ပျော်ရွှင်တဲ့ဘဝရဲ့ အခြေခံအချက် (၆) ချက်
Published on September 22, 2025 Reading time: 6 mins Tags: #Life tips #Happiness #Mindset
ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့အတွက် ငွေတွေအများကြီးချမ်းသာစရာမလိုပါဘူး။ စိတ်ထားတတ်ဖို့သာ အဓိကကျပါတယ်။ ငွေကို လုံးဝမလိုအပ်ဘူးလို့ဆိုလိုချင်တာမဟုတ်ပေမယ့် စားဝတ်နေရေးသင့်တင့်အဆင်ပြေရုံတော့ လိုအပ်ပါတယ်။ လိုအပ်တာထက်ပိုလိုချင်တာရင်တော့ လောဘပါလာပြီး ပူလောင်မှု၊ ပူပန်မှုတွေမှာ ပါလာပါတယ်။ အဲဒီ့အခါ ပျော်ရွှင်မှုနည်းလာပါတယ်။ အဲဒါကြောင့် ပျော်ရွှင်ဖို့ အောက်ပါအချက် (၆)ချက်ကို လက်ကိုင်ထားကျင့်သုံးကြည့်ပါနော်။
အကောင်းမြင်စိတ်မွေးပါ
နည်းနည်းပဲ မျှော်လင့်ပါ
စေတနာသန့်သန့်နဲ့ များများပေးဖို့ကြိုးစားပါ
ရှိပြီးသားတွေကို ကျေးဇူးတင်တတ်ပါစေ
အတိတ်တွေကိုပြန်တွေးပြီး မပူပန်ပါနဲ့တော့
အခုလက်ရှိအချိန်မှာ အရိုးရှင်းဆုံးနဲ့ အရိုးသားဆုံး ဘဝကိုရှင်သန်ပါ။