ဆေးလိပ်ဖြတ်နည်း ၈ နည်း။

Published on September 7, 2025 Reading time: 2 mins Tags: #Quit Smoking Tips #Health #Lung Cancer

လေ့လာချက်များအရ အသည်းကင်ဆာဖြစ်သူ ၁၂၅ယောက်တိုင်းတွင် ထက်ဝက်နီးပါးသည် aဆးလိပ်သောက်ခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်းတွေ့ရသည်။ ဆိုလိုသည်မှာ aဆးလိပ်သောက်ခြင်းသည် အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ အသည်းကင်ဆာဖြစ်ပွားမှု အလားအလာပိုများနိုင်ပါတယ်။

၁) အကြောင်းပြချက်ရှာပါ

ဆေးလိပ်ဖြတ်ရမယ့် အကြောင်းပြချက်တစ်ခု ချရေးလိုက်ပါ။ ကိုယ့်မိသားစုအတွင်းမှ ကလေးငယ်တွေအတွက်၊ ကိုယ်ချစ်ရတဲ့သူတွေအတွက်၊ အဆုတ်ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားမှု စသည်ဖြင့် ဆိုးကျိုးများကိုပါ ရေးထားပါ။ ဆေးလိပ်သောက်ချင်လာတိုင်း ဘာကြောင့်ဆေးလိပ်ဖြတ်သင့်တာလဲဆိုတာကို ပြန်သတိရပါ။

၂) ရေနှင့် သစ်သီးဖျော်ရည် ပြောင်းသောက်ပါ

ရေနှင့်သစ်သီးဖျော်ရည်များကို သောက်ခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့်အပြင် အရက်စွဲခြင်းကို လျှော့ကျစေသည်။ အစာစားပြီတိုင်း ဆေးလိပ်သောက်လေ့ရှိသူများသည် သွားတိုက်ခြင်း/ပီကေဝါးခြင်း/သူငယ်ချင်းထံစာပို့ခြင်း/လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ဆေးလိပ်သောက်လိုစိတ်ကို မေ့ဖျောက်နိုင်ပါသည်။

၃) ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းသည် ဦးနှောက်ထံမှ ဆေးလိပ်သောက်လိုစိတ်ကို လျှော့ကျစေသည့်ဒြပ်ပေါင်းများ ထွက်စေကြောင်းတွေ့ရသည်။ ဆေးလိပ်သောက်လိုစိတ်ဖြစ်ပေါ်လာပါက လမ်းလျှောက်ခြင်း သို့မဟုတ် ခပ်ရွရွလေးပြေးခြင်းဖြင့် စိတ်ဖြေနိုင်သည်။ မိမိခွေးနှင့် လမ်းလျှောက်ထွက်ခြင်း/ အိမ်ရှေ့ ပန်းခြံတွင် ပေါင်းသင်မြက်နှုတ်ခြင်း အစရှိသည့် သက်သာသော လေ့ကျင့်ခန်းများကလည်း ဆေးလိပ်သောက်လိုစိတ်ကို လျှော့ချပေးသည်။ ဆေးလိပ်ဖြတ်ခြင်းဖြင့် ကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်နိုင်သည်။

၄) ဆေးလိပ်နံ့ထွက်နေသော

အဝတ်အထည်များ အသုံးပြုခြင်း၊ ဆေးလိပ်နှင့်ပတ်သက်သမျှ အနီးအနားမှာထားခြင်း ရှောင်ပါ။ ကိုယ်မျက်စိရှေ့မှာ မြင်နေရတာမျိုး၊ အနံရနေတာမျိုးက ဆေးလိပ်သောက်ချင်စိတ်ကိုပြန်ပြီး လှုံ့ဆော်နိုင်ပါသည်။ အမှန်တကယ် စိတ်ပြတ်သွားစေဖို့ ဆေးလိပ်နှင့်ပတ်သက်သမျှ အနီးအနားမှာမထားတာ အကောင်းဆုးံပါ။

၅) တစ်ခုခု အစားထိုးပါ။

နီကိုတင်းအစားထိုးကုထုံးဟာ သင့်ရဲ့ဆေးလိပ်ဖြတ်ဖို့အစီအစဉ် အောင်မြင်မှုနှုန်းကို နှစ်ဆတိုးစေလိမ့်မည်။ နီကိုတင်းကပ်ခွာ/သောက်ဆေး/ငုံဆေး/ပီကေနှင့် နှာတွင်းဖျန်းဆေး စသဖြင့် မျိုးစုံရှိသည်။ ရှူဘူးနှင့် အီးစီးကရက်ကဲ့သို့ ထုတ်ကုန်များလည်း အသုံးပြုနိုင်သည်။ ဆေးလိပ်သောက်ချင်စိတ်ပြင်းပြလာတဲ့အခါ ငုံဆေး၊ ပီကေ၊ ဖျော်ရည်တစ်ခုခု စသဖြင့် အစားထိုးပါ။

၆) သူငယ်ချင်း၊ မိသားစုများကို အသိပေးထားပါ။

ဆေးလိပ်ဖြတ်မည့်အကြောင်းကို ပတ်ဝန်းကျင်က လူတွေကိ ုအသိပေးထားပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းတွေထဲမှာ ဆေးလိပ်သောက်သူပါနေခဲ့လျှင် ကိုယ်ပါ ဆေးလိပ်ပြန်သောက်ချင်စိတ်ဖြစ်လာနိုင်တဲ့အတွက်ပါ။ ဆေးလိပ်သောက်တတ်သည့်ပတ်ဝန်းကျင်ကို ရှောင်လိုက်တာက ဆေးလိပ်ဖြတ်ချင်သူအတွက်အကောင်းဆုံးပါ။

၇) ရှောင်ပါ။

အရက်သောက်ခြင်း၊ ဂတ်စ်ပါသောအချိုရည်သောက်ခြင်း၊ လက်ဖက်ရည် ကော်ဖီသောက်ခြင်းရှောင်ပါ။ သတိထားရမှာက အရက်သောက်ခြင်းဖြင့် ဆေးလိပ်ဖြတ်ရန်ပိုမိုခက်ခဲစေလိမ့်မည်။ Cokeကဲ့သို့ ဂတ်စ်ပါသော အချိုရည်များကလည်းေ ဆးလိပ်ဖြတ်ဖို့ခက်ခဲစေသည်။ လက်ဖက်ရည်နှင့် ကော်ဖီတို့ကလည်း ဆေးလိပ်အရသာကို ပိုကောင်းစေသည်။ အဲဒါကြောင့်ဆေးလိပ်ဖြတ်ချင်သူအနေဖြင့် ဂစ်ပါသောအချိုရည်များ၊ လက်ဖက်ရည်၊ ကော်ဖီသောက်ခြင်းရှောင်တာက ဆေးလိပ်ဖြတ်ဖို့ပိုထိရောက်ပါလိ့မ်မည်။

၈) အလုပ်ရှုပ်နေပါစေ။

ဆေးလိပ်သောက်ချင်စိတ်အရမ်းပြင်းထန်လာလျှင် စိတ်ကို အာရုံများစေမည့်အလုပ်တစ်ခုခုလုပ်နေလိုက်ပါ။ အလုပ်တစ်ခုပြီးရင် ဘာဆက်လုပ်ရမလဲ…တွေးနေတာမျိုးနှင့် အလုပ်ရှုပ်နေတာက ဆေးလိပ်အရမ်းသောက်ချင်လာသောစိတ်ကို မေ့သွားစေပါလိမ့်မည်။

Related content