Parkinson’s Disease ဆိုတာဘာလဲ

Published on September 16, 2025 Reading time: 1 mins Tags: #Parkinson’s Disease #Health #Medical Conditions

Parkinson ရောဂါဆိုသည်မှာ dopamine ဟုခေါ်သည့် အာရုံကြောများအတွင်းပို့ဆောင်ဆက်သွယ်ပေးနေသည့် ပစ္စည်းထုတ်လုပ်သည့် ဆဲလ်များ ထိခိုက်မှုခံရတဲ့အာရုံကြောရောဂါတစ်မျိုးဖြစ်ပါတယ် ။ Dopamine နည်းလာသည်နှင့်အမျှ လူတစ်ယောက်ရဲ့လှုပ်ရှားမှုများ ၊ စိတ်နှင့် ကိုယ်ခန္ဓာညီညွတ်မျှတအောင်ထိန်းချုပ်ရခြင်းတို့တွင် အားနည်းပျက်စီးလာပါတယ်။ အသက်၆၀ အထက်အသက်အရွယ်များဟာ ရောဂါဖြစ်နိုင်ချေပိုများပါတယ် ။ သို့သော်လူငယ်တွေမှာလည်းဖြစ်တတ်ပါတယ်။ယောကျ်ားလေးများဟာမိန်းကလေးများထက်ပိုပြီး အဖြစ်များပါတယ် ။ အန္တရာယ်ရှိသည်များကိုရှောင်ရှား၍ ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်သိရဖို့ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။

Parkinson’s Disease (ပါကင်ဆန်ရောဂါ) ရဲ့လက္ခဏာတွေကတော့ တစ်ယောက်နှင့်တစ်ယောက်မတူညီနိုင်ပါဘူး။ သတိပြုနိုင်တဲ့လက္ခဏာတွေကတော့ – သင့်ရဲ့လက်များနဲ့လက်ချောင်းများဟာ ငြိမ်နေတဲ့အခါ တုန်နေခြင်း ။ – parkinson ရောဂါဟာ သင့်ရဲ့လှုပ်ရှားမှုတွေကိုနှေးကွေးစေပြီး သာမာန်အလုပ်များကိုပင် ခက်ခဲစေ၍အချိန်ကြာစေပါတယ်။ လမ်းလျှောက်တဲ့အခါခြေလှမ်းများစိတ်နေခြင်း သို့ ထိုင်ခံမှထရာတွင်ခက်ခဲနေခြင်း ၊ – ခန္ဓာကိုယ်၏မည်သည့်နေရာတွင်မဆိုကြွက်သားများတောင့်တင်းနေ၍ လှုပ်ရှားရန်ခက်ခြင်း ၊ နာကျင်နေခြင်း၊ – ခန္ဓာကိုယ်ပုံစံအနေအထားမညီမျှခြင်း၊ – စိတ်မှထိန်းချုပ်စရာမလိုသော လှုပ်ရှားမှုများဖြစ်သည့် မျက်တောင်ခတ်ခြင်း ၊ ပြုံးခြင်း၊ လမ်းလျှောက်ရာတွင်လက်လွှဲခြင်း – စကားပြောရာတွင်ပျော့ပျောင်းနေခြင်း၊လျှင်မြန်နေခြင်း၊ စကားမပြောခင် တုံ့ဆိုင်းနေတတ်ခြင်း ၊ စကားပြောသည့်အခါ အသံနေအထားတစ်ပုံစံတည်းဖြစ်နေခြင်း၊ – စာရေးရာတွင်အခက်အခဲရှိခြင်း၊ အခြားသောလက္ခဏာတွေလည်းရှိနေနိုင်ပါသေးတယ်။ အသေးစိတ်သိရဖို့အတွက် ဆရာဝန်နဲ့သာတိုင်ပင်သင့်ပါတယ်။ Parkinson ရောဂါဖြစ်စေတဲ့အကြောင်းအရာကိုမသိရှိရသေးပါဘူး။လေ့လာစမ်းသပ်မှုများလုပ်နေကြတုန်းပါပဲ။ဖြစ်နိုင်တဲ့အကြောင်းအရာတွေကတော့……

