စိတ်နှင့်ကိုယ်ကျန်းမာရေးအတွက် ကိုယ့်ကိုဂရုစိုက်ရန်
Published on September 21, 2025 Reading time: 3 mins Tags: #Health Tips #Mental Wellness #Self-Improvement
လူတိုင်းလိုလိုက အမြဲလို ယှဉ်ပြိုင်မှုတွေ၊ အခက်အခဲတွေနဲ့ ကြိုးစားရုန်းကန်နေရတဲ့လူတွေချည်းပါပဲ။ အဲဒီ့အခါ စိတ်ကျန်းမာရေးကော ကိုယ်ကျန်းမာရေးနှစ်မျိုးလုံးကိုပါ သတိထားပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်သင့်ပါတယ်။ တခါတလေစိတ်ဖိစီးမှုတွေအရမ်းများလာခြင်းက ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို ဆိုးဝါးရာမှအစ တဖြေးဖြေး ကိုယ်ကျန်းမာရေးပါထိခိုက်လာနိုင်ပါတယ်။ ကိုယ်ကျန်းမာရေးက မကောင်းပြန်တော့လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပြန်ပါဘူး။ အဲဒီ့အခါ ကိုယ်ကျန်းမာရေးကို အားမရဘူးဖြစ်တတ်ပြန်ပါတယ်။ ကိုယ်လုပ်ချင်တာတွေ စိတ်ထဲမှာရှိနေပေမယ့် ကိုယ်ကမလိုက်နိုင်တဲ့အခါကျပြန်တော့ စိတ်ပါမကောင်းဘူးဖြစ်ရပြန်ပါတယ်။ အဲဒါကြောင့် စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးက ဆက်စပ်နေပါတယ်။ အဲဒါကြောင့် ကိုယ်ရော၊ စိတ်ပါကျန်းမာဖို့အတွက် ကိုယ့်ကိုကိုယ်ဂရုစိုက်ရမယ့်အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။ ၁) ကိုယ်ကျန်းမာဖို့အတွက် ကျန်းမာစေတဲ့အစားအစာကို ရွေးချယ်စားသောက်ပါ။ ၂) လေ့ကျင့်ခန်းပုံမှန်လေးလုပ်ပါ။ ၃) တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ၄) ပန်းခြံနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိတွေ့ပါ။ ၅) ကိုယ်ပိုင်အချိန်သတ်မှတ်ထားပါ။ ၆) ကိုယ်နှစ်သက်ရာဝါသနာတစ်ခုခု လုပ်ပါ။ ဥပမာ။ အပင်စိုက်ခြင်း၊ ပန်းချီဆွဲခြင်း။ ၇) ကိုယ့်အပေါ် မကောင်းတဲ့အမြင်လွှမ်းမိုးစေတဲ့လူတွေကို ရှောင်ပါ။ ၈) ကိုယ့်ရည်မှန်းချက်ကို တစ်နေ့နည်းနည်းချင်း အကောင်အထည်ဖော်ပါ။ ၉) ပရဟိတ နိုင်သလောက်လုပ်ပေးပါ။ ၁၀) ကိုယ့်ကိုကိုယ်သိပါစေ။ ဥပမာ။ အရမ်းပင်ပန်းနေလား၊ အရမ်းစိတ်ဖိစီးနေလား၊ စိတ်ရှုပ်ထွေးနေလား စသဖြင့်သိပါစေ။ ၁၁) စိတ်ကိုဖြေနိုင်အောင် အလေ့အကျင့်လုပ်ပါ။ ၁၂) တရားထိုင်ပါ။ ၁၃) စာဖတ်ပါ။ ၁၄) ကိုယ်ကံကောင်းခဲ့တာလေးတွေကို မကြာမကြာပြန်တွေးကြည့်ပါ။ ၁၅) ကိုယ့်ကိုချစ်ခင်သူ (ကိုယ့်အကျိုးလိုလားသူ)တွေနဲ့သာ ဝန်းရံပါ။ ၁၆) အကောင်းဘက်ကဖြည့်တွေးတတ်ပါစေ။ ၁၇) ဆေးလိပ်၊ ကွမ်း၊ အရက်လျှော့ပါ။ ၁၈) အဆိပ်အတောက်လိုမိတ်ဆွေကိုရှောင်ပါ။