ပူဒီနာရွက်ရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

Published on September 21, 2025 Reading time: 2 mins Tags: #Peppermint #Health Benefits #Herbal Medicine #Natural Remedies

ပူဒီနာရွက်ရဲ့ အရွက်နဲ့အဆီက ဆေးဘက်ဝင်ပါတယ်။ ဆေးဘက်ဝင်တဲ့အပင်တစ်မျိုးဖြစ်ပြီး လက်ဖက်ရည်ကြမ်းအဖြစ်လည်း သောက်သုံးကြပါတယ်။ ရိုးရာဆေးပညာတွေမှာလည်း ပူဒီနာရွက်ကို အသုံးပြုကြပါတယ်။ ပူဒီနာအရွက်မှာ rosmarinic acid နဲ့ flavonoids တွေလည်းပါဝင်ပါတယ်။ ဗီတာမင်အေ၊ စီ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လဆီယမ်၊ ကော့ပါး ၊ သံဓာတ် နဲ့ အခြားသော antioxidant တွေလည်း ပါဝင်ပါတယ်။ ဒီနေ့ခေတ်မှာ ပူဒီနာရွက်ကို အစာမကြေခြင်း၊ အအေးမိခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အစာအိမ်ပြဿနာ၊ အူမကြီးပြဿနာတွေအတွက် အသုံးပြုကြပါတယ်။ ၁) Irritable bowel syndrome (IBS) အူမကြီးဆိုင်ရာရောဂါကို သက်သာစေခြင်း လေ့လာချက်အရတော့ ပူဒီနာအဆီက အစာအိမ်နာခြင်း၊ လေပွခြင်း၊ အူမကြီးလုပ်ဆောင်ချက်ကောင်းမွန်စေခြင်းစတဲ့ရောဂါတွေကို အထောက်အကူဖြစ်စေပါတယ်။ IBS ဆိုတဲ့ရောဂါ အစာအိမ်၊ အော့အန်ခြင်း၊ အူသိမ်ထဲက ဘက်တီးရီးယားပေါက်ဖွားခြင်းနဲ့ လေပွလေနာခြင်းစတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်။

၂) နို့တိုက်ချိန် အဆင်မပြေခြင်းများကို သက်သာစေခြင်း လေ့လာချက်တွေအရ မိခင်ဖြစ်သူ နို့်ချိုတိုက်ကျွေးချိန်မှာ နို့စို့အရွယ်ကလေးငယ်ရဲ့နို့သီးခေါင်းကိုက်ခံရခြင်းကြောင့် နို့သီးခေါင်းနာကျင်ခြင်းမျိုးအတွက် ပူဒီနာရွက်အဆီကိုလိမ်းပေးနိုင်ပါတယ်။

၃) လေပူတက်ခြင်းကို သက်သာစေခြင်း အော့အန်ခြင်း၊ အော်ကလီဆန်ခြင်း၊ အစာအိမ်နာခြင်း၊ အက်ဆစ်များခြင်း၊ ရင်ပူခြင်း၊ လေပူတက်ခြင်း စတဲ့လက္ခဏာတွေကို ပူဒီနာအဆီက ဖြေရှင်းနိုင်ပါတယ်။

၄) Migraine ခေါင်းတခြမ်းကိုက်ခြင်းကို သက်သာစေခြင်း ပူဒီနာအဆီကို လိမ်းပေးခြင်းက ခေါင်းတခြမ်းကိုက်ခြင်းကို သက်သာစေပါတယ်။

၅) အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေခြင်း ပူဒီနာအရွက်က အအေးမိခြင်း၊ ချောင်းဆိုခြင်း၊ ပါးစပ်နဲ့လည်ချောင်းရောင်ရမ်းခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်မှုများကို သက်သာစေပါတယ်။ .ဘေးထွက်ဆိုးကျိုးများ ပူဒီနာအဆီကို လူကြီးတွေမှာ သုံးတဲ့အခါမှာတောင် ပမာဏအနည်းငယ်ပဲသုံးသင့်ပါတယ်။ အလာဂျစ်ဖြစ်နိုင်ချေရှိပါတယ်။ https://www.fitnesstipsforlife.com/great-health-benefits-of-peppermint.html လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

Related content