– မျိုးရိုးဗီဇ ။ လေ့လာနေသူများကတော့ မျိုးရိုးဗီဇပြောင်းလဲမှုများဟာ parkinsonရောဂါကိုဖြစ်စေပါတယ်။ Parkinson ရောဂါဖြစ်ဖို့အလားအလာများစေတဲ့မျိုးရိုးဗီဇပြောင်းလဲမှုများစွာရှိပါတယ်။ – အဆိပ်တွေနဲ့အခြားပတ်ဝန်းကျင် အခြေအနေများစွာက ရောဂါဖြစ်နိုင်ချေကိုများစေပါတယ်။ ဖြစ်တဲ့နှုန်းကတော့နည်းပါတယ်။ – ဦးနှောက်ဆဲလ်များထဲတွင်ရောဂါဖြစ်စေတဲ့lewy bodies နဲံ A- synuclein ဆိုသောအရာများ ရှိနေခြင်း စတဲ့အကြောင်းအရာတွေဖြစ်ပြီး Parkinson ရောဂါကိုပိုဆိုးစေတဲ့အရာတွေကတော့.. – အသက်အရွယ်။ လူငယ်တွေကတော့ရောဂါဖြစ်နိုင်ချေနည်းပါတယ်။ အသက်အလတ်ပိုင်း သို့ အသက်ကြီးပိုင်းမှစပြီးရောဂါဖြစ်နိုင်ချေများလာပါတယ်။ အသက်၆၀ သို့ ၆၀ နှင့်အထက်လူများတွင်ရောဂါစပြီး ဖြစ်ပွားလာတတ်ကြပါတယ်။ – မျိုးရိုးဗီဇ။ သင်ဟာ parkinson ရောဂါရှိသူနှင့် အမျိူးဖြစ်နေလျှင်တော့ ရောဂါဖြစ်နိုင်ချေပိုများများပါတယ်။ သင့်ရဲ့ဆွေးမျိုးတွေမှာ parkinson ရောဂါရှိသူတွေများပေမယ့်လည်း သင့်တွင်တော့ ရောဂါဖြစ်နိုင်ချေနည်းပါတယ်။ – ယောကျ်ားတွေဟာ အမျိုးသမီးတွေထက်ရောဂါဖြစ်နိုင်ချေပိုများပါတယ်။ – ပိုးသတ်ဆေး ၊ပေါင်းသတ်ဆေးများနှင့် ထိတွေ့မိခြင်းဟာလည်းရောဂါဖြစ်နိုင်ချေကိုပိုပြီးများစေပါတယ်။ အထက်ဖော်ပြပါအချက်တွေမရှိတာနဲ့သင့်မှာဒီရောဂါမရှိဘူးလို့မပြောနိုင်ပါဘူး။ အထက်ဖော်ပြပါအချက်များဟာ ကိုးကားချက်များသာဖြစ်ပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်တာအကောင်းဆုံးပါပဲ။ ရောဂါကိုရှာဖွေစမ်းသပ်ဖို့အသေးစိတ်စမ်းသပ်မှုတွေမရှိပါဘူး။ သင့်ရဲ့ကျန်းမာရေးမှတ်တမ်း၊ ရောဂါလက္ခဏာများ အပေါ်မှာမူတည်ပြီးဆရာဝန်ဟာ အာရုံကြော နှင့် ကိုယ်ပိုင်းဆိုင်ရာစမ်းသပ်ပါလိမ့်မယ်။

