စိုးရိမ်မှုတွေကို လျော့ကျစေမယ့် နည်းလမ်း ၆ ချက်

Published on August 18, 2025 Reading time: 3 mins Tags: #Anxiety #Stress #Health

လူတိုင်း စိုးရိမ်ပူပန်တတ်ကြပါတယ်။ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ တွေးတော ပူပန်တတ်ကြတာမို့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျအောင် ပြုလုပ်နိုင်မယ့်နည်းလမ်း ၆ချက်ကိုဖော်ပြပေးလိုက်ပါတယ်။ ၁) ၇နာရီ (သို့) ၉နာရီ ပြည့်ဝအောင် အိပ်ပါ။ အိပ်ချိန်မပြည့်ဝခြင်းက နေ့ဘက်မှာ သင့်ကိုစိုးရိမ်ပူပန်မှုတွေ ပြင်းထန်စေတတ်ပါတယ်။ မအိပ်ခင် ၂နာရီ ၃နာရီကြားမှာ အရက်သောက်ခြင်းကိုရှောင်ခြင်းက သင့်အတွက် ပိုပြီး အိပ်စက်ရလွယ်ကူစေမှာပါ။ ၂) vitamin B6 ပါဝင်သောအစာစားပါ vitamin B6 ၊ vitamin B3 ၊ vitamin B12၊ Zinc Maganesium ပါဝင်သောအစားအစာများက သင့်ရဲ့စိုးရိမ်ပူပန်ခြင်းကို လျော့ကျစေနိုင်ပါတယ်။ ၃) ဂျာနယ်ရေးပါ။ ဂျာနယ်ရေးခြင်းက စိတ်အာရုံကိုတည်ငြိမ်စေပြီး၊ သင့်စိတ်ကိုပြေလျော့စေပါတယ်။ သင့်ကိုစိတ်ဖိစီးမှု၊ ပူဆွေးမှုဖြစ်စေတဲ့အခြေအနေတွေကို ချရေးခြင်းက အဲဒီ့အခြေအနေတွေက ဘယ်လိုလွတ်မြောက်စေမလဲဆိုတဲ့ အဖြေကိုရလာစေသလို သင့်ရဲ့ဖိစီးမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ၄) နေရောင်ခြည်နဲ့ မိနစ်၃၀ခန့်ထိတွေ့ပါ။ မနက်စောစောမှာ နေရောင်ခြည်နဲ့ထိတွေခြင်းက သင့်ဦးနှောက်မှာ serotonin ဆိုတဲ့ဓာတ်တစ်မျိုးထုတ်လွှတ်ပေးပါတယ်။ ထိုဓာတ်က သင့်ရဲ့စိတ်ပူပန်မှုတွေကို တည်ငြိမ်စေပါတယ်။ အနည်းဆုံး နာရီဝက်ခန့် နေရောင်ခြည်နဲ့ထိတွေခြင်းက သင့်စိတ်ဖိစီးမှုကိုပြေလျော့စေပါလိမ့်မယ်။ ၅) သင့်ပတ်ဝန်းကျင်မှာ မလိုအပ်ပဲရှု့ပ်ပွနေတဲ့ပစ္စည်းတွေကို ရှင်းပါ။ သင့်ပတ်ဝန်းကျင်မှာ မလိုအပ်ပဲ ရှုပ်ပွနေတဲ့ပစ္စည်းတွေကို မြင်နေရတာက သင့်ရဲ့စိတ်ဖိစီးမှုတွေကို ပိုတောင်ဆိုးလာစေပါသေးတယ်။ ၆) သကြားဓာတ်များတဲ့အစားအစာတွေကို လျော့စားပါ။ သကြားဓာတ်များတဲ့အစာတွေက ကြည့်ရတာ အရသာရှိမယ့်ပုံပေါ်ပါတယ်။ ဒါပေမယ့် သကြားဓာတ်များတဲ့အစာကို လျော့စားခြင်းက စိတ်ဖိစီးမှုနဲ့တိုက်ရိုက်ပတ်သက်မှုကို ရှိနေပါတယ်။ အဲဒါကြောင့် သကြားဓာတ်များတဲ့အစားအစာတွေနေရာမှာ အခြားကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေနဲ့ အစားထိုးဖို့မမေ့ပါနဲ့။

Related content