ရုပ်ပိုင်းဆိုင်ရာ ကိုယ်ဂရုစိုက်သင့်တဲ့အကြံပြုချက်များ
Published on September 19, 2025 Reading time: 4 mins Tags: #Health #Exercise #Nutrition #Stress Management
အထိုင်များခြင်းက ဆေးလိပ်သောက်ခြင်းရဲ့ အကျိုးရလဒ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ အဲဒါကြောင့် သင့်အိမ်နားဝန်းကျင်၊ သင့်အလုပ်ခွင်၊ သင့်ကျောင်းပတ်ဝန်းကျင်စသည်ဖြင့် နေရာအစုံမှာ လှုပ်ရှားမှုပြုလုပ်ခြင်းက လေ့ကျင့်ခန်းလုပ်ခြင်းပါပဲ။ သင့်အလုပ်က အထိုင်များတဲ့အလုပ်ဆိုရင်တော့ ခဏတဖြုတ်လမ်းလျှောက်တာဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာဖြစ်ဖြစ်၊ တစ်နေ့လျှင် မိနစ် ၃၀ခန့်လမ်းလျှောက်သင့်ပါတယ်။ • သင်နှစ်သက်တဲ့အားကစားတစ်မျိုးမျိုးလုပ်ပါ။ • အိမ်ထဲမှာသာ အနေများတယ်ဆိုရင် နေရောင်ခြည်ထဲကို ၁၅မိနစ်ခန့်ထွက်ပေးခြင်းက ဗီတာမင်ဒီရရှိစေနိုင်ပါတယ်။ • ရေပိုသောက်နိုင်အောင်ကြိုးစားပါ။ • အားလပ်ရက်မှာ သဘာဝနဲ့ထိတွေ့ပါ။ • ကျန်းမာရေးနဲ့ညီညွှတ်ပြီး အစိမ်းရောင်ပါတဲ့အသီးအရွက်ကို စားသုံးပါ။ • အပတ်တိုင်း သင့်ရဲ့အစားအစာတွေထဲမှာ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်ပါဝင်အောင်စားသုံးပေးပါ။ • လေ့ကျင့်ခန်း ဒါမှမဟုတ် ယောဂကျင့်ပါ။ • ရေကူးပါ။ ရေကူးခြင်းက စိတ်ဖိစီးမှုတွေပြေပျောက်စေပါတယ်။ • ရေနွေးနဲ့ရေချိုးပါ။ • တရားထိုင်ပါ။ • လက်ဖက်စိမ်းသောက်ပါ။ • သင့်ရဲ့ဝိတ်ကိုထိန်းနိုင်ဖို့ လေ့ကျင့်ခန်းလုပ်ပါ။