ဘယ်တော့မှလက်မလွှတ်သင့်တဲ့ အရာ (၃) ခု

Published on September 23, 2025 Reading time: 4 mins Tags: #Time #Family #Happiness #Value

ဘဝမှာ ဘယ်တော့မှ ပြန်မရနိုင်တော့သလို၊ ဘယ်တော့မှ ပြန်အစားထိုးလို့မရတဲ့အရာတွေရှိပါတယ်။ အဲဒါတွေအတွက် ငွေတွေအများကြီးပုံပေးရင်တောင် ပြန်မဝယ်နိုင်ပါဘူး။ အချိန်မလွန်ခင် ထိုအရာတွေရဲ့တန်ဖိုးကို သိပြီး တန်ဖိုးထားမှသာ ရနိုင်တဲ့အရာတွေပါ။ အဲဒီ့အရာတွေကတော့ ၁)အချိန် စိန်စီထားသော အချိန်များဆိုတဲ့စကားရဲ့အဓိပါ္ပယ်ကို ကိုယ်လိုချင်တဲ့အချိန်တွေပြန်မရနိုင်တဲ့အခါမှသာ သေချာနားလည်သဘောပေါက်လာနိုင်တာပါ။ ကိုယ်တိုင်ကြိုးစားနိုင်တဲ့အရွယ်တုန်းကမကြိုးစားခဲ့လေခြင်းဆိုပြီး ကိုယ်တိုင်မသန်စွမ်းနိုင်တော့အခါမှနောင်တရတတ်တာ အချိန်ကြောင့်ပါပဲ။ အချိန်ဆိုတာ ငွေနဲ့ပြန်မဝယ်နိုင်သလို၊ နောက်ပြန်ဆုတ်ခွင့်လည်းမရနိုင်ပါဘူး။ အဲဒါကြောင့်ခုလက်ရှိအချိန်ကို တန်ဖိုးထားပါ။ ကောင်းကောင်းအသုံးချလိုက်ပါ။

၂) မိသားစုဘဝ မိသားစုဘဝဆိုတာ အတူရှိနေတုန်းသိချင်မှသိမှာဖြစ်ပေမယ့် အတူမရှိနိုင်တော့တဲ့အခါမှသာ “အော်..ငါတို့ အတူရှိချိန်တန်ဖိုးမထားခဲ့လေခြင်း” ဆိုပြီး နှမြောတသဖြစ်တတ်တာမျိုးပါ။ အတူရှိနေတုန်းခဏကိုတန်ဖိုးထားပြီး မိသားစုကိုအချိန်ပေးပါ။ အချိန်တန် အားလုံးဟာသူ့လမ်းသူလျှောက်ကြတဲ့အခါ တစုတစည်းထဲ ရှိချင်ရင်တောင် ဖြစ်နိုင်တော့မှာမဟုတ်ပါဘူး။

၃) ပျော်ရွှင်မှု ပျော်ရွှင်နေချိန်ကို တန်ဖိုးထားပါ။ အမှတ်တရအဖြစ် ရင်ထဲမှာ သိမ်းဆည်းနိုင်ခြင်းဟာ ငွေနဲ့ဝယ်မရပါဘူး။ အချိန်တန် ထိုအမှတ်တရကိုသာ အမှတ်ရနေကြမှာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ထိုအရာ ၃ခုက ငွေနဲ့လည်း ဝယ်မရသလို၊ နောက်ပြန်ဆုတ်ပြီး ပြန်လည်ဆုပ်ကိုင်ချင်လို့မရတဲ့အမှတ်တရတွေဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သတိပေးပြီးအကောင်းဆုံးဖြစ်အောင်သာ အသုံးချပါ၊ တန်ဖိုးထားပါလို့တိုက်တွန်းလိုက်ရပါတယ်။

Related content