ဘဝတွင် ထားရှိသင့်သော လူမှုဆက်ဆံရေးဆိုင်ရာ စည်းကမ်းများ
Published on September 21, 2025 Reading time: 2 mins Tags: #Guidelines #Social Skills #Personal Development
သင့်ဘဝမှာ သင့်ကိုသင်သတ်မှတ်ထားတဲ့စည်းကမ်းတွေရှိသင့်သလို၊ အခြားသူတွေအပေါ် ဆက်ဆံဖို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေလည်း ရှိသင့်ပါတယ်။ အဲဒါမှ သင့်ကို အခြားသူတွေက လာရောက်ပြီးထိခိုက်အောင် လုပ်ခြင်းကို အကန့်အသတ်ဖြစ်စေမှာဖြစ်ပြီး သင့်ကြောင့် အခြားသူတွေ ထိခိုက်မှာမျိုးလည်း တားဆီးပြီးသားဖြစ်စေမှာပါ။ ကိုယ့်ကိုကိုယ်ကော၊ အခြားသူများကိုကော မထိခိုက်ဖို့ လူမှုဆက်ဆံရေးဆိုင်ရာ စည်းကမ်းစည်းမျဉ်းတွေ သတ်မှတ်ထားဖို့လိုအပ်ပါတယ်။ အဲဒါကြောင့် သတ်မှတ်ထားသင့်တဲ့ လူမှုဆက်ဆံရေးဆိုင်ရာ စည်းကမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ၁) ကိုယ့်ကိုကိုယ်တန်ဖိုးထားချစ်ခင်ပါ။ ၂) တဖက်လူအပေါ် သံသယစိတ်အပြည့်နဲ့မဆက်ဆံပါနဲ့။ အယုံကြည်လည်း မလွန်ပါစေနဲ့။ ၃) အခြားလူတွေအပေါ်အာရုံမများစေဘဲ ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းထားတာကိုသာ အာရုံစိုက်ပါ။ ၄) ကိုယ့်ရဲ့ကိုယ်ကျင့်တရားနဲ့ လူ့ကျင့်ဝတ်ကို စောင့်ထိန်းပါ။ ၅) အမှန်တရားကိုမြတ်နိုးတန်ဖိုးထားပါ။ ၆) ကိုယ်အမှန်တကယ်လိုက်နာထားတဲ့ အမှန်တရားနဲ့ပတ်သက်ပြီး ရဲဝင့်စွာရင်ဆိုင်ပါ။ ၇) ဘဝဖြတ်သန်းပုံခြင်းမတူညီတဲ့အတွက် အခြားသူရဲ့ဘဝအမြင်ကိုလည်း လေးစားလက်ခံပေးပါ။ ၈) မတရားမှု၊ ခေါင်းပုံဖြတ်မှုတွေကို လက်မခံပါနှင့်။ အခြားသူများအပေါ်လည်း မတရားမလုပ်မိပါစေနဲ့။ ၉) ကိုယ်မထိန်းချုပ်နိုင်တဲ့ဘဝရဲ့ပြဿနာတွေကို ဝဋ်ကြွေးဆပ်တယ်လို့သာ သဘောထားလိုက်ပါ။ ၁၀) ကိုယ်အမြဲစောင့်ထိန်းခဲ့တဲ့ ဂုဏ်သိက္ခာအပေါ် ထိပါးခွင့်မပြုပါနဲ့။ ၁၁) ကိုယ်တန်ဖိုးထားသောအရာများကို အထိခိုက်မခံပါနဲ့။ အခြားသူရဲ့တန်ဖိုးထားရာကိုလည်း လေးစားမှုရှိပါ။ ၁၂) ကိုယ်ပြောချင်ပေမယ့် တဖက်လူ စိတ်ဝင်စားမှုရှိမရှိ လေ့လာပါ။ ၁၃) ကိုယ်မသိတဲ့အခြားသူတွေရဲ့ကိစ္စကို လက်လွတ်စပယ်မပြောပါနဲ့။ ၁၄) လူတိုင်းကို ကိုယ့်ရဲ့ခံစားချက်အစစ်အမှန်နဲ့ ကိုယ့်ဘဝအကြောင်း ခရေစေ့တွင်းကျ အကုန်ရင်မဖွင့်သင့်ပါဘူး။ ၁၅) ကိုယ့်စေတနာကို အသိအမှတ်ပြုသူများကသာ စေတနာထားရကျိုးနပ်စေတာပါ။ ၁၆) ကိုယ့်တန်ဖိုးကိုသိသူများကသာ သင့်တန်ဖိုးကို အရောင်တက်စေတာပါ။ ၁၇) အသုံးချရုံသက်သက် ကိုယ့်ဘဝထဲလာပတ်သက်သူများကို တဖြေးဖြေးချင်းရှောင်ဖယ်ခြင်းက ကိုယ့်အပြစ်မဟုတ်ပါဘူး။ ၁၈) ချစ်ခင်ဟန်ပြပြီး ကိုယ့်ကိုအသုံးချ ချောက်ထဲတွန်းချမယ့်သူမျိုးကို အားမနာမိပါစေနဲ့။ ၁၉) ကိုယ့်ကြောင့် အခြားသူမထိခိုက်၊ မနစ်နာစေခဲ့သရွေ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ။ ၂၀) အခြားလူတွေရဲ့အမြင်နဲ့ သင့်ဘဝကို မရှင်သန်ပါနဲ့။ ၂၁) လူတိုင်းရဲ့ကျေနပ်မှုမရနိုင်တာ ထုံးစံတစ်ခုပါပဲ။ ၂၂) သင့်ဘဝကို သင်ဖြစ်ချင်တဲ့ပုံစံအတိုင်း ရှင်သန်ခြင်းက လူဖြစ်ရကျိုးနပ်စေပါတယ်။ စာဖတ်သူတွေမှာရော ကိုယ့်ဘဝအတွက် ဘယ်လိုစည်းမျဉ်း စည်ကမ်းမျိုးသတ်မှတ်ထားကြသလဲ ဆိုတာ ကွန်မန့်မှာ ရေးသွားကြပါအုံး။ ခုရေးပြထားတဲ့ အချက် ၂၂ချက်ထဲက ဘယ်အချက်ကို ကျင့်သုံးနေထိုင်နေသလဲဆိုတာ လက်တို့လိုက်ပါအုံနော်။