အလုပ်နဲ့ဘဝ

Published on August 17, 2025 Reading time: 4 mins Tags: #Life #Work #Family #Health #Friends #Mind

သင့်ဘဝကို ဘောလုံးငါးလုံးလေထဲမှာ မြှောက်ပီးကစားနေရတဲ့ ဂိမ်းတစ်ခုလို့ မှန်းကြည့်လိုက်ပါ။ အဲ့ဒီဘောလုံးလေးတွေက အလုပ်၊ မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေ နှင့် မှန်ကန်သောစိတ်တို့ပဲ ဖြစ်ပါတယ်။

သင်မကြာခင် သိလာမှာကတော့ အလုပ်ကရာဘာဘောလုံးဖြစ်ပြီး သင်ပြုတ်ကျခဲ့သည်ရှိသော် သူကပြန်ခုန်လာနိုင်ပါတယ်။ အခြားဘောလုံးလေးလုံးဖြစ်တဲ့ မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေ နှင့် မှန်ကန်သောစိတ်တို့ကတော့ ဖန်ဘောလုံးတို့ပဲ ဖြစ်ပါတယ်။ သူတို့ထဲက တစ်ခုသာပြုတ်ကျသွားမယ်ဆိုရင်တော့ သူတို့အက်ရင် အက်မအက်ရင်ကွဲ ဒါမှမဟုတ်ရင်တော့ ပျက်စီးပြီးတစ်စစီ ဖြစ်သွားပါလိမ့်မယ်။ ဘယ်တော့မှအရင်ကလို အခြေအနေပြန်ရတော့မှာ မဟုတ်ပါဘူး။ အဲ့ဒါကို သင်နားလည်ဖို့လိုပါလိမ့်မယ်ဟု အရင်တုန်းက ကုမစီကြီးတစ်ခု၏ CEO က မိန့်ခွန်းတစ်ခုတွင် ပြေားသွားခဲ့ပါတယ်။ အပေါ်ကပြောခဲ့တဲ့ ဥပမာလေးအတိုင်း အရေးကြီးတဲ့ ဘယ်ဘောလုံးမှဲပြုတ်ကျ မပျက်စီးပဲ အားလုံး ကျန်းမာပျော်ရွှင်သော မိသားစုဘဝလေးပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Related content