မနက်ခင်းမှာ Alarm ပိတ်ပြီး ပြန်မအိပ်မိစေရန် အချက်များ

Published on September 23, 2025 Reading time: 3 mins Tags: #Morning #Health #Waking Up #Tips

ဆောင်းမနက်ခင်းဆိုတာ အေးအေးနဲ့အိပ်လို့ကောင်းတဲ့အချိန်မျိုးပါပဲ။ ဒါပေမယ့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်မယ်ဆို ပိုပြီးသင့်တော်ပါတယ်။ လူရောစိတ်ရော လန်းဆန်းစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ တစ်နေ့တာလုံးလန်းဆန်းတက်ကြွစေပြီး အတွေးသစ်အမြင်သစ်တွေရစေနိုင်ပါတယ်။ အဲဒါကြောင့် ဆောင်းမနက်ခင်းမှာ ခပ်အေးအေးနဲ့ပြန်ကွေးမအိပ်သင့်ဘဲ နိုးကြားတက်ကြွစွာ မနက်ခင်းမှာအိပ်ရာကစောစောထနိုင်မယ့်နည်းလမ်းတွေ ဖော်ပြပေးလိုက်ပါတယ်။ ၁) ချက်ချင်းအိပ်ရာကထမယ်လို့ဆုံးဖြတ်ပါ။ Alarm သံကြားတာနဲ့ အိပ်ရာက ချက်ချင်းထမယ်လို့ ကိုယ့်ကိုယ်ကိုယ်ဆုံးဖြတ်ထားပါ။ အဲဒီလိုမဟုတ်ရင် “ခဏလောက်၊ ငါးမိနစ်လောက်ပြန်အိပ်လိုက်အုံးမယ်” ဆိုတာက သင့်ကို မလန်းဆန်းစေပါဘူး။ ၂) Alarm ကိုအိပ်ရာနဲ့ဝေးဝေးမှာထားပါ။ အိပ်ခန်းထဲမထားဘဲ ဧည့်ခန်းလိုနေရာမျိုးမှာထားပါ။ ဒါမှမဟုတ် အိပ်ရာနဲ့ဝေးဝေးမှာထားပါ။ အဲဒါမှ Alarm မြည်သံကြောင့် အိပ်ရာနိုးတဲ့အခါ အိပ်ရာထဲကထွက်ပြီး alarm မြည်သံကြားရာဆီသွားမှာဖြစ်ပါတယ်။ ၃) ပြတင်းပေါက်မှ လေကောင်းလေသန့်ရှုရှိုက်လိုက်ပါ။ Alarm မြည်သံကို ကြားတာနဲ့အိပ်ရာထဲက မြန်နိုင်သမျှမြန်မြန်ထွက်ပါ။( အဲဒါမှထပ်မအိပ်မိမှာဖြစ်ပါတယ်) ပြတင်းပေါက်မှ မနက်ခင်းလေအေးအေးကို တဝကြီးရှုရှိုက်လိုက်ပါ။ အဲဒီ့အချိန်က လေကောင်းလေသန့်ဖြစ်တာမို့ စိတ်ရောလူပါလန်းဆန်းတက်ကြွသွားစေပါတယ်။ အိပ်ချင်စိတ်တွေပျောက်သွားစေပါလိမ့်မယ်။ ၄) အကြောဆန့်ပါ။ ကိုယ်လက်လှုပ်ရှားမှု ခဏတဖြုတ်လုပ်လိုက်ပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာ တင်းနေတဲ့အကြောတွေအားလုံး ပြေလျော့သွားအောင် အကြောဆန့်လိုက်ပါ။ အဲဒါက သင့်ကိုအိပ်ချင်ပြေစေပါတယ်။ ၅) ချက်ချင်းမျက်နှာသစ်လိုက်ပါ။ လေအေးအေးမှာ ရေအေးအေးတစ်ခွက်နဲ့ သင့်မျက်နှာကို သစ်လိုက်ပါ။ ရေအေးအေးကြောင့် သင့်မျက်နှာအေးသွားတဲ့အခါ လန်းဆန်းသွားပါလိမ့်မယ်။ အဲဒါ အိပ်ချင်ပြေစေပါလိမ့်မယ်။ ၆) လုပ်စရာရှိတာကို ချက်ချင်းလုပ်လိုက်ပါ။ မနက်ခင်းလုပ်စရာရှိတဲ့ကိစ္စတွေကို မတုံ့ဆိုင်းနေဘဲ၊ ခဏတဖြုတ်ထိုင်နေတာမျိုး၊ ဖုန်းသုံးလိုက်တာမျိုး ၊ တီဗီကြည့်နေတာမျိုးမလုပ်ဘဲ ချက်ချင်းထလုပ်လိုက်ပါ။ အဲဒါက သင့်ကို သွေးပူသွားစေပြီး အိပ်ချင်ပြေစေပါတယ်။ သွက်လက်တက်ကြွစေပါတယ်။

Related content