲ့ဖြစ်ဖြစ် ဓာတ်ပုံရိုက်ယူထားတာမျိုးလဲ လုပ်ထားသင့်ပါတယ်။

၁၂) မိမိတည်းခိုမယ့်နေရာလိပ်စာ အတိအကျသေချာစုံစမ်းထားပါ။

လေဆိပ်ရောက်ပြီးတာနဲ့ ဘယ်ကိုဆက်သွားမလဲ၊ တည်းခိုမယ့်နေရာက ဘယ်မှာလဲဆိုတာ အတိအကျသိအောင် စုံစမ်းထားတာက ယောင်ဝါးဝါးမဖြစ်စေတော့ဘဲ ကိုယ့်အတွက်အဆင်ပြေစေမှာပါ။

၁၃) မိမိသွားမယ့်နိုင်ငံရဲ့ လမ်းညွှန်မြေပုံ၊ ဒါမှမဟုတ ်လမ်းညွှန်စာအုပ် ထည့်သွားပါ။

ကိုယ်သွားမယ့်နိုင်ငံကို ရောက်မှ မျက်စိလည်နေတာမျိုး၊ လမ်းမှားနေတာမျိုး မဖြစ်ရအောင် ဒါမှမဟုတ် ဖြစ်လာခဲ့ရင်လည်း ချက်ချင်းသိနိုင်အောင် မြေပုံဆောင်ထားပါ။ ဖုန်းထဲကနေ မြေပုံကိုကြည့်နိုင်ပေမယ့် ဖုန်းပျောက်သွားခဲ့သည်ရှိသော် မြေပုံမှာအလွယ်တကူကြည့်နိုင်ပါတယ်။

၁၄) မိမိသွားမယ့်နိုင်ငံရဲ့ တားမြစ်ထားသောနေရာများကို ရှောင်ပါ။

မိမိသွားမယ့်နိုင်ငံက တားမြစ်နေရာတွေကို မသွားပါနဲ့။ တစ်ယောက်တည်းအန ္တရာယ်ဖြစ်လာဖို့ အခွင့်အရေးများတာမို့ပါ။

၁၅) မိမိသွားမယ့်နိုင်ငံရဲ့ ဘာသာစကားကို အနည်းအကျဉ်းလေ့လာထားပါ။

မိမိသွားမယ့် နိုင်ငံရဲ့ ဘာသာစကားကို ထမင်းစားရေသောက်စကားမျိုးလောက်တော့ နားလည်နိုင်အောင် လေ့လာထားတာပိုကောင်းပါတယ်။ သူစိမ်းတွေကြားထဲမှာ ကိုယ်ဘာမှမသိဘဲ ဖြစ်နေတာထက်စာရင် အနည်းအကျဉ်းလေး နားလည်တာက ပိုကောင်းသလို မိမိကိုလည်း တော်တန်ရုံ အထင်မသေးနိုင်တော့ပါဘူး။

၁၆) လိုက်လျောညီထွေဖြစ်အောင်နေထိုင်ပါ။

အရေးကြီးဆုံးအချက်ကတော့ မိမိသွားမယ့်နိုင်ငံက သူစိမ်းတွေချည်းပဲမို့ အားလုံးနဲ့လိုက်လျောညီထွေဖြစ်အောင် နေထိုင်တာက သင့်အတွက် အန္တရာယ်နည်းပါတယ်။

၁၇) အတူခရီးသွားဖော်တွေ့ခဲ့ရင် အပြန်အလှန်ကူညီပေးပါ။

တစ်ယောက်တည်းခရီးသွားရတဲ့အခါ အခက်အခဲတစ်ခုခုဖြစ်ဖြစ်၊ အန ္တ ရာယ်တစ်ခုခုဖြစ်ဖြစ်ကြုံလာရတာမျိုးမပြောနိုင်ပါဘူး။ အဲဒီ့အခါ အကူအညီပေးနိုင်ဖို့ သွားရင်းလာရင်းကိုယ့်လို ခရီးသွားဖော်မျိုးကို အပြန်အလှန်ကူညီပေးခြင်းက ကိုယ်အတွက် အဖော်ရစေသလို ကိုယ်အကူအညီလိုလာရင်လည်း အကူအညီရနိုင်ပါတယ်။

Related content