အသည်းအတွက်ကောင်းမွန်သောအစားအစာ ၁၁ မျိုး
Published on September 7, 2025 Reading time: 2 mins Tags: #Liver Health #Healthy Foods #Nutrition Tips
အသည်းဟာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ကျန်းမာဖို့ဆိုရင် အသည်းက ျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အသည်းအတွက် ကောင်းမွန်တဲ့ အစားအစာ (၁၁) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Coffee
ကော်ဖီက အသည်းထဲမှာရှိတဲ့ အင်တီအောက်ဆီဒင့် ပမာဏကို မြင့်တက်စေပြီးတော့ ယောင်ယမ်းမှုကို လေ ျာ့ကျစပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးခြင်း၊ ကင်ဆာနဲ့ အသည်းရောဂါတွေဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။
၂။ Tea
ရေနွေးကြမ်းသောက်သုံးခြင်းက အသည်းမှာရှိတဲ့ အင်ဇိုင်းနဲ့ အဆီပမာဏကို သင့်တင့်ကောင်းမွန်စေပါတယ်။ ဒါပေမယ့် ရေနွေးကြမ်းသောက်တဲ့အခါ လက်ဖက်ခြောက်ခပ်ရင်တော့ မှိုကင်းစင်မှု ရှိ၊ မရှိသတိထားဖို့လိုပါတယ်။
၃။ Grapefruit
စနစ်တက ျလေ့လာမှုတွေမပြုလုပ်ရသေးပေမယ့် ရှောက်ချိုသီးမှာလဲ အင်တီအောက်ဆီဒင့်တွေပါဝင်တာကြောင့် အသည်းယောင်ခြင်းကို လျော့ချပေးနိုင်ပြီး ကာကွယ်မှုကို ပိုမိုအားကောင်းစေတယ်လို့ ယူဆကြပါတယ်။
၄။ Blueberry and Cranberry
ဘယ်ရီသီးတွေမှာ အင်တီအောက်ဆီဒင့်များစွာပါဝင်တာမို့ အသည်းထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ အသည်းရဲ့ ခုခံအားစနစ်ကို တိုးတက်လာစေနိုင်ပါတယ်။
၅။ Grape
အထူးသဖြင့် အနီရောင်နဲ့ ခရမ်းရောင်ရှိတဲ့ စပျစ်သီးတွေဟာ အသည်းကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ အသည်းထိခိုက်မှုကို ကာကွယ်ပေးနိုင်တယ်၊ အင်တီအောက်ဆီဒင့်ကို တိုးမြင့်စေတယ်၊ အသည်းယောင်ခြင်းကို လျော့ကျစေပါတယ်။
၆။ Prickly Pear
ရှားစောင်းပင် မျိုးစိတ်တစ်မျိုးကနေ သီးတဲ့ အခွံမှာဆူးလေးတွေပါတဲ့ အသီးတစ်မျိုးပါ။ အရက်ကြောင့် အသည်းထိခိုက်မှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ အရက်နာကျခြင်းကိုလဲ ပျောက်ကင်းသက်သာစေပါတယ်။
၇။ Beetroot Juice
မုန်လာဥနီ (မြင်တွေ့နေကြ လိမ္မော်ရောင် မုန်လာဥနဲ့ မတူပါဘူး) ဖျော်ရည်ဟာလဲ အသည်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အဆိပ်အတောက်တွေကို တိုက်ဖျက်ပေးနိုင်မယ့် အင်ဇိုင်းတွေကို တိုးမြင့်စေပါတယ်။
၈။ Cruciferous Vegetables
ပဲပင်ပေါက်၊ ပန်းဂေါ်ဖီစိမ်း နဲ့ ဆလပ်ရွက်လို ဟင်းသီးဟင်းရွက်တွေမှာ အသည်းရဲ့ အဆိပ်အတောက်ပြေစေတဲ့ အင်ဇိုင်းတွေကို တိုးပွားစေပါတယ်။ အသည်းထိခိုက်မှုကို ကာကွယ်ပေးပြီးတော့ အသည်းအင်ဇိုင်းတွေရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။
၉။ Nuts
အသည်းအဆီဖုံးသူတွေအနေနဲ့ အခွံမာသစ်သီးတွေ စားသုံးပေးခြင်းက အသည်းအင်ဇိုင်းတွေကို အားကောင်းစေပါတယ်။
၁၀။ Fatty Fish
Omega-3 ပါဝင်မှုများတဲ့ ငါးတွေကိုစားသုံးပေးခြင်းက အသည်းကျန်းမာရေးကို များစွာအထောက်အကူပြုစေပါတယ်။ Omega-6 နဲ့ Omega-3 ပမာဏကိုညီညွတ်မျှတအောင် စားသုံးပေးဖို့တော့ အရေးကြီးပါတယ်။
၁၁။ Olive Oil
လေ့လာတွေ့ရှိချက်တွေအရ အိုလစ်ဆီဟာ အသည်းထဲက အဆီပမာဏကို လျော့ကျစေပါတယ်။ ပြီးတော့ သွေးလည်ပတ်မှုမြန်ဆန်စေကာ အသည်းအင်ဇိုင်းတွေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။
Source: “11 foods for you liver,” healthline.com Photo Credit - Unknown Source from Internet