မွေးကင်းစကလေးအရွယ်အိမ်မှာရှိလျှင် သတိထားရမည့်အချက်များ

Published on September 4, 2025 Reading time: 4 mins Tags: #Newborn #Parenting Tips #Child Safety

မွေးကင်းစကလေးအရွယ်ဆိုတာ အရမ်းကိုအထိခိုက်မခံတဲ့အရွယ်ပါ။ တကယ်လို့များ သင့်အိမ်မှာ ခုမှဆေးရုံကဆင်းလာတဲ့ ကလေးမေမေနဲ့မွေးကင်းစကလေးငယ်ရှိနေခဲ့တယ်ဆိုရင် သင်ဂရုစိုက်သင့်တဲ့၊ သတိထားသင့်တဲ့အချက်တွေ ရှိပါတယ်။ အရမ်းလည်း အရေးကြီးတာမို့ အလေးထားသတိထားသင့်ပါတယ်။

ကလေးရဲ့ မျက်နှာ၊ ပါး၊ နှုတ်ခမ်း စသည်တို့ကို မနမ်းသင့်ပါ

ကတုံးမရိတ်သင့်ပါ

အိမ်နဲ့အနီးပတ်ဝန်းကျင်မှာ အညှော်မလုပ်သင့်ပါ။

ကလေးငယ်ရဲ့ ချက်နေရာကို ဘာမှ မထည့်သင့်ပါ

မိခင်နို့မှ လွဲပြီ ရေတောင်မတိုက်သင့်ပါ

ကလေးနဲ့ အနီးအနားမှာ ဆေးလိပ်မသောက်သင့်ပါ

ခြင်မကိုက်အောင် ဂရုစိုက်သင့်ပါတယ်

ကလေးမိခင်မှာ တကယ်ကိုရည် သန့်ရှင်းရေး အထူးဂရုစိုက်သင့်ပါတယ်

ကလေးရဲ့ ပစ္စည်းတွေ အသုံးအဆောင်တွေ သန့်ရှင်းအောင် အထူးဂရုစိုက်သင့်ပါတယ်

နေရောင်ခြည်ကောင်းစွာရပြီး အလင်းရောင်ရသော၊ လေကောင်းလေသန့်ရသော အခန်းမျိုးမှာ နေသင့်ပါတယ်

အိမ်မွေး တိရစ္ဆာန်မမွေးသင့်ပါ

ကလေးကို လူဦးရေ ထူထပ်တဲ့ နေရာမျိုးကို မခေါ်သင့်ပါ

Related content