အသည်းကိုသန့်စင်ပေးနိုင်သော အစားအစာများ
Published on September 23, 2025 Reading time: 1 mins Tags: #Liver Health #Healthy Foods #Nutrition Tips
အသည်းက ၃ပေါင်ခန့်ရှိပြီး လူ့ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာစေဖို့အတွက် အဓိက လိုအပ်တဲ့အဂါၤရပ်တစ်ခုဖြစ်ပါတယ်။ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ အစာခြေခြင်း၊ ဇီဝကမ္မလုပ်ဆောင်ချက်၊ ခုခံစွမ်းအားနဲ့ ခန္ဓာကိုယတစ်ခုလုံးရဲ့လိုအပ်တဲ့အာဟာရဓာတ်တွေ သိုလှောင်ရာဖြစ်ပါတယ်။ အဲဒါအပြင် အသည်းမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဓာတုပစ္စည်းတွေကိုလည်း အခြားအစိတ်အပိုင်းတွေကို ပို့ပေးရတာဖြစ်ပါတယ်။ စစ်စစ်တော့ အသည်းက ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်သလို၊ အဂါၤတစ်ခု၊ ဂလင်းတစ်ခုလည်းဖြစ်ပါတယ်။ ကျန်းမာတဲ့အသည်းတစ်ခုဟာ သွေးလည်ပတ်မှု၊ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ကင်းစေဖို့၊ အစာခြေနေစဉ်မှာ ဆုပ်ယူဖို့အာဟာရဓာတ်တွေကိုလည်း ခန္ဓာကိုယ်ကပြန်လည်အသုံးပြုနိုင်ဖို့ပြောင်းလဲပေးနိုင်ပါတယ်။ ဗီတာမင်တွေနဲ့ သံဓာတ်၊ ကလူးကိုစ့်တွေကို သိုလှောင်ပေးပါတယ်။ အင်ဆူလင်တွေ၊ ဟေမိုကလိုဘင်တွေနဲ့ ဟော်မုန်းတွေဖြိုခွဲဖို့လည်း တာဝန်ယူရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အရေးကြီးတဲ့အသည်းကို သန့်စင်ပေးနိုင်တဲ့အစားအစာတွေအများကြီးရှိပါတယ်။ အသည်းကိုအဆိပ်အတောက်သန့်စင်ပေးနိုင်တဲ့အစားအစာတွေကို မကြာခဏစားသုံးပေးသင့်ပါတယ်။ အသည်းကိုသန့်စင်ပေးနိုင်တဲ့ထိပ်တန်းအစားအစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁) ကြက်သွန်ဖြူ အနံ့ပြင်းတဲ့မီးဖိုချောင်သုံး အစားအစာတွေထဲမှာ ကြက်သွန်ဖြူက အဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ allicin နဲ့ selenium ဆိုတဲ့ဓာတ်နှစ်မျိုးပါဝင်ပါတယ်။ ထိုဓာတ်၂မျိုးက အသည်းကိုသန့်စင်ပေးနုငိပြီး အဆိပ်အတောက်တွေကြောင့် အသည်းပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ cholesterol နဲ့ triglyceride levels ၂ မျိုးကိုလည်း လျော့ကျစေပြီး အသည်းရဲ့လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေပါတယ်။
၂) နနွင်း နနွင်းကလည်း အခြားလူသိများပြီး အသည်းအတွက်ထိရောက်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ အစာခြေဖို့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေနိုင်ပါတယ်။ curcumin ဆိုတဲ့ဓာတ်ကြောင့် အသည်းအဆိပ်ကင်းစေတဲ့ အင်ဇီုင်းလ်ဖြစ်စေပါတယ်။ အသည်းဆဲလ်တွေပျက်စီးခြင်းကို လျော့ကျစေပါတယ်။
၃) လီမွန်နဲ့ သံပုရာသီး ချဉ်တဲ့အသီးတွေမှာ ဗီတာမင်စီကြွယ်ဝတာကြောင့် အသည်းကိုအဆိပ်ကင်းစေအောင် ကူညီပေးနိုင်ပါတယ်။ antioxidant D-Limonene ဆိုတဲ့ဓာတ်ပါဝင်မှုကြောင့် အဆိပ်ကင်းစေပါတယ်။ ဗီတာမင်စီ ပါဝင်တာကြောင့် အစာကြေစေတဲ့အင်ဇိုင်းတွေ အသည်းကိုထုတ်လုပ်စေပါတယ်။ လီမွန်ကအသည်းမှာ သတ္တုဓာတ်တွေစုပ်ယူမှုအားကောင်းစေပါတယ်။
