သရက်သီးစားခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ

Published on September 16, 2025 Reading time: 2 mins Tags: #Mango #Health #Nutrition #Natural Foods

သရက်သီးကို “the king of fruits”လို့တောင် တင်စားကြပါတယ်။ မြန်မာစကားပုံမှာဆိုလည်း အသီးမှာ သရက် ဆိုပြီး အသီးတွေထဲမှာမှ စားအကောင်းဆုံးအသီးအဖြစ်ပြောတတ်ကြပါတယ်။ သရက်သီးကို စားကောင်းတာလူတိုင်းသိကြပေမယ့် သရက်သီးစားတဲ့အခါ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေပါ သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁) ကိုလက်စထရော ကျဖို့ အထောက်အကူဖြစ်ခြင်း

သရက်သီးမှာ ဗီတာမင်စီ၊ Pectin နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်မှုကြောင့် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေဖို့ အထောက်အကူပြုပါတယ်။

၂) သွေးဖိအားများခြင်းကို လျော့ကျဖို့ ကူညီနိုင်ခြင်း

သရက်သီးက မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးဖိအားလျော့ကျစေနိုင်တဲ့ သဘာဝနည်းလမ်းတစ်မျိုးဖြစ်ပါတယ်။

၃) အယ်ကာလိုင်းဓာတ်ပါဝင်သော အစားအစာဖြစ်ခြင်း

အစာခြေပြီးတဲ့နောက်မှာ သရက်သီးက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အယ်ကာလိုင်းဓာတ်ကိုချန်ခဲ့ပါတယ်။ အယ်ကာလိုင်းက သဘာဝအလျောက်ဆဲလ်တွေကို ပြန်လည်ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ tartaric acid ၊ malic acid နဲ့ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးထဲက pH level ကိုလည်း ကောင်းမွန်တဲ့သက်ရောက်မှုဖြစ်စေပါတယ်။

၄) ဝိတ်ကျစေခြင်း

ဗီတာမင်နဲ့ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်မှုကြောင့် အချိန်ကြာမြင်စွာ ဗိုက်ပြည့်နေစေပါတယ်။ အမျှင်ဓာတ်ကြောင့် ကယ်လိုရီတွေကို လောင်ကျွမ်းဖို့ကူညီနိုင်ပြီး အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။ သဘာဝအတိုင်း အဆီလောက်ကျွမ်းစေတဲ့ phytochemicals ဓာတ်လည်း ပါဝင်ပါတယ်။

၅) အမြင်အာရုံကောင်းဖို့ ကူညီနိုင်ခြင်း

ဗီတာမင်အေနဲ့ ဘီတာကရိုတင်းပါဝင်ခြင်းကြောင့် အမြင်အာရုံကျန်းမာရေးကို ကောင်းမွန်ဖို့အထောက်အကူဖြစ်စေနိုင်ပါတယ်။

၆) အစာခြေစနစ်ကောင်းမွန်စေခြင်း

ပရိုတင်းဓာတ်ကိုဖြိုခွဲနိုင်ဖို့ အင်ဇိုင်းတွေပါဝင်ပါတယ်။ အမျှင်ဓာတ်လည်းပါဝင်ပြီး အစာခြေစနစ်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၇) အိုမင်းရင့်ရော်ခြင်းကို နှေးစေခြင်း

နုပျိုခြင်းကို မလိုချင်တဲ့သူရှိပါ့မလား။ ဗီတာမင်အေနဲ့ စီပါဝင်ခြင်းကြောင့် ကောလိပ်ဂျင်တွေကို ထုတ်လုပ်ဖို့ ကူညီပေးနိုင်ပြီး အရေပြားကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ အိုမင်းရင့်ရော်ခြင်းကို နှေးစေပါတယ်။

၈) ဦးနှောက်ကျန်းမာရေးကို အထောက်အကူဖြစ်စေခြင်း

ဗီတာမင် ဘီဆစ် ပါဝင်မှုကြောင့် ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို တိုးတက်စေနိုင်ပါတယ်။ glutamine acid ပါဝင်ပြီး မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကောင်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။

၉) ခန္ဓာကိုယ်တွင်း ခုခံအားတိုးစေခြင်း

သင့်ရဲ့ခန္ဓာကိုယ်ခုခံအားကို ဗီတာမင်အေနဲ့ ဘီတာကရိုတင်းက ကောင်းမွန်စေပါတယ်။ သင့်ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ free radicals တွေကို တိုက်ဖျက်နိုင်ပါတယ်။

၁၀) သံဓာတ်မြင့်မားစွာပါဝင်ခြင်း

အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ကိုပိုလိုအပ်တာဖြစ်ပြီး သရက်သီးမှာ သံဓာတ်မြင့်မားစွာပါဝင်သောကြောင့် အဆင်ပြေပါတယ်။ သံဓာတ်အပြင် ကယ်လဆီယမ်ဓာတ်လည်း ပါဝင်ပါသေးတယ်။

၁၁) အရိုးကျန်းမာရေးကို ကောင်းမွန်ဖို့ကူညီနိုင်ခြင်း

အဆစ်အမြစ်အတွက် ကောင်းမွန်စေတဲ့ lupeol ဓာတ်ပါဝင်ပြီး ဗီတာမင်ကေပါဝင်ပါတယ်။ ဗီတာမင်ကေက ကယ်လဆီယမ်စုပ်ယူမှုအားကောင်းစေပါတယ်။

https://www.wholeheartedchronicles.com/benefits-of-mangoes/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

Related content