ကိုယ့်ဘဝမှာ အခွင့်အရေးနဲ့ကြုံတိုင်း ဘာကြောင့် လွဲနေရတာလဲ။

Published on September 22, 2025 Reading time: 2 mins Tags: #Life lessons #Personal growth #Success tips

ဒီမေးခွန်းမျိုး ကိုယ့်ကိုယ်ကိုယ်မေးကြည့်ဖူးရဲ့လား။ အဲဒီ့မေးခွန်းလိုပဲ ကိုယ်တိုင်လည်း တကယ် အခွင့်အရေးနဲ့ကြုံတိုင်းလွဲချော်နေတတ်သလား။ အဲဒီလိုအခါခါ ဖြစ်နေတယ်ဆိုရင်တော့ သင့်ကိုယ်သင်ပြန်ဆန်းစစ်သင့်နေပါပြီ။ အခွင့်အရေးဘယ်လာက်ရလာပါစေ ကိုယ်ကဖမ်းမဆုပ်နိုင်ရင် အခွင့်အရေးက ကိုယ့်အတွက်မဟုတ်နိုင်ပါဘူးနော်။ အဲဒါဆိုရင် အခွင့်အရေးရလာတိုင်း ကိုယ်လက်နဲ့ဖမ်းဆုပ်နိုင်အောင် ဘာလုပ်သင့်သလဲဆိုတာ သိဖို့လိုလာပါပြီ။ အဖြေကတော့ သင်အခါခါလွဲရတာ ဘာကြောင့်လဲဆိုတာကို သင့်ကိုယ်သင်ပြန်ဆန်းစစ်မှ အဖြေမှန်ရလာမှာဖြစ်ပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ သင်ရလာတဲ့အခွင့်အရေးအတွက် သင့်မှာ ကြိုတင်ပြင်ဆင်ထားမှု မရှိခြင်းကြောင့်ပါပဲ။ သင်က ရေလိုက်ငါးလိုက် ဘဝကိုဖြတ်သန်းနေမယ်၊ သင့်စွမ်းရည်ကို အချိန်နဲ့အမျှ တိုးတက်အောင် ကြိုးစားမနေဘူး၊ ရှိနေတဲ့နေရာမှာတင် ရောင့်ရဲနေမယ်ဆိုရင် နောက်ထပ်မြင့်တဲ့နေရာတစ်ခုကိုရောက်နိုင်ဖို့ အခွင့်အရေးက သင့်ထဲရောက်လာပေမယ့်လည်း သင်ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဥပမာ။ အင်္ဂလိပ်စာ 4 skills ကျွမ်းကျင်တဲ့သူအတွက် သာမန်ထက်များတဲ့လစာနှစ်ဆနဲ့ သင့်သူငယ်ချင်းတို့ ကုမ္ပဏီမှာ အလုပ်လိုနေတယ်ဆိုပါတော့။ သင့်သူငယ်ချင်းကလည်း သင့်ကို ပြောပေးလိုက်ရင် သင့်အတွက် အလုပ်ရဖို့လွယ်ကူတယ်ဆိုပါတော့။ ဒါပေမယ့် သင်က အင်္ဂလိပ်စာ 4 skills မကျွမ်းကျင်ဘူးဆိုရင် အဲဒီ့အလုပ်ကို သင်ရနိုင်ပါ့မလား။ အဖြေက အဲဒါပါပဲ။ အခွင့်အရေးဘယ်လောက်ပဲ ရပါစေ၊ သင်ကိုယ်တိုင်က ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘူးဆိုရင် အခွင့်အရေးကို သင်လက်လွှတ်ရမှာပါပဲ။ “Become who you are. Do what only you can do. Be the master and the sculptor of yourself.” ဂျာမန်အတွေးအခေါ်ပညာရှင် Friedrich Nietzsche ကပြောထားပါတယ်။ သင်လုပ်နိုင်တာကိုသာ လုပ်ပါ၊ ပိုပြီးကျွမ်းကျင်သထက် ကျွမ်းကျင်ကြောင်းသေချာအောင်လုပ်ပါတဲ့။ သင်ဘယ်သူလဲဆိုတာ ဖြစ်လာပါလိမ့်မယ်တဲ့။ အရမ်းမှန်ပါတယ်။ အခွင့်အရေးဘယ်လောက်များများ သင့်အနားရောက်လာပါစေ။ သင်ကိုယ်တိုင်က ဘာမှ မကျွမ်းကျင်ဘူးဆိုရင် ဘာလုပ်လို့ရပါ့မလဲ။ သင်ကိုယ်တိုင်က ဘာကိုမှ မလေ့လာမပြင်ဆင်ထားဘူးဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူးနော်။ သင်တကယ်စိတ်ဝင်စားပြီး သင်တကယ်ဝါသနာပါတဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်နေပါ။ အခွင့်အရေးရလာတဲ့အခါ သင့်မှာ စွမ်းရည်တွေရှိပြီးသားဖြစ်နေတဲ့အခါ သင်နဲ့အံ့ကိုက်တဲ့နေရာတစ်ခုခုရလာပါလိမ့်မယ်။ နေရာတစ်ခုခုရလာတဲ့အခါမှာလည်း ထိုနေရာမှာတင်ရပ်မနေလိုက်ပါနဲ့။ ကျွမ်းကျင်သထက်ကျွမ်းကျင်အောင် ကြိုးစားပါ။ အဲဒီ့အခါ သင်ရောက်နေတဲ့နေရာမှာ သင်က ဆရာတစ်ဆူဖြစ်လာမှာပါပဲ။ “When opportunity shows up, you need to be ready and willing to open the door and let it in.” အခွင့်အရေးက တံခါးလာခေါက်တဲ့အခါမှာ သင့်မှာ တံခါးဖွင့်ပေးဖို့အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ တနည်းအားဖြင့်တော့ ကံကောင်းခြင်းဆိုတာက ကြိုတင်ပြင်ဆင်ထားခြင်းနဲ့ အခွင့်အရေးတွေ့ဆုံသွားတာပဲဖြစ်ပါတယ်။ သင့်မှာ ကြိုတင်ပြင်ဆင်မှုသာမရှိဘူးဆိုရင် သင့ိကိုအခွင့်အရေးက တံခါးဘယ်လောက်ခေါက်ခေါက် တံခါးဖွင့်ဖို့ သင့်မှာသတ္တိရှိမှာ မဟုတ်ပါဘူး။ အဲဒီ့တော့ သင့်ဘဝမှာ ဘာကြောင့် အခွင့်အရေးကြုံလာတိုင်း လွှဲချော်နေရသလဲဆိုတာ သင့်ကိုသင်ပြန်ဆန်းစစ်ပါ။ သင့်ရဲ့စွမ်းရည်တွေကို အမြဲတိုးတက်လာအောင်၊ ပိုပြီး ကျွမ်းကျင်လာအောင် အဆင့်မြင့်တင်နေပါ။ ပိုပိုပြီး ကျွမ်းကျင်နေပါစေ။ အခွင့်အရေးက တံခါးလာခေါက်တဲ့အခါ သင့်အတွက် အဆင့်သင်ဖြစ်နေမှာပါ အမှန်ပါပဲလို့ တိုက်တွန်းလိုက်ရပါတယ်။

Related content