မာလကာသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
Published on September 21, 2025 Reading time: 4 mins Tags: #Malacca Fruit #Health #Nutrition #Natural Medicine
မာလကာသီးက အာဟာရဓာတ်များစွာပါဝင်တဲ့အသီးဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး ဗီတာမင်အေ ၊ ဗီတာမင် စီ ၊ ဖော့စဖောရတ်၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ် ဓာတ်တွေလည်း ပါဝင်ပါတယ်။ အဲဒါအပြင် သံဓာတ်၊ ဆိုဒီယမ်၊ ဇင့် ၊ ဗီတာမင်အီး၊ ဖောလိတ်၊ ဗီတာမင် ဘီဆစ်၊ Thiamine နဲ့ riboflavin ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ မာလကာသီးရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁) နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ခြင်း ၂) အမြင်အာရုံကောင်းမွန်စေခြင်း ၃) အစာခြေစနစ်ကို ကောင်းမွန်စေခြင်း ၄) ကင်ဆာရောဂါဖြစ်ပွားနိုင်ချေလျော့ကျစေခြင်း ၅) အရေပြားကျန်းမာရေးအတွက် ကောင်းမွန်စေခြင်း ၆) ဆီးချိုရောဂါကို ထိန်းညှိုပေးနိုင်ခြင်း ၇) ခန္ဓာကိုယ်ခုခံအားကို တိုးတက်ကောင်းမွန်စေခြင်း ၈) အမျိုးသမီးများ ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း ၉) ဝိတ်ကျဖို့ အထောက်အကူဖြစ်ခြင်း မာလကာသီးက အရသာရှိပြီး အာဟာရဓာတ်များစွာ ပါဝင်တာမို့ စားသုံးဖို့ သင့်တော်ပြီး မာလကာပင်ရဲ့အရွက်ဟာဆိုရင်လည်း ဆေးဘက်ဝင်တဲ့အရွက်တစ်မျိုးဖြစ်ပါတယ်။