အဝေးတွင်ရှိချစ်သူနှင့်ကြာရှည်တည်တံ့ရန်အကြံများ

Published on September 7, 2025 Reading time: 1 mins Tags: #Long Distance Relationship #Love #Tips

Relationship တစ်ခုတည်ဆောက်ကြတဲ့အခါ တစ်ယောက်နားမှာ တစ်ယောက်အနီးကပ်ရှိနေနိုင်တဲ့ ချစ်သူဘဝကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒါဟာဆုလာဘ်တတစ်ခုပါပဲ။ တစ်ချို့တွေအတွက်တော့ ရေခြား၊ မြေခြားမှာ အလုပ်ကိစ္စကြောင့်ဖြစ်ဖြစ်၊ ကျောင်းကိစ္စကြောင့်ဖြစ်ဖြစ်၊ အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် ခွဲခွာနေကြရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေရတဲ့ ချစ်သူတွေအတွက် အခက်အခဲတွေ၊ ပင်ပန်းမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ လွမ်းဆွတ်တမ်းတရမှုတွေ ဆိုတာ နှစ်ဖက်လုံးက သည်းခံကျော်ဖတ်ရတဲ့ အရာတွေပါ။ ဒါကြောင့် Long Distance Relationship တစ်ခုကြာရှည်တည်တံ့ဖို့အတွက် လုပ်ဆောင်သင့်တဲ့အချက်လေးတွေကို အကြံပြုပေးလိုက်ချင်ပါတယ်။

၁။ နည်းပညာကို ပေါင်းကူးတံတားအဖြစ် အသုံးချပါ။

ဒီနေ့ခေတ်မှာ နည်းပညာဆိုတာ တိုးတက်နေပါပြီ။ ဖုန်းတွေဆက်သွယ်ရတာ မြန်လာတယ်၊ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နိုင်တဲ့ application တွေလဲအများအပြားရှိနေပါပြီ။ Messenger မှာတစ်ယောက်နဲ့တစ်ယောက် တစ်နေ့တာအကြောင်းကို အပြန်အလှန်ပြောကြမယ်၊ Facebook နဲ့ Instagram မှာဓာတ်ပုံလေးတွေ အတူတွဲပြီးတင်ကြမယ်။ အဆက်အသွယ်အမြဲရှိနေမယ်ဆိုရင် ဝေးကွာနေရတဲ့ ခံစားချက်ကို အနည်းငယ်လျော့ကျ သွားစေမှာပါ။ လူချင်းဝေးနေပေမယ့် စိတ်ချင်းနီးစပ်နေကြမယ်ဆို အဆင်ပြေကြမှာပေါ့နော်။

၂။ စာရေးပါ

စာရွက်နဲ့စာပေးတာ ခေတ်ဟောင်းမှာ ကျန်ခဲ့ပြီဆိုပေမယ့် ကိုယ့်ချစ်ရတဲ့သူကိုယ်တိုင် လက်ရေးနဲ့ရေးထားတဲ့ စာတစ်စောင်ကို ဖတ်ရတာဟာ ဘယ်တော့မှ ပြောင်းလဲမသွားမယ့် ကြည်နူးမှုတစ်ခုပါ။ မေးလ်တစ်စောင်ကိုဖတ်ရတာနဲ့ စာအိတ်ထဲက စာတစ်စောင်ကိုဖတ်ရတာက အဆပေါင်းများစွာ ရိုမန်တစ်ဆန်ပါတယ်။ ပြီးတော့ စာရေးသူရဲ့ ခံစားချက်၊ အချိန်ယူအားထုတ်မှုတွေကို ဖတ်ရသူက ပိုခံစားနိုင်ပါတယ်။ ကိုယ်ချစ်ရတဲ့သူကိုယ်တိုင်ရေးပေးလိုက်တဲ့ စာတစ်စောင်ကိုဖတ်ရတာဟာ သူကိုယ်တိုင် ကိုယ့်ဘေးနားလာပြီး စကားပြောနေသလိုမျိုး ခံစားစေရမှာပါ။ အမှတ်တရအနေနဲ့လဲ သိမ်းထားလို့ရတော့ ချစ်ခြင်းတွေကို ပိုခိုင်မာစေမှာဖြစ်ပါတယ်။

