မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝသောအစားအစာများနှင့်အကျိုးသက်ရောက်မှု

Published on August 18, 2025 Reading time: 3 mins Tags: #Magnesium #Nutrition #Health #Food

စာဖတ်သူတော်တော်များများကို အရင်က ဘာအစားအစာ စားရင် ဘာကောင်းကျိုးရမယ်ဆိုပြီးပဲ ဖော်ပြပေးခဲ့ပါတယ်။ ခုတပတ်တော့ မဂ္ဂနီဆီယမ်ဓာတ်က ဘာတွေကောင်းလဲ၊ ဘယ်အစားအစာတွေမှာ အဓိကပါဝင်သလဲ၊ ဆိုတာမျိုး ဖော်ပြပေးချင်ပါတယ်။ အဲဒါမှ မဂ္ဂနီဆီယမ်ဓာတ်ပါဝင်တဲ့အစားအစာတွေ တစ်ပြိုင်တည်းမှတ်သားလို့ရသွားမှာပါနော်။ ခန္ဓာကိုယ်အတွက် မဂ္ဂနီဆီယမ်ဓာတ်ကလည်း လိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့လာတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲဆိုတာ ဖတ်ကြည့်ပါအုံးနော်။ ၁) မဂ္ဂနီဆီယမ်ဓာတ်က နှလုံးသွေးကြောရဲ့ကြွက်သားများလုပ်ဆောင်ချက်ကို ကူညီပေးနိုင်တဲ့အတွက် နှလုံးရောဂါနဲ့ပတ်သက်တဲ့ရောဂါများမဖြစ်ပေါ်ဖို့ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့် မဂ္ဂနီဆီယမ်ဓာတ်လျော့နည်းချို့တဲ့မယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပေါ်စေနိုင်ပါတယ်။ ၂) ရုတ်တရက် ကြွက်သားနာကျင်ခြင်း၊ ကြွက်တတ်ခြင်းဖြစ်ပေါ်နိုင်ပါတယ်။ ၃) သွေးဖိအားတိုးခြင်း၊ သွေးတိုးခြင်းဖြစ်ပေါ်နိုင်ပါတယ်။ ၄) စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ၅) မ ဟိုမုန်းဓာတ်မြင့်မားလာတဲ့အတွက် ဟိုမုန်းနဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။ ၆) ကိုယ်ဝန်ဆောင်တွေမှာ သွေးတိုးခြင်း၊ ကြွက်တက်ခြင်းနဲ့ အခြားပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။ ၇) ကောင်းမွန်စွာအိပ်စက်ဖို့ မဂ္ဂနီဆီယမ်ဓာတ်လိုအပ်ပါတယ်။ ၈) ကိုယ်စွမ်းအင်လျော့နည်းစေနိုင်ပါတယ်။ ၉) အရိုးကျန်းမာရေးအတွက်လည်း လိုအပ်ပါတယ်။ ၁၀) အခြားအာဟာရဓာတ်တွေလိုပဲ မည်မည်ရရ အသုံးပြုဖို့ လိုအပ်ပါတယ်။ အဲဒါဆိုရင် မဂ္ဂနီဆီယမ်ဓာတ်က အခြားအာဟာရဓာတ်တွေလိုပဲ လိုအပ်တာကို သိပြီဆိုတော့ မဂ္ဂနီဆီယမ်ပါဝင်တဲ့အစားအစာတွေကို စားသုံးနိုင်ဖို့ မှတ်ထားသင့်ပါတယ်။ အဲဒါတွေကတော့

  • ဟင်းနုနွယ်ရွက်
  • ဖရုံစေ့
  • ဒိန်ချဉ်
  • ဗံဒါစေ့
  • ပဲစေ့နက်
  • ငှက်ပျောသီး
  • အနက်ရောက်ချောကလက်
  • သဖန်းသီး
  • ထောပတ်သီး အထက်က ဖော်ပြထားတဲ့အသီးအနှံတွေကတော့ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အသီးအနှံတွေပဲဖြစ်ပါတယ်။ အားလုံးပဲ မျှတအောင် စားသုံးခြင်းဖြင့် ကျန်းမာရေးနဲ့ညီညွှတ်နိုင်ကြပါစေ။

Related content