ပိုကောင်းတဲ့လူဖြစ်ဖို့ သင်ခန်းစာ ၉ ချက်

Published on September 16, 2025 Reading time: 2 mins Tags: #Life lessons #Personal growth #Self-discipline

လူတိုင်းတော့ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ချင်ကြတာချည်းပါပဲနော်။ ဒါဆိုရင် ပိုကောင်းတဲ့၊ ပိုတော်တဲ့လူတစ်ယောက်ဖြစ်ဖို့ သင့်ကိုယ်သင်လိုက်နာသင့်တဲ့အချက်လေးတွေတော့ သတ်မှတ်ထားမှဖြစ်ပါလိမ့်မယ်။ ဘယ်အချက်တွေ လိုက်နာသင့်သလဲဆိုတာလေး ဖတ်ကြည့်လိုက်ပါအုံး။

၁) တစ်နေ့တာလုံးမှာ ကျေးဇူးတင်စရာလေးတွေကို ကျေးဇူးတင်တတ်အောင် လေ့ကျင့်ပါ။ စစ်မှန်တဲ့အရာတွေက ရိုးရှင်းပါတယ်။ ရိုးရှင်းပြီး စစ်မှန်မှုကသာ စွမ်းအင်အပြည့်ဝဆုံးပါပဲ။

၂) သင့်ခေါင်းထဲကထွက်လာတဲ့ဆင်ခြေတွေကို နားမထောင်ပါနဲ့။ သင်လုပ်နိုင်ပါတယ်။ သင့်မှာ လုပ်နိုင်တဲ့စွမ်းအင်ရှိပါတယ်။ သင့်ကိုသင်ယုံကြည်ပါ။

၃) သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးကိုပြန်ပြီး သုံးသပ်ပါ။ သင့်အတွက် မကောင်းဘူးလို့ခံစားရတဲ့လူတွေကို အချိန်မပေးပါနဲ့။

၄) အထီးကျန်မှာ မကြောက်ပါနဲ့။ အထီးကျန်တဲ့ခံစားချက်ကို ကြောက်မယ့်အစား သင့်မြတ်နိုးတာလေးတွေလုပ်ပြီး သင့်ကိုသင်အပန်းဖြေဖို့ ကြိုးစားပါ။

၅) အပျော်တမ်း ရုပ်မြင်သံကြားနဲ့ အခြားနည်းပညာတွေကို ခဏတဖြုတ်မေ့ထားပါ။ စာအုပ်တွေအစား တခါတလေသင့်အတွက် အထောက်အကူဖြစ်မယ့် သင်ခန်းစာဖိုင်တွေ၊ ဗွီဒီယိုဖိုင်တွေကိုလည်း နားထောင်သင့်ပါတယ်။

၆) သင့်ခန္ဓာကိုယ်ကို ကျန်းမာဖို့ လေ့ကျင့်ခန်းတွေလုပ်ပါ။ တစ်နေ့ကို ခြေလှမ်း တစ်သောင်းခန့်လှမ်းပါ။ ၃ကြိမ် ဒါမှမဟုတ် ၅ကြိမ်ခန့် ချွေးထွက်မယ့် လေ့ကျင့်ခန်းတွေလုပ်ပေးပါ။

၇) ရှုပ်ထွေးမှုတွေကို ဖြေရှင်းပါ။ သင့်ကိုမပျော်ရွှင်စေတဲ့ တစ်ချို့အရာတွေကို လျစ်လျူမရှုထားပါနဲ့။ အဲဒီ့အရာတွေက သင့်ထံဘယ်လိုလာရောက်ရှုပ်ထွေးသလဲ အဖြေရှာပြီး ဖြေရှင်းပါ။

၈) အာရုံစူးစိုက်မှု ထက်မြက်နေပါစေ။ အရာတော်တော်များများမှာ အကောင်းဆုံးဖြစ်ဖို့ မကြိုးစားပါနဲ့။ သင်မြတ်နိုးတဲ့အရာတွေကိုသိပါ။ ထိုအရာတွေ မှာ အကောင်းဆုံးဖြစ်အောင် အာရုံစိုက်ပါ။

၉) အကောင်းဘက်က မြင်တတ်အောင် လေ့ကျင့်ပါ။ အဖြေကိုရှာပါ။ လုပ်နိုင်တယ်၊ တတ်နိုင်တယ်လို့ ကိုယ့်ကိုကိုယ်ပြောပါ။ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိမယ့်စကားလုံးမျိုးကိုသာ တွေးတောပါ။

အထက်ပါအချက် ၉ချက်ကို အကျင့်ဖြစ်အောင်မွေးခြင်းက သင့်ဘဝဒီထက်ပိုတိုးတက်လာစေဖို့ အထောက်အကူဖြစ်စေမှာပါ။

Related content