၃။ အမှတ်တရနေ့ရက်လေးတွေ ကိုတတ်နိုင်သလောက်ကျင်းပပေးပါ

ရာထူးတိုးသွားတာဖြစ်ဖြစ်၊ အလုပ်သစ်ရသွားတာဖြစ်ဖြစ်၊ ကျောင်းမှာစာသင်နှစ်ဝက်တစ်ခု ပြီးသွားတာဖြစ်ဖြစ်၊ ထူးထူးခြားခြားနေ့ရက်လေးတွေမှာ အမှတ်တရလက်ဆောင်တစ်ခုခုပို့ပေးပါ။ နှစ်ယောက်လုံးအတွက် အဓိပ္ပါယ်ရှိတဲ့ လက်ဆောင်လေးမျိုးပေါ့။ ရေခြား မြေခြားမှာ ဝေးကွာနေရတဲ့အခါ ကိုယ့်အတွက်ထူးခြားတဲ့နေ့လေးတွေကို ချစ်သူကအမှတ်တရမှတ်ထားပေးတဲ့အခါ ကျေနပ်ပီတိဖြစ်ရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ထားတဲ့ လက်ဆောင်မျိုးကိုပေးနိုင်ရင်တော့ အတိုင်းအထက်လွန်ပေါ့။ ဝေးကွာနေတဲ့ ခရီးမိုင်တွေကို စိတ်ထဲမှာ နီးစပ်သွားစေမှာပါ။

၄။ ပွင့်လင်းမှု ရှိပါစေ။

တစ်ယောက်အနားမှာ တစ်ယောက်မရှိတဲ့အခါမျိုးမှာ အသေးအဖွားကိစ္စလေးတွေကအစ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် ပွင့်လင်းမှုရှိဖို့ အရေးကြီးပါတယ်။ ကိုယ်ပျော်နေတယ်ဆို ပျော်နေတာကို သူသိပါစေ၊ ကိုယ်စိတ်ညစ်နေတယ်ဆိုရင်လဲ စိတ်ညစ်နေတာကို ပွင့်ပွင့်လင်းလင်းပြောပြပါ။ ဘာလို့လဲဆိုတော့ တစ်ယောက်ကိုတစ်ယောက် ဖုံးကွယ်ထားတာ၊ လိမ်တာ၊ ညာတာမျိုးဆိုတာ အနေဝေးနေသူတွေအတွက် ပြသနာအကြီးအကျယ်တတ်စေနိုင်လို့ဖြစ်ပါတယ်။

၅။ Date Night

တစ်ယောက်ဘေးမှာ တစ်ယောက်မရှိပဲနဲ့ ဘယ်လိုလုပ် အတူတူအချိန်ကုန်ဆုံးနိုင်မှာလဲ။ Video call ခေါ်လိုက်ပါ။ ပြီးရင် သူလဲဟင်းချက်၊ ကိုယ်လဲဟင်းချက် အတူတူဟင်းချက်ရင်း စကားပြောကြမယ်။ ဘယ်သူက ပိုကောင်းအောင်ချက်နိုင်မလဲဆိုတာလဲ ပြိုင်ကြရင်းပေါ့။ ပြီးလို့ရှိရင် ရုပ်ရှင်တစ်ကားကို နှစ်ယောက်လုံး တစ်ပြိုင်ထဲကြည့်ကြမယ်။ ရယ်စရာတော့ ကောင်းရင်ကောင်းပါလိမ့်မယ်၊ ဒါပေမယ့် ညစာတူတူကို နှစ်ယောက်သားစားရင်း ရုပ်ရှင်တစ်ကားထဲကို တစ်ချိန်ထဲမှာကြည့်ပြီး အတူတူရယ်မောကြမယ်၊ ဒါကအတော်ကို ကြည်နူးစရာကောင်းပါတယ်။ ဒီလိုအခိုက်အတန့်လေးတွေကပဲ Long distance relationship တစ်ခုမှာ တန်ဖိုထားရတာလေးတွေ ဖြစ်ပါတယ်။

သူငယ်ချင်းတို့လဲ တိုက်ဆိုင်မှုရှိတယ်ဆိုရင် ကိုယ့်ရဲ့ချစ်သူ၊ သူငယ်ချင်းတွေနဲ့ မျှဝေပေးလိုက်ပါဦးနော်။

အားလုံးပျော်ရွှင်သာယာသော ချစ်သူဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပို့သလိုက်ရပါတယ်။

“To part is to meet again, definitely.” - T.H

Source: “How to make your long distance relationship work,” by urbo.com

Related content