ဖရုံစေ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

Published on September 23, 2025 Reading time: 2 mins Tags: #Pumpkin seeds #Nutrition #Health #Omega-3 #Antioxidants

ဖရုံစေ့က ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ တစ်ခွက်စာ လေးပုံတစ်ပုံစားရင်ကို ကျန်းမာစေတဲ့အဆီ၊ ပရိုတင်း၊ ဇင့်၊ ကော့ပါ စတဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။ ဖရုံစေ့စားခြင်းက ကျန်းမာရေးအတွက်ဘယ်လိုအကျိုးရှိသလဲဆိုတာဖတ်ကြည့်လိုက်ပါအုံး။ ၁) မဂ္ဂနီဆီယမ်နဲ့ အခြားသတ္တုဓာတ်တွေပါဝင်ပါတယ်။ ဖရုံစေ့မှာ မဂ္ဂနီဆီယမ်၊ မဂ္ဂနီစ်၊ သံဓာတ်၊ဇင့်နဲ့ကော့ပါးဓာတ်တွေပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်က အိပ်ပျော်စေပြီး အရိုးနဲ့အရေပြားကျန်းမာရေးအတွက် ကော်လိပ်ဂျင်တွေထုတ်လုပ်ပေးဖို့အထောက်အကူပြုပါတယ်။ ကော့ပါးနဲ့သံဓာတ်က စွမ်းအင်ထုတ်လုပ်ဖို့အသုံးဝင်ပါတယ်၊ သံဓာတ်က သင့်ရဲ့ဆဲလ်တွေကို အောက်ဆီဂျင်ပို့ပေးဖို့အထောက်အကူဖြစ်စေပါတယ်။ ဇင့်ကတော့ ခုခံအား၊ အရေပြားကျန်းမာရေးနဲ့အမြင်အာရုံကောင်းစေပါတယ်။ ဖရုံစေ့စားသုံးခြင်းက တစ်နေ့တာမှာလိုအပ်တဲ့အာဟာရဓာတ်ရဲ့ ၁၄ရာခိုင်နှုန်းနဲ့ ၄၂ရာခိုင်နှုန်းခန့်ရရှိပြီးသားဖြစ်စေပါတယ်။

၂) Antioxidants ကြွယ်ဝစွာပါဝင်ပါတယ်။ သတ္တုဓာတ်တွေအပြင် ဖရုံစေ့မှာ ဆဲလ်တွေကို ကာကွယ်ပေးနိုင်တဲ့ antioxidants တွေအများကြီးပါဝင်ပါတယ်။ ဗီတာမင်အီးနဲ့ carotenoids ပါဝင်တာကြောင့် ရောင်ရမ်းမှုတွေကိုလျှော့ကျစေခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ ခန္ဓာကိုယ်တွင်းနာတာရှည်ရောဂါများကို သက်သာစေပါတယ်။

၃) ကျန်းမာစေတဲ့ အဆီဓာတ်(beneficial fats)တွေပါဝင်ပါတယ်။ ဖရုံစေ့မှာ alpha-linolenic acid or ALA လို့ခေါ်တဲ့ mega-3 fatty acids ပါဝင်ပါတယ်။ ALA က ကျန်းမာရေးအတွက်အရေးကြီးတဲ့ DHA နဲ့ EPA omega-3s အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ DHA နဲ့ EPA omega-3s ဓာတ်တွေက အဆီများတဲ့ငါး ဆောလမွန်ငါးမှာတွေ့ရပါတယ်။ ALA က နှလုံးကျန်းမာရေးအတွက်ကူညီပေးနိုင်ပြီး သွေးလွှတ်ကြောတွေ မာခြင်း၊ ရောင်ရမ်းခြင်း တွေကို ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၄) သွေးထဲကသကြားဓာတ်ကိုထိန်းချုပ်ဖို့ကူညီပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတာကြောင့် ဖရုံစေ့စာခြင်းက ဆီးချိုအမျိုးအစား ၂ကို ကာကွယ်ဖို့အထောက်အကူဖြစ်စေပါတယ်။ တနည်းအားဖြင့် အင်ဆူလင်တိုးစေပြီး ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်ပါတယ်။

၅) ခုခံအားတိုးစေပါတယ်။ ဇင့်နဲ့သံဓာတ်ပေါင်းလိုက်တဲ့အခါ ခုခံအားအတွက်ကောင်းမွန်စေပါတယ်။ မှိုကြောင့် ဒါမှမဟုတ် ဘက်တီးရီးယားကြောင့်ဖြစ်ပေါ်နိုင်တဲ့ရောဂါတွေကိုတိုက်ဖျက်နိုင်ပါတယ်။ အလာဂျစ်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၆) ဆီးကြိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ လေ့လာချက်အရ ဖရုံစေ့နဲ့ ဖရုံဆီမှာ ဆီးကြိတ်ကျန်းမာစေဖို့အထောက်အကူပြုပါတယ်။ ဇင့်ပါဝင်ခြင်းက အမျိုးသားမျိုးအောင်ခြင်းကိုအထောက်အကူပြုပါတယ်။ ဇင့်ချို့တဲ့ခြင်းက အမျိုးသားမျိုးအောင်ဖို့အားနည်းစေပါတယ်။

https://chicagohealthonline.com/pumpkin-seeds/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

Related content