ခါးပိုက်နှိုက်မိစေမဲ့အချက်များ
Published on September 19, 2025 Reading time: 3 mins Tags: #Pickpocketing #Bus Travel #Safety Precautions
ဘတ်စ်ကားစီးပြီး ခရီးသွားကြရတဲ့အခါ သတိထားသင့်တဲ့အချက်တွေထဲမှာ ခါးပိုက်နှိုက်အန္တရာယ်လည်း တစ်ခုအပါဖြစ်ပါတယ်။ကိုယ်ပိုင်ကားနဲ့သွားတာ ဒါမှမဟုတ် taxi စီးနိုင်ရင်တော့ ကိစ္စမရှိပေမယ့် နေ့ဓဒူဝဘတ်စ်ကားစီးပြီး အလိုရှိရာသွားရတဲ့သူတွေကျတော့ ဘာပဲဖြစ်ဖြစ်သတိထားလိုက်တာ မမှားပါဘူး။ ကျောင်းသွားတာပဲဖြစ်ဖြစ်၊ ရုံးသွားတာပဲဖြစ်ဖြစ်၊ အလုပ်သွားတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ရှိစုမဲ့စုလေးတွေ ပါမသွားအောင် သတိထားနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူတွေကော ခါးပိုက်နှိုက်ခံဖူးကြလား။ သတိထားလို့ရအောင် အတွေ့အကြုံလေးတွေ မန့်သွားကြပါအုံး။ ၁) CCTV နဲ့အနီးဆုံးမြင်နိုင်တဲ့နေရာကို ရွေးပါ။ ၂) ဖြစ်နိုင်ရင် လူအများစုအုံနေတဲ့နေရာထက် တစ်ဦးတည်းသီးခြားရပ်လို့ရတဲ့နေရာကိုရွေးပါ။ ၃) ပိုက်ဆံအိတ်ထဲကို အရေးကြီးအချက်အလက်များမထည့်ပါနဲ့။ ဥပမာ။ မှတ်ပုံတင်၊ ဘဏ်ကဒ်နဲ့ ငွေအထပ်လိုက်စုပြုံထည့်တာမျိုး ၄) ဖုန်းနဲ့ ကားခအကြွေကို ကြိုတင်ကိုင်ဆောင်ထားပါ။ ၅) ငွေအများစုကို ကိုယ်လွယ်တဲ့အိတ်ရဲ့ အတွင်းသားအိတ်ထဲမှာသာထားပါ။ ၆) ပိုက်ဆံအိတ်ထဲ ငွေအနည်းငယ်သာ ထည့်ပါ။ ၇) ဘဏ်ကဒ်များ၊ မှတ်ပုံတင်နဲ့ အခြားအချက်အလက်များကို ကိုယ့်အိတ်ရဲ့အတွင်းသားဘေးဘက် ဒါမှမဟုတ် ဘဏ်စာအုပ်ထည့်တဲ့ကဒ်ထဲစုထည့်ပါ။ ၈) လွယ်တဲ့အိတ်ကို ရှေ့ဘက်ပို့ပြီး ပိုက်ထားတာပိုကောင်းပါတယ်။။ ၉) ကိုယ့်တစ်ယောက်ထဲအနားကိုပဲ သိသာစွာ ဖိတိုးနေတဲ့သူမျိုးကို သတိထားပါ။ ၁၀) ကိုယ့်အနားရှိသူရဲ့ လက်ကို သတိထားပါ။ ဥပမာ။ ကျောပိုးအိတ်ထဲလက်ထည့်ထားတာမျိုး