၄) ထောပတ်သီး ထောပတ်သီးမှာ အသည်းပျက်စီးခြင်းကိုလျော့ကျစေတဲ့ ဓာတ်တုဓာတ်တစ်မျိုးပါဝင်ပါတယ်။ ၂၀၀၀ခုနစ်က American Chemical Society ရဲ့လေ့လာချက်အရ အသည်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ကွန်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ monounsaturated fat ကြောင့် မကောင်းတဲ့ကိုလက်စထရောတွေကို လျော့ကျစေပါတယ်။ ကောင်းမွန်တဲ့ကိုလက်စထရောကို စုပ်ယူမှုကောင်းမွန်စေါပတယ်။ အဆီတွေဖြိုခွဲမှုကိုကူညီပေးနိုင်ပြီး အသည်းကျန်းမာရေးအားလုံးအတွက် သတ္တုဓာတ်တွေ၊ ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။
၅) သစ်ကြားသီး amino acid l-arginine မြင့်မားစွာပါဝင်တာကြောင့် သစ်ကြားသီးက အသည်းကို အဆိပ်ကင်းစေပါတယ်။ glutathione နဲ့ omega-3 fatty acids ပါဝင်တာကြောင့် သဘာဝအားဖြင့် အသည်းကို သန့်စင်ပေးနိုင်ပါတယ်။ ၂၀၀၈ခုနစ်လေ့လာချက်အရ သစ်ကြားသီးမှာ ပါဝင်တဲ့ carbon tetrachloride နဲ့ d-galactosamine. ဆိုတဲ့ဓာတ်က အသည်းပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၆) ပန်းသီး malic acid ပါဝင်တာကြောင့် သွေးထဲအဆိပ်အတောက်တွေနဲ့ carcinogens တွေကို သန့်စင်ပေးနိုင်ပါတယ်။ pectin ပါဝင်မှုကြောင့် အစာခြေလမ်းကြောင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သွေးထဲက ကိုလက်စထရောကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
၇) လက်ဖက်စိမ်း လက်ဖက်စိမ်းကို နေ့တိုင်းသောက်ပေးခြင်းက သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ အဆီတွေကို ဖယ်ရှားဖို့ကူညီပေးနိုင်ပါတယ်။ International Journal of Obesity ရဲ့ ၂၀၀၂ခုနစ်လေ့လာချက်အရ လက်ဖက်စိမ်းမှာပါဝင်တဲ့ catechins ဆိုတဲ့ဓာတ်ပေါင်းကြောင့် အသည်းလုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ အရက်ကြောင့် အဆိပ်ဖြစ်စေပြီး အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ Cancer Causes and Control ရဲ့ ၂၀၀၉ခုနစ်လေ့လာချက်အရ အသည်းကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ကျစေတယ်လို့ ဖော်ပြထားပါတယ်။
၈) နိုကိုဥ နိုကိုဥမှာ အသည်းလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးပြီး အသည်းကိုသန့်စင်ပေးနိုင်တဲ့စွမ်းအားမြင့်အစားအစာဖြစ်ပါတယ်။ plant-flavonoids နဲ့ beta-carotene မြင့်မားစွာပါဝင်တာကြောင့် အသည်းလုပ်ဆောင်ချက်အားလုံးကို မြင့်တင်ပေးနိုင်ပါတယ်။ သဘာဝသွေးကိုသန့်စင်ပေးတဲ့အစားအစာဖြစ်ပါတယ်။
၉) ပန်းပွင့်စိမ်း ဂေါ်ဖီနွယ်ဝင် အသီးအရွက်တွေမှာ သဘာဝအားဖြင့် အသည်းကို သန့်စင်စေပါတယ်။ ဗီတာမင် အီးပါဝင်တာကြောင့် အသည်းကို သန့်စင်စေပါတယ်။
၁၀) ဂရိတ်ဖရုသီး ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် သဘာဝအားဖြင့် အသည်းကို သန့်စင်စေတဲ့အစားအစာဖြစ်ပါတယ်။ glutathione လို့ခေါ်တဲ့ စွမ်းအားမြင့် antioxidant က အသည်းကိုအဆိပ်ကင်းစေပါတယ်။
သင့်အသည်းကျန်းမာရေးအတွက် အရက်၊ သန့်စင်ထားသောသကြား၊ ကဖင်းဓာတ်များခြင်း၊ ပြုပြင်ထားသောအစားအစာတွေကို လျှော့စားသင့်ပါတယ်။ https://www.thrivenaija.com/liver-cleansing-foods.html/5 လင့်မှ ဘာသာပြန်ဖော်ပြထားပါတယ်။