ကိုယ်ဝန်ဆောင်စဉ် သတိထားသင့်သော အချက်များ

Published on September 4, 2025 Reading time: 2 mins Tags: #Pregnancy #Health Tips #Maternal Health

ယောကျာ်းဖောင်စီး မိန်းမမီးနေ…..ဆိုတဲ့စကားက အလကားမဟုတ်ပါဘူးနော်။ မိန်းမတစ်ယောက်အတွက် မီးဖွားချိန်ဟာ အရေးကြီးဆုံးအချိန်ဖြစ်တယ်ဆိုတာကို ဒီစကားကနေ သိနိုင်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့အသက်နဲ့ရင်းပြီး နောင်အနာဂတ်အတွက် မျိုးဆက်သစ်တွေကို မွေးဖွားပေးဖို့တာဝန်ယူရပါတယ်။ ထိုအနာဂတ်မျိုးဆက်သစ်တွေကို အကောင်းဆုံးသူရဲကောင်းတွေဖြစ်ဖို့ တာဝန်ယူရပြန်ပါတယ်။ အဲဒါကြောင့် အမျိုးသမီးအတွက် မီးဖွားချိန်ဟာ အသက်နဲ့အမျှ အရေးကြီးပါတယ်။ ဒါတင်မကသေးပါဘူး မီးဖွားခါနီးအချိန်ကျမှ အမျိုးသမီးတစ်ယောက်ကို ဂရုစိုက်နေလို့မဖြစ်ပါဘူး။ ကိုယ်ဝန်စပြီး သန္ဓေတည်ကတည်းက ဂရုစိုက်သင့်တာပါ။ သန္ဓေသားလောင်းဟာ အမေရဲ့ဝမ်းဗိုက်ထဲမှာ စတင်ဖွံ့ဖြိုးကတည်းက ဂရုတစိုက်ရှိသင့်တာပါ။ အဲဒါမှသာ ဉာဏ်ရည်ထက်မြက်သော၊ ကိုယ်လက်အင်္ဂါစုံလင်သန်စွမ်းသော ကလေးသူငယ်လေးတွေမွေးဖွားနိုင်မှာပါ။ ထိုမှတဆင့် ကျန်းမာသော သားကောင်းသမီးကောင်းလေးတွေ ဖြစ်လာအောင် ပျိုးထောင်ပေးရတာပါ။ ကဲ…..အဲဒါဆိုရင်တော့ မီးဖွားချိန်တင်အရေးကြီးတာမဟုတ်ဘဲ သန္ဓေတည်စမှာတင် အရေးကြီး ဂရုစိုက်သင့်တာသိဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်ရှောင်ရန်လေးတွေကို ဖော်ပြပေးချင်ပါတယ်နော်။

၁) စိတ်ဖိစီးမှုကို သတိထားပါ။

၂) အာဟာရပြည့်ဝအောင် စားသုံးသင့်ပါတယ်။

၃) အိပ်ရေးပျက်မခံပါနဲ့

၄) ကိုယ်ဝန်ဆောင် အားဆေး၊ သံဓာတ်အားဆေး၊ ဖော်လစ်အက်ဆစ်သောက်ပါ။

၅) သတ်မှတ်ထားသော ကာကွယ်ဆေးတွေ ပြည့်ဝအောင် ထိုးထားပါ။

၆) လမ်းလျှောက်ပါ။

၇) တရားထိုင်၊ ဘုရားရှိခိုးပြီး စိတ်ကိုတည်ငြိမ်ပါစေ။

၈) အလေးအပင် မ ခြင်းရှောင်ပါ။

၉) သေချာကျိုမချက်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ သေချာမချက်ပြုတ်ထားတဲ့ အသား၊ ငါး၊ တွေကို ရှောင်ပါ။

၁၀) ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေကို ရှောင်ပါ။ (လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်၊ energy drink များ)

၁၁) အရက်၊ ဘီယာ၊ ဝိုင် ရှောင်ပါ။

၁၂) ဆေးလိပ်ငွေ့ကို အတတ်နိုင်ဆုံးရှောင်ပါ။ ၁၃) ဆေးဝါးများကို ထင်သလိုမသောက်သုံးသင့်ပါ။ (အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပိုးသတ်ဆေးတွေ)

၁၄) ဗီတာမင် ဒီ လိုအပ်ပါတယ်။ (ထောပတ်၊ နို့နဲ့ ဒိန်ချဉ်၊ ဝက်သား၊ ကြက်ဥ၊ cod liver oil ၊ ထရောက်ငါးကဲ့သို့အဆီများသောငါး မျိုးစားသင့်ပါတယ်) အထက်ကအချက်လေးတွေကိုမှတ်ထားပြီး ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားလိုက်ခြင်းက ကျန်းမာသန်စွမ်းသော သားသမီးရတနာလေးတွေ ပိုင်ဆိုင်နိုင်မှာပါ။

အားလုံးပဲ ကျန်းမာသန်စွမ်းသော သားသမီးရတနာလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

Related content