တမာရွက်ရဲ့အံအားသင့်ဖွယ်အကျိုးကျေးဇူးများ
Published on September 22, 2025 Reading time: 3 mins Tags: #Neem Leaves #Health Benefits #Traditional Medicine
တမာရွက်က ဆေးဘက်ဝင်တဲ့အပင်တစ်မျိုးဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ အတွေ့များပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆေးဘက်ဝင်တဲ့အပင်အဖြစ်သတ်မှတ်ကြပါတယ်။ တမာရွက်က ဆံသားသန်စွမ်းစေခြင်းနဲ့ ဆံသားနှစ်ခွဖြစ်ခြင်းကိုသက်သာစေခြင်း၊ အရေပြားအတွက်ကောင်းခြင်း၊ ခုခံအားတိုးစေခြင်း၊ ရောင်ရမ်းခြင်းတွေကိုလျော့ကျစေခြင်းစတဲ့အကျိုးကျေးဇူးတွေရှိပါတယ်။ အိုမင်းရင့်ရော်ခြင်းကိုလည်း နှေးစေပါတယ်။ တမာရွက်ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကတော့ အောက်မှာဖော်ပြပေးထားပါတယ်။ ၁) ခုခံအားစနစ်ကို ကောင်းမွန်စေခြင်း ၂) ဝက်ခြံတွေကို ကုသရာတွင် အသုံးပြုနိုင်ခြင်း ၃) အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများကို သက်သာစေခြင်း ၄) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ဖို့ အကူအညီဖြစ်စေခြင်း ၅) ငှက်ဖျားရောဂါဆိုင်ရာ လက္ခဏာတွေကို ကုသရာတွင် အသုံးဝင်ခြင်း ၆) ဆံသားသန်စွမ်းစေပြီး ဗောက်ထခြင်းကိုသက်သာစေခြင်း ၇) ဆားဝက်ခြံနဲ့ အရေပြားပျက်စီးမှုကို ကာကွယ်ရာတွင် အသုံးဝင်ခြင်း ၈) သွားနဲ့ သွားဖုံး ၊ ခံတွင်းဆိုင်ရာပြဿနာများကို ကာကွယ်ဖို့ အသုံးဝင်ခြင်း ၉) ကင်ဆာနဲ့ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကို လျော့ကျဖို့ ကူညီနိုင်ခြင်း ၁၀) ဝမ်းချုပ်ခြင်း၊ လေပွခြင်းနဲ့ ရင်ပူခြင်းများကို သက်သာစေခြင်း စတဲ့ ကောင်းကျိုးတွေဖြစ်ပါတယ်။ ဒါပေမယ့် ခြွင်းချက်အနေနဲ့ အချို့တွေမှာတော့ တမာရွက်နဲ့ ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။