သင့်အစာခြေစနစ်ကို ကောင်းမွန်စေမယ့် သဘာဝနည်းလမ်း ၁၁မျိုး
Published on September 18, 2025 Reading time: 3 mins Tags: #Digestion #Health #Natural Remedies
လူတိုင်းလိုလိုက အစာခြေစနစ်နဲ့ဆိုင်တဲ့လက္ခဏာတွေ ခံစားဖူးကြမှာပါ။ အစာမကြေဖြစ်ခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ အော်ကလီဆန်ခြင်း စတဲ့လက္ခဏာတွေပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ထိုလက္ခဏာတွေက သင့်ရဲ့အစာခြေစနစ်နဲ့ဆိုင်တဲ့လက္ခဏာတွေဖြစ်ပြီး သင့်ကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင့်ရဲ့အစားအစာ စားသောက်ပုံစနစ်နဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ခြင်းက သင့်ရဲ့အူတွင်းကျန်းမာရေးအခြေအနေကို အကောင်းဘက်ပြောင်းလဲသွားစေနိုင်ပါတယ်။ သင့်အစာခြေစနစ်ကို အကောင်းဘက်ကပြောင်းလဲပေးနိုင်တဲ့ သဘာဝနည်းလမ်း ၁၁ခုကို ဖော်ပြပေးလိုက်ပါတယ်။ ၁) အာဟာရဓာတ်ပါဝင်တဲ့အစားအစာကိုသာစားပါ။ ၂) အမျှင်ဓာတ်များတဲ့အစားအစာတွေကို စားသုံးပါ။ (အစေ့အဆံနဲ့ အခွံမာအသီးများ၊ ပဲအမျိုးမျိုး၊ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ) ၃) ကျန်းမာစေတဲ့ အဆီပါဝင်တဲ့အစားအစာတွေ စားပေးပါ။ (eg. omega 3 fatty acid ) ၄) ရေဓာတ်ပြည့်ဝနေပါစေ။ (တစ်နေ့လျှင်1.5 Liter- 2Liter) ၅) စိတ်ဖိစီးမှုကို ဖြေရှင်းပါ။ (ဥပမာ။ တရားထိုင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း) ၆) အစာကို ပုံမှန်ဝါးစားပါ။ ၇) ကြေညက်အောင်ဝါးစားပါ။ ၈) လှုပ်ရှားမှုရှိပါစေ။ (ဥပမာ။ ရွရွပြေးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း) ၉) ဒေါသကို ထိန်းနိုင်အာင်ကြိုးစားပါ။ သင့်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှု့ကိုနားလည်ပါစေ။ ၁၀) မကောင်းတဲ့အကျင့်ဆိုးတွေကို ဖျောက်ပစ်ပါ။ (ဥပမာ။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ညစာကိုနောက်ကျမှစားခြင်း၊ ၁၁) အစာခြေစနစ်ကိုထောက်ပံ့ပေးနိုင်တဲ့အစားအစာများစားသုံးပေးပါ။ (ဥပမာ ။ ဒိန်ချဉ်၊ ဗံဒါစေ့၊ ကြက်ဆင်သား၊ ပဲနို့၊ ကြက်ဥ၊)