ကြိုးစားမှုနှင့်ပါတ်သက်သော မြန်မာရှေးစကားပုံများ

Published on August 18, 2025 Reading time: 3 mins Tags: #Effort #Myanmar Proverbs #Mindset

ရှေးမြန်မာစကားပုံတွေကို သိသလိုလို ရှိပေမယ့် သေချာမပျောက်မပျက်သိမ်းဆည်းလို့ရအောင် ကြိုးစားမှုနဲ့ပတ်သက်သော မြန်မာရှေးစကားပုံများကို ရွေးချယ်ကောက်နုတ်တင်ပြပေးလိုက်ပါတယ်နော်။

၁) ကံသည်အလုပ် … အလုပ်သည်ကံ

၂) ငုတ်မိသဲတိုင် … တက်နိုင်ဖျားရောက်

၃) လှေခွက်ချည်းကျန် … အလံမလဲ

၄) ချွေးထွက်များမှ … သွေးထွက်နည်းမည်။

၅) နေရပ်လို … နေပူကစောင့်

၆) နေပူတုန်း … စပါးလှန်း

၇) ပွဲမဝင်ခင် … အပြင်ကကျင်းပ

၈) မိုးရွာတုန်း … ရေခံ

၉) ကြိုးစားက … ဘုရားဖြစ်

၁၀) ခရုမှာလည်း အဆန် … လူမှာလည်းအကြံ

၁၁) ချွေတာစုဆောင်း … သူဌေးလောင်း

၁၂) ဆင်စွယ်မှန် … ပိုးမစား

၁၃) ဆေးစက်ကျရာ … အရုပ်ထင်

၁၄) ဆန္ဒရှိက … နည်းလမ်းရ

၁၅) တကယ်လုပ်ရင် … အဟုတ်ဖြစ်

ကိုယ်ကြိုးစားရင်း စိတ်ဓာတ်ကျစရာကြုံလာတဲ့အခါ ဒီစကားပုံလေးတွေကို သတိတရနဲ့ရွတ်ဖတ်ကြည့်လိုက်တာနဲ့တင် အားပြည့်သွားလိုခံစားရပါလိမ့်မယ်နော်။

Related content