သင့်ရောဂါလက္ခဏာတွေကိုဖြစ်စေတဲ့အခြေအနေတွေကိုသိရဖို့ သွေးစစ်ခြင်းကဲ့သို့စမ်းသပ်မှုတွေကိုလည်းလုပ်ပါလိမ့်မယ်။ MRI ရိုက်ခြင်း ၊ ဦးနှောက်ကို အယ်ထရာစောင်းရိုက်ခြင်း ၊ SPETC နှင့် PET scan ရိုက်ခြင်းတို့ကို အခြားရောဂါများကို ရှာဖွေနိုင်ရန်အတွက် အသုံးပြုပါလိမ့်မည်။ တစ်ခါတစ်ရံမှာparkinsonရောဂါကို ရှာဖွေစမ်းသပ်ခြင်းသည်အချိန်ကြာမြင့်ပါတယ် ။ ဆရာဝန်များဟာ ဦးနှောက်နှင့်အာရုံကြောဆရာဝန်များနှင့် မှန်မှန်တွေ့စေပြီး သင့်အခြေအနေနှင့် ရောဂါလက္ခဏာများကို ရှာဖွေပြီး parkinson ရောဂါဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြပါတယ် ။ Parkinson ရောဂါဟာ ကုသ၍မရနိုင်ပါဘူး။ သို့သော်လည်း ဆေးဝါးများဟာတော့ သင့်ရဲ့ရောဂါလက္ခဏာများကိုသက်သာစေပါတယ် ။ နောက်ပိုင်းကိစ္စများတွင်ခွဲစိတ်ရန်အကြံပေးကြပါတယ် ။ဆေးဝါးကာသမှုတွေဟာ သင့်ရဲ့လမ်းလျှောက်ခြင်း၊ လှုပ်ရှားခြင်း နဲ့ခြေ ၊ လက်များတုန်ခြင်း စတဲ့ပြဿနာတွေကိုသက်သာစေပါလိမ့်မယ်။ဒီလိုကုသမှုတွေဟာ dopamine ကိုများလာစေပါတယ် ။ ကုသမှုခံယူပြီးတဲ့နောက်မှာသင့်ရဲ့ရောဂါလက္ခဏာတွေဟာ သိသိသာသာ ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။တစ်ခါတစ်ရံမှာရောဂါလက္ခဏာတွေကိုကောင်းကောင်းထိန်းချုပ်နိုင်နေပေမယ့် ဆေးအာနိသင်မပြတာမျိုးလည်းဖြစ်တတ်ပါတယ်။ အောက်ပါအချက်လေးတွေကို လုပ်ကြည့်ခြင်းက ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုမှာ ရောဂါသက်သာလာစေနိုင်ပါတယ်။ – ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာ ။အချို့အစားအစာတွေဟာရောဂါလက္ခဏာများကို သက်သာစေပါတယ် ။ ဥပမာအားဖြင့် အမျှင်ဓာတ်များစွာပါဝင်တဲ့အစားအစာတွေနဲ့ရေအလုံအလောက်သောက်သုံးခြင်းဟာparkinsonရောဂါမှာအဖြစ်များတဲ့ဝမ်းချုပ်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။ သင့်တင့်ညီညွတ်တဲ့အစားအစာများဟာ Omega 3 ဟုခေါ်သည့်အဆီဓာတ်ကိုပေးပြီး ထိုဓာတ်ဟာ parkinsonရောဂါရှိသူတွေအတွက်အကျိုးပြုပါတယ်။ – လေ့ကျင့်ခန်းများလုပ်ခြင်းဟာလည်း ကြွက်သားများကို သန်မာ ပျော့ပြောင်းစေ၍ ဟန်ချက်ညီစေပါတယ်။parkinsonရောဂါဟာ ကြွက်သားများကိုဟန်ချက်မညီစေ၍ လမ်းလျှောက်ရာတွင်ခက်ခဲစေပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့စိတ်ကိုလည်းစိုးရိမ်မှုများ ၊ စိတ်ဓာတ်ကျမှုများမှကင်းဝေးစေပါတယ်။ – ပြုတ်ကျခြင်းမှကာကွယ်နိုင်ရန် သင့်ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုခြေထောက်နှစ်ဖက်ပေါ်တွင်ညီညီမျှမျှရပ်ရပါမယ်။ လမ်းလျှောက်နေစဉ်ပစ္စည်းများသယ်ခြင်း၊နောက်ပြန်လမ်းလျှောက်ခြင်းတို့ကိုမပြုလုပ်သင့်ပါဘူး။ – နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သည့် အဝတ်အစားဝတ်ခြင်း ၊အစာစားခြင်း ၊ ရေချိုးခြင်း နှင့် စာရေးခြင်းတွေဟာ ရောဂါရှိသူများအတွက်ခက်ခဲနေနိုင်ပါတယ် ။

ဒီထက်အသေးစိတ်သိချင်တာမျိုး၊ ရောဂါနဲ့ပတ်သက်ပြီးမေးမြန်းချင်တာမျိုးရှိရင်တော့ ဆရာဝန်နဲ့သာ အသေးစိတ်တိုင်ပင်မေးမြန်းသင့်ပါတယ်။

ဒီဆောင်းပါးကို hellosayarwon.com မှ လေ့လာဖတ်ရှုကိုးကားဖော်ပြခြင်းဖြစ်ပါတယ်။

Related content